နေရောင် ပျောက်တော့မယ့် ကောင်းကင်သစ်

ကျွန်တော် အဆုံးမရှိဘူး ။ အဆုံးကို လိုက်ရှာခဲ့တာ မဟုတ်ပေမယ့် အခု သွားနေ လုပ်နေတဲ့ အရာ မှန်သမျှဟာ အဆုံးကို ဦးတည်လို့ နေတယ်။ ရင် နှစ်ခြမ်း ဗြမ်းဗြမ်း အကွဲ ခံပြီး ရက်စက်စွာ ခွဲခွာရတော့မယ် ဆိုတော့မှ မျက်နှာက အရင်ထက် ပို တည်ငြိမ်နေပါရောလား။ ဟိုးမှာ မင်း မြင်လိုက်လား။ ငှက်နှစ်ကောင် အခြား အဖော်အပေါင်း မရှိဘဲ တိတ်တိတ်ကလေး ပျံသွားလေရဲ့။ ကောင်းကင်မှာ နေရောင် ပျောက်တော့မယ်။

အတိတ်ကို အတိတ်မှာ ထားခဲ့ချင်တယ်။ အခု လက်ရှိကို မြဲမြဲ မြံမြံ တွေးတောကာ နေချင်တယ်။ ဒါပေမယ့် ငါ ခုနက ငှက်နှစ်ကောင်လို အဖော် အပေါင်း မဲ့လို့ နေတယ်။

အိုးရေ.. အချစ်ရယ်။

လာပါ ငါ ကြိုက်နေတယ်။ မင်းဟာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ လှပ ညနေခင်း။ မင်း ရှိနေရင် ငါ့ ရင်ထဲမှာ မုန့်စားထားသလို ပြည့်ပြည့် ကျပ်ကျပ်ကြီး ပြီးတော့ နှလုံးသားကို ဆွဲဆုပ်ထားသလို ခံစားရတယ်။ အသက် မမဲ့ချင်ဘူး။ မင်းကို တွေ့ရင် ပြုံးပြချင်တယ်။ မင်းရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေချင်တယ်။ ငါ့ နှုတ်ခမ်းက တွန့်ရုံပဲ ကွေးတက်သွားတာကို ကြည့်ပြီး ဒါ ပြုံးတာလား ဟ.. လို့ ကိုယ့်ကိုယ်ကို တောင် အံ့သြနေသေးတယ်။ မင်း အိပ်နေကျ အိပ်ရာလေးကို ဖြတ်သွားတိုင်း ငါ့မှာတော့ သတိတရနဲ့.. မင်းကော ဘယ်လို နေမှာလဲကွာ။ အတိတ်ကို မေ့မေ့သွားတယ်။ မင်းကို မြင်လိုက်တာနဲ့ ရင်ထဲ အေးသွားတာ ငါ ခံစားတတ်လာပြီ။ ဒါပေမယ့်လည်း တစ်ခါတစ်လေတော့လည်း ရင်ထဲမှာ သိပ် ပူလောင်တာပဲကွာ သိလား။ ငါ့ ရင်ဘတ်ဟာ အချစ်ကြောင့် နူးညံ့ ပျော့ပျောင်းနေသလို တစ်ခါတစ်လေတော့လည်း မင်းကို စကား ပြောချင်လွန်းလို့ လှိုင်းတွေ ထန်နေတာ မင်း သိလား။

မင်း သိလား။ ငါ ပြန်တော့မယ်။ အဲဒီအချိန်မှာ မင်းက ငါ့ အနားမှာ မရှိတာ ငါ သိပ် အားငယ်တာပဲ။ မင်း မနေ့ မနက်ကတည်းက အစောကြီး ထွက်သွားတာ ဘယ်တွေများ လျှောက်သွားနေလဲဟ။ ငါ မင်းကို နှစ်ရက်လုံးလုံး စောင့်နေခဲ့မိတယ်။ မင်း သိလား။ မင်း သိမှာ မဟုတ်ပါဘူး။ ငါ နှစ်ရက်လုံးလုံး စောင့်နေတာ ရင်ထဲမှာ နာကျင်တာ တစ်ခုပဲ ရှိတယ်။ ငါ့ကိုယ် ငါ ဘာဖြစ်မှန်း မသိဘဲ ရင်ထဲမှာ တဆွေးဆွေး နာကျင်နေခဲ့တယ်။ ငါ တကယ်တော့ ဒီလို မဖြစ်ချင်ပါဘူး။ ပျော်နေချင်တာ။ ဟုတ်တယ်.. .. .. စိတ်ညစ်စရာ ကောင်းတဲ့ ဒီလောကကြီးထဲမှာ အပူအပင် ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ပျော်ချင်တာ။ ဒီ အချစ် တစ်ခုက ငါ့ကို တော်တော် ပြသနာ ပေးနေတယ်။ သြော်.. ကောင်းကင်သစ်ရယ်..။ မလင်းရသေးဘူး။ နေရောင် ပျောက်တော့မယ့် အဖြစ်ပါလားကွာ။ ကောင်းကင်ရေ.. မင်းရဲ့ အပြောကျယ်တဲ့ ရင်ခွင်ကြီးထဲမှာ အချစ်ဆိုတဲ့ တိမ်သလာတွေ ဟိုဟို သည်သည် ရွေ့နေပါပြီကော။ ဒါက မင်းကို ညစ်ညမ်း မစေဘူးလား ကွယ်။

ကောင်းကင်ရေ.. မင်းလည်း နေရောင် ပျောက်၊ ငါလည်း တစ်နေရာ ရောက်ရော မကောင်းဘူးလား။ အတိတ်ကို အတိတ်မှာ ထားခဲ့။ မင်း ပြုံးချင်ရင် လက်ငင်း ပြုံးဖို့ မမေ့ပါနဲ့။ ဆန့်ထွက်လာတဲ့ လက်ထဲမှာ မင်း ရဲရဲဝံ့ဝံ့ ကျဆုံးပစ်လိုက်ပါ။ ခွန်အားတွေ မမျှတဘူး ဆိုရင် ရင်ခွင်သစ်ကို အကူအညီ ခေါ်လိုက်ပါကွယ်။ သူဟာ ငါ့ရဲ့ စိတ်ဝိညာဉ်ထဲ ကိန်းအောင်းပြီး ပြင်ပလောကကို အစဉ်အမြဲတစေ ဂရုတစိုက် စောင့်ကြည့်နေလေ့ ရှိတယ်.. ကောင်းကင်။

သြော.. ပြောရင်း ဆိုရင်း ဘာလိုလိုနဲ့ မင်းလည်း ငါ့ ရင်ဘတ်ထဲက ထွက်ပြေး ပျောက်ကွယ်တော့မှာပဲကိုး။ ဟိုမှာ မင်းရော ငါရော မျှော်လင့်တယ် ဆိုလည်း ဟုတ် မမျှော်လင့်ဘူး ဆိုလည်း ဟုတ်တဲ့ နေရောင် ပျောက်တော့မယ်လေ။ နေရောင် ပျောက်ရင် မင်းဟာ အခုထက် မည်းနက်လို့ မမြင်ရတော့ဘူး။ မင်း နှလုံးသားကို အမှောင်ကန့်လန့်ကာ နောက်မှာ ထာဝရ သိမ်းဆည်းထားတော့ မလို့လားကွာ။

ဟေ့................ နေရောင် ပျောက်တဲ့ ကောင်းကင်ကြီးရေ...........
ငါ ပြောတာ ကြားရဲ့လား..........ကြားရဲ့လား............ကြားတယ်နော်...
အိုကေ..
ဒါဆို......................................
ငါ.............
သွားတော့မယ်။
ဘိုင့်ဘိုင်.................... ဆီးယူ..........

နေမင်း




--

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013