Posts

Showing posts from October, 2013

♥Stretch♥ and ♥fruitful♥ usage

STRETCH 【1】Rubber stretches easily. ရာဘာသည် လွယ်ကူစွာ ဆွဲစန့်သည်။ 【2】My wool coat stretched when I washed it. ကျွန်မ၏ သားမွေး ကုတ်အင်္ကျီသည် လျှော်လိုက်သည့် အခါ ဆွဲကျယ်သွားသည်။ 【3】The sea stretches as far as the horizon and beyond. ပင်လယ်သည် မိုးကုပ်စက်ဝိုင်း ထိုမှာဘက်ဆီသို့ အပြောကျယ်လှသည်။ 【4】The road stretches uphill at a steep slope. လမ်းမှာ တောင်ပေါ်သို့ လျှောမတ်စောက်စွာ သွယ်တန်းလျက် ရှိသည်။ 【5】He rose and stretched himself. သူ ထကာ အပျင်းကြော ဆန့်သည်။ 【6】Let's stretch for a minute…We've been sitting here for over 3 hours. ခဏလောက် ခြေဆန့်လက်ဆန့် လိုက်ကြရအောင်။ ဒို့ စောင့်နေရတာ ၃ နာရီ ကျော်နေပြီ။ 【7】Can you stretch it and make it longer? မင်း ဤဟာကို ဆွဲရှည်နိုင်သလား။ 【8】With a stretch of his arm, he reached the shelf. သူ လက်တစ်ဖက်နဲ့ စင်ဆီ ဆန့်တန်းလိုက်တယ်။ 【9】The bird stretched its wings. ငှက်က အတောင်ပံကို ဖြန့်ကားသည်။ 【10】They will have to stretch their intelligence to solve the problem. ပြဿနာ ဖြေရှင်းရန် သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကို ဖြန့်ကျက် (စေစား

လွမ်းချင်း

လွမ်းချင်း ဟိုတစ်နေ့က ဆရာမကို မလှမ်းမကမ်းက မြင်လိုက်ရတယ်။ ဆရာမဆီမှာ ပညာရည် နို့သောက်စို့ခဲ့တာ ကြာပြီ။ ဆရာမကို လွမ်းတယ်။ ဟိုတစ်နေ့က ချစ်သူကို အဝေးက မြင်လိုက်ရတယ်။ ချစ်သူလက်ကလေးကို ဖွဖွ မကိုင်ရတာ ကြာပြီ။ ချစ်သူကို လွမ်းတယ်။ မနေ့ညက အမေ့ကို ရေးရေး မြင်လိုက်ရတယ်။ အမေ့ရဲ့ ချစ်ခြင်းမေတ္တာကို မရတာ ကြာပြီ။ အမေ့ကို လွမ်းတယ်။ အမေရယ်။

တိတိကျကျ တောင်း

A man got 2 wishes from god. He asked for the best wine and best woman. Next moment, he had the best wine and Mother Theresa next to him. Moral: Be Specific. ယောက်ျားတစ်ယောက်ဟာ ဘုရားသခင်ဆီက ဆုနှစ်ခု ရတယ်။ အဲဒီတော့ သူက အကောင်းဆုံး ဝိုင်နဲ့ အကောင်းဆုံး အမျိုးသမီး ရပါစေလို့ တောင်းလိုက်တယ်။ ဖြုန်းဆို အကောင်းဆုံး ဝိုင်ကို သူရတယ်။ ပြီးတော့ သူ့နံဘေးမှာကတော့ မာသာထရီဇာ။ သင်ခန်းစာ။ ။တိကျပါစေ။

English Phrasal verb sentences

【1】They auctioned off their property as they were heavily in debts. ★ကြ​ွေးထူလို့ ပစ္စည်းတွေ လေလံတင်ရောင်း 【2】He's been angling for an invitation, but I don't want him to come. ★ဖိတ်အောင် အရိပ်အခြည် ပ္လနေပေမယ့် သူ့ကို မလာစေချင်ဘူး 【3】He wanted to ask her out but was too shy. ★သူမကို သူက ဒိတ်လုပ်ချင်လျက်နဲ့ အရှက်သည်းနေတယ်။ 【4】The crowd backed away when the man pulled a knife. ★လူကြီးက ဓားတစ်ချောင်း ဆွဲထုတ်လိုက်တဲ့ အခါ လူအုပ်က နောက်ကို ရှဲသွားတယ်။ 【5】She refused to back down and was fired. ★အပြောအဆို မှားလို့ သူမ အလုပ် ဖြုတ်ခံရတယ်။ 【6】He prefers to back his car into the garage. ★ကားကို ဂိုဒေါင်ထဲ နောက်ပြန်သွင်းတာကို သူ ပိုသဘောကျတယ်။ 【7】The police told the protesters to back off. ★ဆန္ဒပြသူတွေကို လူစု ခွဲရန် ရဲက ပြောတယ်။ 【8】He backed out two days before the holiday so we gave the ticket to his sister. ★ပိတ်ရက်မတိုင်ခင် နှစ်ရက်လုံး သူ အချိန်းအချက် ပျက်လို့ သူ့နှမကို ကျနော်တို့က သူ့လက်မှတ် ပေးလိုက်တယ်။ 【9】Don't bag out Australi

ငြီးငွေ့ခြင်း

လမ်းမီး ဖြူဖြူတစ်ပွင့် လက်နေသည်။ လမ်းမပေါ်တွင် လူအသွားအလာ မရှိသလောက်။ ခွေးတွေက လမ်းမပေါ် တက်အိပ်နေပြီ။ ဝန်ထုပ်ဝန်ပိုး ထမ်းထားရသလို စိတ်ထဲ လေးလံလှသည်။ မိုးမရွာ၍ တိုက်ခတ်လာသော လေပူများက သဲကန္တာရကို ဖြတ်ကာ တိုက်လာသည့်နှယ်။ အချိန်လွန်နေပြီ ဖြစ်သော်လည်း သူ့အတွက်တော့ ညဥ့်က ဤထက်ပို မနက်နိုင်လေပြီ။ ဖြတ်လျှောက်လာသည့် အချိန်တွင် ရုတ်တရက် ခွေးတစ်ကောင်က နောက်မှနေ၍ စူးစူးဝါးဝါး ထိုးဟောင်လိုက်ရာ တိတ်ဆိတ်နေသော ညမှာ အတန်ငယ် လှုပ်သွားသလိုပင်။ သူ့အဖို့မှာ ခွေးဟောင်သံသည် ထူးမခြားနား ကြားရလွန်း၍ အရေထူနေပြီ။ ငြီးငွေ့၍ပင်နေသည်။ မိုးချုန်းသံ ခပ်အုပ်အုပ် ကြားရသည်။ အမေသည် ချောင်း တဟွတ်ဟွတ် ဆိုးပြီးသော် ပြန်လည် ငြိမ်သက်သွားသည်။ လေပြင်းလာသည်။ သည်ည ခပ်စောစော အိပ်တော့မည်။ ခြေဆေးပြီး အိပ်ရာထဲ ဝင်သည်။ ဖယောင်းတိုင်မီး မှုတ်ကာ စောင်ကို ဆွဲခြုံလိုက်သည်။ တစ်အိမ်လုံး တိတ်ဆိတ်သွားသည်။ ထိုစဉ် မိုး တစ်ချက် ချုန်းပြန်သည်။ မိုးရွာတော့မည်လား။ ဖလတ် ဖလတ် ဖျပ် မျက်လုံး နှစ်လုံး ဖွင့်ကာ ကြည့်လိုက်ရာ အမေက လက်ယပ် ခေါ်နေသည်။ အိပ်ရာမှ လူးလဲ ထကာ ဟားသမ်းလိုက်သည်။ ဒီလောက် အိပ်တာတောင် အိပ်ရေးက မဝ။ အိမ်တစ်ဆောင်လုံး မနက်ခင်း နေရောင်အောက်တွ