Posts

Showing posts from 2019

ကမ္ဘာကြီး ပူပြင်းနေပြီလော?

ကမ္ဘာကြီး ပူပြင်းနေပြီလော? စီးကျလာသော နဖူးမှ ချွေးများကို လက်ခုံဖြင့် နေဘုရင် သုတ်လိုက်သည်။ မိမိကိုယ်မိမိ နေဘုရင်ဟု ဘွဲ့ခံလိုက်ခြင်းကို နောင်တ ရမိသလိုလိုပင်။ နားသယ်တွင် ချွေးစက်များ ယီးလေးခိုနေသည်ကို လက်ဖဝါးစောင်းဖြင့် သုတ်လိုက်ပြန်သည်။ အရှေ့တံခါးမှသည် အပြင်ဘက်သို့ မျှော်ကြည့်လိုက်သော် အိမ်ခြေအိမ်ရာများကို အသားကုန် ဖြတ်လျက် ဝေးလံသော ဒေသဆီမှ ဧပြီလ၏အပူငွေ့များ ရိုက်ခတ်လာသလိုပင် ခံစားရသည်။ မြေလတ်ဒေသလည်းမဟုတ်၊ အထက်အညာလည်း မဟုတ်ဘဲလျက် အောက်ပြည်အောက်ရွာထဲ အပါအဝင် ဖြစ်ထသော ကျုပ်တို့ မဟာ ရွှေမြိတ်တော်ကြီးသည် တိုင်းတနယ်တပါးနှင့် မတူလှစွာ ထူးထူးပြားပြား ယခုနှစ်ဝယ် ပူလှပါချေတကား၊ ပူကို ပူလှပါချေတကားဟု စိတ်တွင်း မြည်တမ်းလိုက်မိသည်။ ဟုတ်သည်၊ ယခုနှစ် အတော့်ကို ပူသည်။ ပူလိုက်တာမှ ချွေးစေးများပင် မစေးနိုင်အားဘဲ မွေးညင်းပေါက်မှ ပစ်ထုတ်လိုက်သလို ဒရဟော ထွက်လာချေသည်။ သတင်းတပုဒ် ဖတ်လိုက်ရသည်။ ယခုနှစ် ၂၀၁၉ သည် အရှေ့တောင်အာရှ၌ မြန်မာက အပူဆုံးနှစ်ပါတဲ့။ ဟုတ်ပေလိမ့်မည်။ အဘယ်သို့ အဘယ်ပုံ ချွေးတိတ်၍ နေကောင်းအောင် နေရပါချေမည် တမုံ့။ အင်္ကျီစကို ဆွဲ၍ ရင်ဘတ်တလျှောက် စီးထန်း၍ ထွက်လာသော ချွေးများကို ဝလုံးသဏ္ဍာ