Posts

Showing posts from July, 2020

ပစ္စခတ်ကို ရင်ဆိုင်ခြင်း

အချိန်သည် အလွန်ကုန်မြန်သည်ဆိုသည်ကို နှစ်ပေါင်းများစွာကို ဖြတ်သန်းလာပြီးမှ ကျနော် သိလိုက်ရသည်။ မနက်ဖြန်ပေါင်းများစွာသည် မနက်ဖြန်တွင် စောင့်မျှော်နေသည်ကို သိသော်လည်း ထိုရက်များသည်လည်း မနေ့ပေါင်းများစွာကဲ့သို့ပင် လျင်မြန်စွာ ကုန်ဆုံးသွားပေလိမ့်မည်။ ဤကား အမှန်အကန်စကားတည်း။ ဘဏ်ရှေ့တွင် ပျင်းရိစွာ ထိုင်နေကြသော လုံခြုံရေးများသည် သိုင်းတတ်မတတ် မည်သူသည် သတိထားမိပါသနည်း။ သိုင်းများ မိုးပျံအောင် တတ်ကျွမ်းသည် ဆိုသော်လည်း ယခု လတ်တလော ကြားရသော သတင်းအရ ကျနော်တို့ မြန်မာပြည်ကြီး၏ နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ထသော၊ ယခု မေရီလန်းတွင် သားမယားနှင့်အတူ နေထိုင်လျက်ရှိသော အလအဆတယောက် ကိုဗစ် ကူးစက်ခံရ၍ နေအိမ်၌ပင် ၁၄ ရက် ကျူဝင်မည်ဟု ပြောသံ ကြားရကား၊ ယင်းသည် လွန်ခဲ့သော ရက်သတ္တပတ်က ကျောက်စိမ်းထွက်ရာ ဖားကန့်မြေတွင် မြေပြို၍ ရေမဆေးကျောက်သမား ၁၇၀ ကျော် သေဆုံးသွားသည့် သတင်းကို မကျော်နိုင်ချေ။ သူ ရောဂါကူးသည်ကို ကြားရသည့် အခိုက် လူတွေက အံ့ဩဘနန်း ဖြစ်ချင် ဖြစ်မည် ဟုတ်သော်လည်း၊ ပြည်သူပေါင်း ၁၇၀ ကျော် သေဆုံးပြီး နောက်ထပ် လူဘယ်နှယောက်လောက် မြေအောက်ထဲ နစ်မြုပ်နေပြီး ယခုထိ မရှင်းလင်းနိုင်သေးသော သတင်းသည် မြန်မာပြည်သူများအတွက် ပို၍ ဂရု