Posts

Showing posts from 2010

သွားကြည့်လိုက်စို့

ငိုနေပြီ ဟိုမှာ ကောင်မလေးတစ်ယောက် သွားကြည့်လိုက်စို့ ငိုနေပြီ ဟိုမှာ ကောင်လေးတစ်ယောက် သွားကြည့်လိုက်ဦးစို့ ဟိုမှာ ငိုနေပြီ ကမ္ဘာကြီးတစ်လုံး လူသားတွေ လက်ချက်နဲ့ မီးဟုန်းဟုန်း ထတောက်လို့ပေါ့ မထင်မှတ်ဘဲ ကိုယ့်ကမ္ဘာကိုယ် ထဖျက်ဆီးတဲ့ ကောင်မျိုး မင်း အစကတည်းက မသိခဲ့ဘူးလား သွားကြည့်လိုက်စို့ ငိုနေတဲ့ စကြာဝဠာကြီးထဲ လှည့်ပတ် ငို နင်တစ်ယောက်တည်း အားလုံး သေကုန်ကြမယ့် နေ့ရက်တွေ မနီးလာခင် ဒီနေရာကို သွားကြည့်လိုက်ကြစို့ -- Life is too short...!

ဆုတ်ရည်ချက်

မင်းနဲ့ငါနဲ့ ငါနဲ့မင်းနဲ့ကြားမှာ အများသုံးဘာသာစကားတစ်ခုတော့ လိုနေပြီ သီဟိန်ရေ အဆင်ချောတဲ့ သဘောကောင်း မနောကောင်းလေးကို သူလာကျွေးသွားချိန်မှာ ကောက်မဟပ်လိုက်ဘူးလား ဒီကောင်မလေးက အချိန်ပြည့် ရင်နင့်နေပေပြီ နင့်ကို တကယ့်ကို မပြောချင်လို့ ကြည့်နေတာ​ကြာပြီ ကွန်ပြူတာ အခန်းကျဉ်းလေးထဲမှာပဲ နင့် တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်လွန်ကုန်တာ မနှမျောဘူးလားဟာ ငါ သိတာ တစ်ခုကတော့ ငါတို့ အားလုံးမှာ အပြောင်းအလဲတစ်ခုလေးတော့ လိုနေပြီနော် ပင်လယ်ပြာတွေ နောက်ပြန်လှည့်ပြီး ငိုချင်ရက် လက်တို့စေနိုင်ပြီ သွားအိပ်လိုက်တော့ အနမ်းများစွာနဲ့… -- Life is too short...!

Ever Dirty Ever Jolly Mice

Image
-- Life is too short...!

Ever Dirty Ever Jolly Mice

Image
-- Life is too short...!

About Mp10

They know that mp10 will be released soon so sawyer make a new brand of mp9 then the world so wide so rude to destroy the itself coming up sooner or later in September in the tenth day in the morning I feel that something is wrong, not comfortable any longer indeed they make a noise over creating and using mp10 all over the world of my little fate. now I am informed they have shocked intensively themselves Who about to destroy whom, We must prevent being bitten by mos of mp10 If you make a new way then the new fresh world -- Life is too short...!

နင်ဟာ ဟာသပဲ

Image
နင်ဟာ ဟာသပဲ ဘာပဲပြောပြော နင်ဟာ ဟာသပဲ ငါမသိလိုက်ဘဲ အချိန်တွေ ကုန်ဆုံးသွားတာကို မတားဘဲ ဒီအတိုင်းကြည့်နေရက်သူ ညစ်ပတ်တဲ့ အခန်းကျဉ်းလေးမှာ နင့်အတွက် ငါ ဖန်ဆင်းပေးခဲ့တဲ့ ဒီဟာသတွေကို မရီတတ်ခဲ့သူ နင်ဟာ တကယ် ဟာသပဲ.. နူးညံ့တဲ့ အသည်းနှလုံးနဲ့ စကားတိုးတိုးလေး မပြောဘဲ အိပ်မက်ချည်းပဲ မက်နေလိုက်သူ နင်ဟာ တကယ် ဟာသပဲ ငါ စိတ်ဆိုးမိတော့မယ် ဆိုတာ နင် တကယ် မေ့နေတော့ အိပ်မက်ထဲမှာတောင် ငါ့ အရုပ်အရည်ကို မမှတ်မိဘဲ သူစိမ်းတစ်ယောက်နဲ့ စကားမပြောဖူးသလို အချစ်အတွက် လူးလိမ့် ငိုကြွေးရက်သူ နင်ဟာ တကယ့်တကယ်တော့ ဟာသပဲ ငါ ဒီလိုပဲ မှတ်ယူလိုက်ပြီ ဟာသပဲ -- Life is too short...!