နောက်ပြန်သွားနေတဲ့ လှုပ်ရှားမှု

အချိန်ဟာ နောက်ပြန်သွားနေတယ်။
ကျွန်တော် မသိလိုက်တဲ့ အချိန်မှာ
အဝေးဆုံးက လင်းဖြာလာတဲ့
ရောင်ခြည် တစ်ချို့အောက်မှာ
လဲကျ သေဆုံးသွားတယ်။
မထင်လိုက်ဘူး…………………………………..။
တစ်နေ့နေ့မှာ ဒီအချိန်ရဲ့ ညင်သာစွာ နမ်းရှိုက်မှုကို လက်ခံရလိမ့်မယ်လို့လေ..
အသက်ကို ပြန်သိမ်းပိုက်လိုက်ပြီးတဲ့ နောက်မှာ
ကျွန်တော် ပထမ ဦးဆုံး စဉ်းစားမိတဲ့ လုပ်ရန်က
သူငယ်ချင်းနဲ့ မြိတ်မောင်တိတ်မှာ ကတ်ကြေးကိုက် သွားစားဖို့ပဲ ဖြစ်တယ်။
ကျွန်တော် အင်းကျီကို အမြန်လဲတယ်။
သူငယ်ချင်း စောင့်နေတယ်.. စာအုပ်တစ်အုပ် ဖတ်ရင်းနဲ့
ဖိနပ်ကို အတင်း ထိုးစီးပြီး ကြိုးတွေ သိုင်းလိုက်တယ်။
အပြင်ထွက်ဖို့ အဆင်သင့် ဖြစ်ပြီလား
အင်း မိုး ရွာမရွာ ကြည့်ရဦးမှာ မဟုတ်လား။
ဒီနေ့ မိုး မရွာလောက်ဘူး ဒါနဲ့
ကျွန်တော်တို့လည်း ထီး မယူတော့ဘဲ ထွက်လာခဲ့ကြတယ်။
အလို.. ၅၃ ဘတ်စ်က မောင်တိတ်ဆီ ရောက်ပါတယ်။
ဇဝေဇ၀ါနဲ့ တက်စီးပြီး အိတ်ကပ်ထဲက တစ်ရာက ခုန်ထွက်သွားတယ်။
တိမ်တွေက ညိုမှိုင်းမှိုင်း နေတယ်လေ။
ငါ့စိတ်တွေ လွင့်ထွက်သွားချင်နေတုန်းပါ
နောက်ပြန်သွားတဲ့ အချိန်ကိုပဲ လိုက်သွားပြီး လက်ရှိကို မေ့ပျောက်ချင်လိုက်တာ.. ငါနော်..။
ဟုမ်းလမ်းမှာ ဆင်းလိုက်တယ်။
မိုး မရွာခင် ကားလမ်းကို ဖြတ်ကူးလိုက်တယ်။
အိပ်မက်ထဲကို ရောက်မသွားခင် သတိကို နှိုးကြားလိုက်ရတယ်။
ကတ်ကြေးကိုက် ပွဲသေး နှစ်ပွဲ ဟူးခနဲ ရောက်လာတယ်။
စားသောက်ဆိုင်ထဲမှာ လူ မရှိသလောက် ရှင်းနေတယ်။
အစောကြီး ရှိသေးတာကိုး…………………။
စားလိုက်တယ်.. ပူကလည်း ပူ စားလို့လည်း ကောင်းလိုက်တာဗျာ
ပွဲသေး တစ်ပွဲ 1700 နဲ့ ပွဲကြီးက 5200 တဲ့ကွာ..
မတတ်နိုင်ဘူး ပိုက်ဆံ ကိစ်စ နောက်မှ ပြောတော့ကွာ..
ထွေရာလေးပါး စကားတွေ လျှောက်ပြောကြတယ်။
ဆိုင်ရှင်က အိပ်ရေး မ၀သေးတဲ့ ပုံနဲ့ ကောင်တာမှာ ထိုင်ပြီး သတင်းစာ ဖတ်နေဆဲ..။
အိမ် ပြန်ချင်လာပြီ။
ငါတို့ အချိန်ကျပြီ။
အခု သွားရအောင်..
ဒါနဲ့ ငါ တစ်ခု သတိရတယ်။
ဆရာ့အတွက်လည်း ကတ်ကြေးကိုက် တစ်ထုပ် ပါဆယ် ၀ယ်သွားရမယ်.. မကောင်းဘူးလား
ကောင်းတယ် ငါလည်း မင်းအကြံကို သဘောတူတယ်။
နှစ်ဦး စပ်တူ ကတ်ကြေးကိုက်ကို ၀ယ်လိုက်ပြီး ကားပြန်စီးတယ်။
လာရင်းနေရာကို ပြန်ရောက်တော့ နေက ပူတော့ မလိုလို ပြင်းနေတယ်။
ငါတို့ လှေကားထစ်တွေကို တွားတက်ခဲ့ကာ အဲဒီနောက်မှာ
မီးခိုးရောင် တံခါးတစ်ချပ် ရုတ်တရက် ပွင့်သွားတယ်။
အသားကျနေတဲ့ ရင့်ကျက်ပြီး အပြုံး တစ်ပွင့်လည်း ပေါ်လာတယ်။
လူသား အားလုံး ၀မ်းစာ ဖြည့်နေချိန်လေးမှာပေါ့..။
ငါတို့ လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ အနက်
ဒီတစ်ခုဟာ ကြည်နူးကျေနပ်ကို ရရှိပါစေလို့ မမျှော်လင့်ကောင်းပါဘူး။
နောက်ပြန်သွားနေတဲ့ အချိန်နောက်ကို ငါ ခုန်တက်လိုက်ပြန်တယ်။
လွန်လေပြီးတဲ့ ကာလ သုံးနှစ်ဟာ ငါ့ရှေ့ကို ၀ုန်းဒိုင်း ရောက်လာခြင်းနှင့် အတူ
လည်ချောင်းထဲကို အေးမြတဲ့ ရေက စီးဆင်းသွားတယ်..။
ကြင်နာစွာ ပြုစုခြင်းနှင့် အတူ
နေ့လည်ခင်း မုတ်သုန် လေကလေးက အသာအယာ တိုက်ခတ်လာပါတော့တယ်။

ဖတ်ရှု အားပေးတဲ့အတွက်
ကျေးဇူး အထူး တင်ရှိကြောင်း ပြောပါရစေ။

ကျေးဇူးပြူပြီး ဖတ်ပြီးသည်နှင့်
သင်၏ အမြင်ကို Comment ပေးခဲ့ပါရန်။

Comments

  1. မရေးဘူးကွာ၊ မရေးတော့ဘာလုပ်ချင်လဲပြော။
    ဟီးဟီး။ ရေးပြီးပြီနော်။ ;)

    ReplyDelete

Post a Comment

U can drop ur comment here

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013