အဆင်ပြေမှာလား

ဘ၀မှာ လမ်း နှစ်ခွကို ရောက်အောင် လျှောက်လာမိတိုင်း အမြဲ နောင်တ ရခဲ့ပါတယ်။

ကိုယ် မှန်မှန် လျှောက်လာတဲ့အခါ အခက်အခဲတွေက အမြဲ စောင့်ကြို ကမ်းလင့်နေတာကို တွေ့မြင်ရပါတယ်။

ဒုက်ခတွေက နံဘေးမှာ ကူညီဖို့ ရပ်စောင့်နေတာလည်း ကြုံရပြန်ပါတယ်။

ချောက်ထဲ ကျဖို့ သီသီကလေး ကမ်းနံဖူးမှာ လျှောက်နေတဲ့ အချိန်ကတော့ ကြောက်ရွံ့မှုတွေက ကြီးစိုးလို့ပေါ့။

သည်းထိတ် ရင်ဖိုဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေက လူ့နှလုံးကို အမြဲ ခြောက်လှန့်နေတတ်ပါတယ်။

မှားပြီး ပြန်ပြင်လို့ မရတော့ရင် ဆိုတဲ့ အတွေးကလည်း တုန်လှုပ် ခြောက်ခြားစေပါတယ်။

နောက်ကျပြီးမှ သတိတရား ရမှာကို ကြိုသိနေတာကလည်း အစိုး မရတဲ့ အတိတ်က ဖြစ်ရပ်တွေ တရေးရေး မြင်ယောင်ဆဲ။

ကုန်ဆုံးနေတဲ့ အချိန်ကာလကို ဘယ်သူ စားပစ်လိုက်တာလဲ။ ငါ ကြည့်လိုက်ချိန်မှာ ကုန်ဆုံးသွားပြီတဲ့။

ရပ်တည်မှု နေရာကိုလည်း အချိန်က ပြန်စားသွားတယ်လို့ တွေ့မြင်လိုက်တဲ့ အဘိုးကြီးအို တစ်ယောက်က ငါ့ကို တစ်နေရာရာမှာ ပြောပြခဲ့တယ်။

ကဲ.. ဒါဆိုလည်း ဘာမှ မလုပ်တော့ဘဲ ထိုင်နေတော့မယ် ဆိုတော့ တံခါးရွက်က ငါ့ ရှေ့မှာတင် ပြုတ်ထွက်သွားတယ်။

အမှောင်ထဲ ပြေးဝင်လာတဲ့ ရွှေရောင် အလင်းဟာ နဂိုက ထင်ထားသလောက် မတောက်ပတာ နည်းနည်း ပူစပ်ပူလောင် ဖြစ်နေတာ ခံစားရပါတယ်။

တိုယိုတာ ကားတစ်စီး ဖြတ်သွားချိန်က မနာလို ၀န်တိုမှုတွေကို အသေ ဖျက်ဆီးနေရတုန်းက ဖြစ်ပါတယ်။

ထုံးစံအတိုင်းပေါ့လေ.. မှောင်မိုက်တဲ့ လမ်းတွေပေါ်မှာ တစ်ယောက်တည်း လျှောက်သွားနေမိပြန်ပါတယ်။

မုတ်သုန်မိုးက ရွာပြီး နောက်ပိုင်း လေညင်းတွေ တသုန်သုန် တိုက်ခတ်လာတော့ အေး.. ငါ ဒီတချီတော့ လွတ်မြောက်ပြီ ထင်ပါရဲ့လို့ ၀မ်းသာနေတုန်း လေညင်းက ၀ုန်းဒိုင်းကြဲ ဆူညံလာပါတယ်။

အင်း ဒါပါပဲ.. ဘာမှ အဆုံး မသတ်ရသေးဘဲနဲ့ သူ့ အလိုလို ပြီးမှာလားလို့ ငါ စောင့်ဆိုင်းကာ တွေဝေနေမိတယ်။

နေမင်း

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013