Posts

Showing posts from 2008

Sakka

Image
-- Life is too short...!

Doubtful Life

How the doubtful life is! Everything is random totally. Knowing us may be who? Unknown you, in my list! But, you must see... Everything is doubtful. She says she must be a paternal heroess You may see Life is how wonderful itself. Noises near me so loud, Auto Train must be touched. Life cycle going in Time, I should eat this Lime. He is a Man, she said. She is a girl, he thought. So, nevertheless, I supposed They lived many years together. No normal noise near me, What is your interesting honor to me? She saying a toy-story plays in time. -- Life is too short...!

Listen! He's Singin'

နားထောင်... သူ သီချင်း ဆိုနေတယ်... -- Life is too short...!

Nice Shuu..~

ကမ္ဘာပေါ်မှာ ရှိရှိသမျှ နာရီတွေ ရပ်တန့်သွားရင်လေ.. ကိုယ်လေ.. ဒီနေရာမှာ ထိုင်ပြီး Shuuu...........~~~ လို့ ပြောနေမယ်... ကိုယ့်ချစ်သူတိုင်း ရေကန်ထဲ ခုန်ပစ်ချ သွားကြရင်လေ ကိုယ်လေ.. ဒီနေရာမှာ ထိုင်ပြီး ရှူး .................. လို့ ပြောနေမယ်... ကိုယ့် အိပ်မက်တွေသာ အမှန်အတိုင်း ဖြစ်လာရင်လေ ကိုယ်လေ.. ဒီနေရာမှာ ထိုင်ပြီး ရှူး .................... လို့ ပြောနေမယ်... ပြန်လာပါတော့ ကိုယ့်မျက်ရည်များရယ် သူစိမ်းသူ ရင်ကို နာကျင်စေခြင်းက ကင်းဝေးပါစေကွယ်.. .. .. ..

What kind of you are!

What kind of you are! အပြင်မှာ ဘာတွေ ဖြစ်နေကြတာလဲ။ စကားတစ်ခွန်း မေးလိုက်မိတယ်။ ဆေးရုံကုတင်က အေးစက်နေတာပဲ။ အဲယားကွန်းကြောင့် နေမှာ။ စိတ်အာရုံ တစ်ခုလုံး ထုံထိုင်းနေတော့ မသိ ၀ိုးတ၀ါး။ ဆရာဝန်။ ။ သက်သာရဲ့လား။ လူနာ။ ။ ဒေါက်တာ .. ကျွန်တော် ဘာဖြစ်နေတာလဲ။ ဆရာဝန်။ ။ နှလုံးရောဂါပါ။ လူနာ။ ။ ကျွန်တော် သေမှာလား ဒေါက်တာ.. ဆရာဝန်။ ။ အတတ် မပြောတတ်ဘူး။ ခင်ဗျားရဲ့ စိတ်အခြေအနေပေါ်မှာ မူတည်တယ်။ လူနာ။ ။ ကျွန်တော့ကို လာမကြည့်ကြဘူးလား။ မျှော်လင့်ချက်ကြီးစွာဖြင့် မေးလိုက်သောအသံ ဆရာဝန်။ ။ မကြည့်ကြဘူး။ လူနာ စိတ်ပျက်သွားသည်။ ဆရာဝန်။ ။ မနေ့ကတော့ ခင်ဗျား မေ့နေတုန်း လာကြည့်ကြတယ်လေ။ လူနာ။ ။ ကျွန်တော့ ဇနီး မဟုတ်လား ဟင်.. ဆရာဝန်။ ။ ခင်ဗျား သူငယ်ချင်းပါ။ သူငယ်ချင်းဟောင်းလို့ ပြောတာပဲ။ ဘာဖြစ်လို့လဲ။ လူနာ။ ။ အာ.. အာ.. ဘာမှတော့ မဖြစ်ပါဘူး။ ကျွန်တော် အခု ဆေးရုံက ဆင်းချင်တယ် ရမလား ဒေါက်တာ..။ ဆရာဝန်။ ။ ခင်ဗျား အခြေအနေက တော

အချစ်ဆိုတာ ဘာလဲ

Image
လူ တစ်ယောက်ရဲ့ အချစ်ဆိုဒါ ဘာလဲ အချစ်ဆိုဒါ ပုံစံခွက် တစ်ခုလို ပုံသွင်းပြီး ဖန်တီလို မရပါ ပြောင်းလဲ့လိုလဲ မရပါ ဖန်ဆင်ရ အခက်ခဲဆုံက ပူလေါင်တဲ့ အချစ်ပဲ ဖြစ်သလို အေမြတဲ 528 မေတ္တာရဲ ဆမ်ကျင်ဖက် တစ်ခု အရာရာ ဖန်တီနိုင်ဒါက ရိုသာပြီ ကြိုစားနိုင်ဖို့နှင့် အရာရာ နာလယ်နိုင်ပြီ ခွက်လွန်နိုင်ရမယ် ဘ၀မှာ လူဖြစ်လါရင် သောက ဒုက်ခတွေနဲ ရင်ဆိုင်ရရင် ချမ်းသာ သုခတွေးကို ခံချင်ကြတယ် ပျော်စရာတွေနဲ ရင်မှာ ပြည်နေရင် ငိုစရာတွေကို မေ့နေနိုင်တယ် ချမ်းသာချင်က သုခ ဆင်ရဲချင်က ဒုက်ခ လွမ်စရာရဲ တွဲမီဒါက နာကြည်စရာ ဘ၀မှာ ပျော်စရာတွေကို ရှာချင်ရင် သေားက ဒုက်ခတွေကို မမျှော်လင်ပဲ တွေရနိုင်တယ် လူတွေက ပျောကြတယ် ငွေရှိရင် ဘါမဆိုး ဖြစ်နိုင်တယ်လို ၊ ငွေဆိုဒါ ဘ၀မှာ အရေးကြီး ဆုံဆိုးဒါ မှာတယ်လဲ ထင်နိုင်သလို မှန်တယ်လိုလဲ့ ဆိုနိုင်တယ် ငွေထက် အရေကြီးဒါက ဂှတ်သိန်းခါ၊ ကိုကြင်တရာ ကောင်မွန်ပြီး ရိုသားစွားနှင့် ဖြူစင်စွာ နေတန်းရမယ် သူစိမ်ကို လိုချင်ရင် ကိုစိမ်းနဲနိုင်ရတယ်း ကျေးဇူ မသီရင် နေပါစေ ကျေးဇူ ကန်တဲ သူ မဖြစ်ပါစေ့နဲ ခွက်မတောင်ချင်ရင် နေပါစေ၊ ခွက်ပန်ပြီလို မထင်နဲ ခွက် မလွန်းချင်ရင် နေပါစေ မနာကြည်မီးအောင

ပထမဆုံးများ

ပထမဆုံး တက်တဲ့ ကျောင်း +++++ အ.ထ.က (၄) ပထမဆုံး အငို +++++ အမေပျောက်ခြင်း (လက်စသတ်တော့ အမေက ပျောက်သွားတာ မဟုတ်ဘူး.. ကျွန်တော်က ပျောက်သွားတာလေ.. ဈေးထဲမှာပေါ့) ပထမဆုံး ပျော်ရွှင်မှု +++++ ရှစ်နှစ်တုန်းက မွေးနေ့ပွဲ ပထမဆုံး ရန်ပွဲ +++++ ခြောက်တန်းနှစ် သူငယ်ချင်းတစ်ယောက်နဲ့ လက်သီးချင်း ထိုးကြတာလေ. ပထမဆုံး အလွမ်း +++++ တက္ကသိုလ်တက်မယ်လို့ သင်္ဘောပေါ် ပထမဆုံး တက်ရတုန်းက ပထမဆုံး ရင်ဘတ်နာကျင်မှု +++++ ပထမဆုံး ၀င်တဲ့ အလုပ်ကနေ တလအကြာမှာ ပြုတ်သွားတဲ့ အခါ ပထမဆုံး စိတ်လက်ပေါ့ပါးမှု +++++ ကျောင်းပြီးသွားတဲ့ ရက် ပထမဆုံး လွတ်လပ်သည်ဟု ခံစားရမှု +++++ ဘွဲ့ရသည့်နေ့၏ နောက်တနေ့ ပထမဆုံး မုသား +++++ ပထမတန်း ပထမဆုံး ကြေကွဲမှု +++++ ရန်ကုန်ကို စွန့်ခွာလာတဲ့ ညသန်းခေါင် မတိုင်မီ အဆောင်ထဲက မီးရောင်အောက်မှာ ရပ်နေတုန်းက ပထမဆုံး လေလွင့်မှု +++++ အလုပ် မရှိသော နောက် ပထမဆုံး သူငယ်ချင်း +++++ ပထမတန်းတုန်းက တွဲတဲ့ မုတ်ဆိတ်မွေးနဲ့ သူငယ်ချင်း (အခု ဘယ်ရောက်နေမှန်း မသိဘူး) ပထမဆုံး ရည်းစားစကား ပြောခဲ့ဖူးတာ +++++ သုံးတန်းတုန်းက (မရည်ရွယ်ဘဲ ပါးစပ်က နင့် ငါ ချစ်တယ် လို့ လွှတ်ကနဲ ထွက်သွားတာ သူက ဆရာမကို သွာ

Photos

Image
-- Life is too short...!

တက်လိုက်ပြီ..

Image
ကိုယ့်နာမည် I___I နေမင်း ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် I___I ကိုယ့်ကို ခေါ်တဲ့ လူ ရှိတယ်.. ဒါပေမယ့် ပြောပြဘူး ဒီမှာနေတယ် I___I လွန်ခဲ့တဲ့ နှစ်နှစ်က ရန်ကုန် ရွှေမြို့တော်ကြီးမှာ ကွန်းခိုနားနေဖူးတယ်. အခုတော့ ပင်လယ်ကမ်းရိုးတန်း မြို့လေး တစ်မြို့မှာ. I___I * အကြိုက်ဆုံးတွေက* I___I အရောင်ဆိုရင် I___I အရောင်ဆိုရင် ပြောင်မှ.. လက်မှ သဘောကျပေမယ့် လက်တွေ့မှာတော့ ကြုံရာပဲ ဆွဲနေတယ်.. ဟိ ဟိ အ၀တ်အစားဆိုရင် I___I ငယ်ငယ်တုန်းကတော့ မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ တိုက်ပုံအင်္ကျီ ၀တ်ရတာ သဘောအကျဆုံး၊ အဲ.. ကြီးလာတော့ အရသာ ပြောင်းသွားပြီ။ ချည်သား အပျော့စားနဲ့ ဂျင်းနုဘောင်းဘီ၊ စင်းကြောင်းပါတဲ့ ၀တ်စုံ၊ ပန်းပွင့်ပုံ၊ ကျောနဲ့ ရင်ဘတ်မှာ နဂါးပုံ၊ စိတ်ကူးထဲမှာဆိုရင် အားတိုင်း ကိုယ်ပိုင် ဒီဇိုင်းချည်းပဲ ထုတ်နေတာ အထည်ပေါင်း သောင်းကျော်သွားပြီ။ ဟဲ ဟဲ.. အစားအစာဆိုရင် I___I ကြုံရာ ဆွဲတယ် ဆရာ.. သမုဒ္ဒရာ ၀မ်းတထွာတဲ့.. သယ်ဂျင်းတွေ ကျွေးတာဆို အရမ်းသဘောကျ.. ဒီလိုပြောလို့ ငတ်ကြီးကျတယ် ထင်မှာပေါ့.. ထင်ထင်.. မုန့်ကျွေးမယ် ပြောတဲ့ လူဆို သူငယ်ချင်း တော်ပစ်လိုက်မယ် အဟုတ်..း) ပစ္စည်းဆိုရင် I___I ကွန်ပျူတာ၊ အမ်ပီ

သင်ဘာဖြစ်ချင်သနည်း

Image
သင်ဘာဖြစ်ချင်သနည်း ပူနေသည်။ အေးနေသည်။ အိပ်နေသည်။ ပြီးတော့ ထပြန်သည်။ နေ၀င်သွားပြီ။ ဟော.. ပြန်ထွက်လာပြန်ပြီ။ သတ္တလောကဆိုတာ အခန်းကြီး တစ်ခုလိုပဲ။ မနေနိုင်တဲ့ ရက်စက်မှုတွေ အချိန်တိုင်း ဆက်လက်ဖြစ်ပျက်နေ.. ဗီလိန် မင်းရေးတဲ့ စာသားတွေ မိုက်တယ်။ ဒါပေမယ့် ငါ Tag ဆိုတာ ဘာမှန်း ငါမသိ.. အချိန်ရရင် ရေးမယ်။ အိုး.. .. .. နေ၀င်နေပြီ။ ငါ့စာကို ဖတ်ပြီး စိတ်မပျက်ကြပါနဲ့..။ မင်းသင်္ခ ရှီးသွားပြီ။ ကြီးမားသော ဆုံးရှုံးမှုတစ်ခု.. .. မနေ့က ငါ အိပ်ရာထ နောက်ကျတယ်။ ဒီနေ့ ငါ တရေးပဲ အိပ်ရသေးတယ်။ ညက စွတ်စို ထိုင်းမှိုင်းနေတယ်။ မိုးသက်မုန်တိုင်းတွေကလည်း အရာရာကို ကြည်စားနေတုန်း။ အေးစိမ့်တဲ့ လေငွေ့က အချိန်နဲ့ အမျှ ရင်ဘတ်ထဲ တိုးဝင်နေတယ်။ အမ်.. နေ့တွေ ရက်တွေ လွဲကုန်ပြီ။ မင်း သိလား ဗီ။ ကျောင်းတုန်းက ငါ ဘယ်တော့မှ ပေါ်ပြူလာ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ငါ ဘာမှ မဖြစ်ခဲ့ဘူး။ ပြောရင်း ဆိုရင်း ငါ့ နှာဝမှာ ချောင်းသာလေကို ရနံ့ ရပြန်ပြီ။ အုန်းရည်စိမ်လေး ငါ့ကို ဘယ်သူ ၀ယ်တိုက်ခဲ့တာပါလိမ့်.. ပြန်စဉ်းစားတယ်.. အချိန်က ငါ့ကို မေ့လျော့စေတယ်။ သူငယ်ချင်းကောင်းတွေနဲ့ ဝေးရာမှာ .. အဖြစ်အပျက်မှန် ရင်ဆိုင် ကျော်လွှားနေလျက်က မင်

တိမ်ပုံ

Image
တိမ် ပုံစံလေးတွေ

အချိန်ရှိသေးလား

အချိန်ရှိသေးလား။ ကျွန်တော်သွားရတော့မယ်။ ပူပြင်းတောက်ပတဲ့ နေရောင်အောက်မှာ လူတွေ သွားလာ လှုပ်ရှားနေတယ်။ ချွေးပြန်နေတဲ့ မျက်နှာမှာ ပြုံးလက်တဲ့ နှုတ်ခမ်းကို အလျင်အမြန် ရှာတွေ့နိုင်တယ်။ အင်တာနက်တွေ လျှောက်ကြည့်မနေနဲ့ အချိန်ရှိသေးလား။ နောက်လျှောက်ရမယ့် ခရီးအတွက် သင်ဘာကို ထုပ်ပိုးပြီးပြီလဲ။ ကျွန်တော့မှာ ၀န်မဲ့နေလို့ တစ်ကိုယ်လုံး ပေါ့နေတယ်။ ဒါပေမယ့် ဖြစ်ပြီးတာတွေ ထားလိုက်ပြီး ဒီထက်မက စွန့်ပယ်ဖို့ ကြိုးစားနေလည်း ကျွန်တော် အမြဲတမ်း ကိုယ့်ဟာကိုယ် မေးနေမိတာက အချိန်ရှိသေးလား။ သွားရဦးမယ်ဗျာ.. ဒါနဲ့ မိတ်ဆွေ ကျွန်တော်နဲ့ အတူ သွားဖို့ ခင်ဗျားမှာ အချိန်ရှိသေးလား။