Posts

Showing posts from December, 2014

နှစ်​​ဟောင်းကို နှုတ်​ဆက်​ခြင်း

သရက်ပင်မှ ဝါကြင်ကြင် အရွက်ကလေးများ လေအလှုပ်ဝယ် သုံးလေးရွက် ကြွေကျလာသည်မို့ အိမ်ရှေ့ သရက်ပင်အိုကြီးကို မော့ကြည့်မိသည်။ ဇရာ၏ သဘော ရာသီ၏ အထုအထောင်းကို လူသားများနည်းတူ ခံစားရသော သတ္တလောကကြီးထဲဝယ် သရက်ပင်ကြီးကဲ့သို့ ကျွနု်ပ်တင်မက လူတိုင်းသည်  တနေ့တခြား အိုမင်းရင့်ရော်လာလျက် ရှိသည်။ တနှစ်ပတ်လုံး အလုပ်များရင်း တနှစ်ပတ်လုံး ချစ်သောသူ မချစ်သောသူများနှင့် အတူနေရင်း နဂိုက ဟက်ပီးနယူးယီးယားဟု အခေါ်ခံခဲ့ရသော ၂၀၁၄ ခုနှစ်သည် အခုချိန်တွင်မတော့ လူတွေ မလိုချင်တော့သော မေ့ပစ်လိုက်တော့မည့် နှစ်အိုကြီး တနှစ် ဖြစ်နေလေပြီတကား။ တနှစ်ဆိုသည်ကို ကျွနု်ပ်စိတ်ထဲဝယ် တရက်လိုပင် ခံစားမိသည်။ အဲဒီလောက်အောင် ရက်တွေ လတွေ အကုန်မြန်လိုက်သည်မှာ အခုပြန်ကြည့်တော့ သူမဟုတ်သလိုပင်။ စကားတခွန်း ရှိသည်မှာ အိပ်မပျော်သောသူအတွက် ညဉ့်သည် ရှည်လျား၏၊ လူမိုက်အတွက် သံသရာသည် ရှည်လျား၏ ဟူ၏။ ထိုစကားမှန်၏။ ၂၀၁၄ နှစ်အတွင်းဝယ် ကျွနု်ပ်အတွက် အိပ်မပျော်သော ရက်များသည် မရှိသလော။ ရှိပါသည်။ အိပ်ပျက်ရသော ညများသည် နာရီစက္ကန့်တံများက အသွားနှေးသည်ဟု အပြစ်တင်ရလောက်အောင် မိုးလင်းခဲသည်။ သန်းခေါင်ကျော်သော်လည်း မိုးမလင်းနိုင်ပေ။ သို့ဖြစ်လေလေ ကျွနု်ပ်သည် အလ