မင်္ဂလာဦးညကို လွန်သော်
နှစ်ဖက်မိဘများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ထပ်ထိမ်းမြားပေးလိုက်သော အသစ်စက်စက် လင်မယား နှစ်ယောက်သည် ညအိပ်ရန် စက်ရာခန်းသို့ ဝင်စဉ် မယားက လင်ကို ဤသို့ ဆို၏။ "ကို အခုကတည်းက ကျမ ကိုနဲ့ ရှင်းရှင်း ပြောထားမယ်။ ကျမတို့ အတူနေကြပြီ ဆိုတော့ နှစ်ဖက် ဆွေမျိုးသားချင်းတွေက ဟိုဟာ ပေးပါဦး၊ ဒီဟာ ချေးပါဦး လုပ်ကြမှာပဲ။ ဒီအခါ ကိုက ကို့အဖေအမေကို ပေးမယ်၊ ကျမကလည်း ကျမ အဖေအမေကို ပေးမယ်ဆိုရင် ဘယ်လိုမှ မကောင်းဘူး။ ကျမတို့ နှစ်ယောက် စီးပွား ရှာဖွေလို့ ရတာတွေ စုမိမှာ မဟုတ်ဘူး။ ဒီတော့ နှစ်ဖက်စလုံး ဘာပဲဖြစ်ဖြစ် မပေးရဘူး၊ ကျမလည်း မပေးဘူး၊ ကိုလည်း မပေးန၊ဲ့ ကတိပေး " လင်ဖြစ်သူက ထိုစကားကို သဘောမကျသဖြင့် ကတိမပေးလိုသော်လည်း၊ ကတိမပေးလျှင် အတူတူ မအိပ်တော့ဟု အကြပ်ကိုင်သဖြင်၊့ ပူသည်ဆိုမှ မီးကို တိုးချင်သော ပိုးဖလံကဲ့သို့ နောက်ဆုံး၌ ကတိထားလိုက်ရသည်။ ကိုးလ ဆယ်လကြာသော၊် သားယောကျ်ားလေး တစ်ယောက်ကို ဖွားမြင်သည်။ ကတိအတိုင်း လင်မယား နှစ်ယောက်လုံး ဘယ်ဘက်ကိုမှ မပေးကမ်းပေ၊ ပိုက်ဆံလည်း မထောက်ပံ့ချေ။ စီးပွားရေးမှာ မှန်တမ်းပင်။ ထို့နောက် သားလေး ကျောင်းတက်သည့် အရွယ် ရောက်လာသည်။ မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုသလို လင်မယား နှ
Comments
Post a Comment
U can drop ur comment here