Posts

Showing posts from November, 2020

ပြုန်းတီးသွားသော ဝါးပင်များ

လူတိုင်းလူတိုင်း မနက်မိုးလင်းအိပ်ရာထသည်မှစကာ ညအိပ်ရာဝင်သည်ထိ မနားတမ်း တွေးနေသော အတွေးလုံးများကို စကားလုံးများအဖြစ်သာ စာစီပြီး စာအုပ်ထုတ်ရမည်ဆိုလျှင်၊ ကမ္ဘာပေါ်ရှိ ဝါးပင်မှ ရသော စက္ကူများပင် လုံလောက်လိမ့်မည်မဟုတ်ဟု ကျွန်ုပ်တွေးနေခြင်း ဖြစ်သည်။ တဖန် မပြောထုတ်ဘဲ တွေးတောနေသည်နှင့် ပြောထုတ်လိုက်သော စကားလုံးများတွင် မည်သည့်ဘက်က ပိုများလိမ့်မည်နည်းဟု တွေးတောမိပြန်သည်။ အိပ်ရာဝင် အိပ်မပျော်သူများကို ထည့်တွက်မထားပါ။ အိပ်မပျော်သော ညတာသည် ရှည်လျားလှသည်။ မိုးရက်များကို တရွေ့ရွေ့ ကုန်လွန်သွားပြီးသည့်နောက်၊ ဆောင်းဦး ပေါက်ချိန် ရောက်လာသည်။ ညကျလျှင် အိပ်ခန်းပြတင်းပေါက်ကို ဖြတ်လျက် လေအေးများ စိမ့်ဝင်လာပြီး၊ ရှစ်လလုံးလုံး ကိုယ်မကပ်သော စောင်သည် ယခုမူ ကိုယ်ပေါ် ကပ်နေလေပြီ။ မြန်မာပြည်၏ ရာသီဥတုသည် နဂိုပူ ဖြစ်သည်။ အပူပိုင်းဒေသထဲ ပါဝင်သော မြန်မာပြည်သည် ပူပန်ရမည့် ကိစ္စတွေက များမြောင်နေသည်။ အောင်လအင်ဆန်း မမျှော်လင့်ဘဲ ရှုံးသွားသည်။ ထိုအခါ မြန်မာပြည်၏ ညသည် တိတ်ဆိတ်သွားသည်။ နဂိုက တိတ်ဆိတ်နေသည့်အထဲ ထပ်မံ တိတ်ဆိတ်သွားသည်။ "ခါးပတ်ပြန်ရမှ မြန်မာပြည် ပြန်လာမယ်"။ ဤပုံအတိုင်းဆို သူ မြန်မာပြည် လာတာ အတော် စောင့်