Posts

Showing posts from June, 2013

zombie

ထိပြီဟ။ ဒဂေါင်တွေ

By the way I want to tell you

All I want to know is if there's something to black the world out in any way . When I go out for dinner , I wish I had a good, excellent and clear feeling . You will be right if you say so. That's what we may be able to have our dinner for today. You will be wrong if you say so. That's what we think we should return empty handed without having any meal, in the case we have found that the food is served by a couple of dirty hands . We don't have to suppose Thinkhara always knock out the ever-repeating lives of our living things. Thinkhara have been knocking itself down when it thinks nobody views it. A youth goes up a very very high mountain one day when the splintered winter has come. On the way to the top of the mountain, he feels the wind blowing in the winter is very cold. Whatever, he reaches there and sees the beauty of the mountain sleeping under the fluttering white snow with cold furs and pines. He sings a harmonic song. On seeing the sor

ကွမ်းရွက် ရှိန်းခိုပင်

Image
ကွမ်းရွက်လေးတွေ မိုးရေ သောက်တာ ဝလင်လို့ လန်းဆန်းနေ။ မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေ။ ရှိန်းခိုပင်၊ ရှိန်းခိုသီးတွေ မသီးနိုင်ပါလားနော်။ လှမေဟန်။ မိုကျိ မိုကျိ ကောက်ညှင်းပင်ကြီးတော့ မဟုတ်ဘူး။ အောင်သပြေ ထိုးရာမှာ သုံးတဲ့ အပင်တွေ။

အင်းဆက် INSECT

Image
AN insect on the wall silently at night. No move. posted from Bloggeroid

AGAINST THE WORLD

The world is against me and eventually I am against the world. Why? What reason do I have? Clear, very clear. I am harmonious with the countless universe , but not with the THE WORLD . I AM NOT AGAINST THE UNIVERSAL LAW. THAT's whY. posted from Bloggeroid

I denounce time magazine

time magazine posted a wrong article about Sayadaw Wira Thu. time, don't u have ear or eye? Say right things and the truth. The truth is stronger than you. Don't make the world go mad due to the thing against the truth. That's impolite.

မှန်မှမှန် ဗေဒင်

လူတစ်ယောက် ဗေဒင်ဆရာထံ၌ ဗေဒင် မေးနေလေသည်။ ဟောပြီးသော် ဗေဒင်ဆရာက မေးသည်။ "အခု ဟောလိုက်တဲ့ ထဲမှာ ဘာမရှင်းတာ ရှိလဲ" လူရွယ်က မယုံသင်္ကာသော လေသံဖြင့် "အခု ဟောလိုက်တာ အမှန်တွေပါလို့ ကျနော် ဘယ်လို ယုံရမလဲ" ဗေဒင်ဆရာက စိတ်ဆိုးသွားပြီး "မင်း မယုံရင် ငါက သက်သေပြရတာပေါ့။ ခဏနေ မီးပျက်သွားလိမ့်မယ်လို့ ငါ အတပ် ဟောရဲတယ်။ မင်း ကြည့်နေ" ထိုစဉ် ဗေဒင်ဆရာ ဟောသည့် အတိုင်း မီး ပျက်သွားပြီး အတန်ကြာ ပြန်လင်းလာသော် ဗေဒင်ဆရာ မှင်တက်မိသွားလေသည်။ သူ့ရှေ့ ထိုင်ခုံပေါ်၌ ခုနက လူရွယ် မရှိတော့ချေ။ "ဟိုက် ဒီနေ့ ကံမကောင်းပါလား"

ဘာပင်လဲ

Image
အပင်လှလို့ စိုက်ထားပေမယ့် ဘာပင် အမျိုးအစားလဲ မခေါ်တတ် ဖြစ်နေတာလေ။ နာနတ်သီးစားရင် ကျန်းမာရေး ကောင်းတယ်ဆိုလား။ မစားရင် မကောင်းဘူး ဆိုလား။

နာနတ်သီးလား

Image

ငါးရှဥ့် EEL 鳝鱼

Image
မနေ့ညက မိုးတွေ ဆက်တိုက်ရွာတော့ ငါးရှဥ့်လည်း သေ၊ ရေလည်း ပွေ။ မနေ့ညက မိုးတွေ ဆက်တိုက် မချုန်းတော့ သတ္တဝါတွေလည်း ကြေ၊ ကံလည်း သွေ။

ခွင့်လွှတ်ခြင်းသည်သာ

Image
ပြာလဲ့ ကြည်လင်သော စမ်းချောင်းပေါ်သို့ နေရောင်စူးစူး ဖြာကျနေသည်။ "ခစ် ခစ်" ရယ်မောသံတွေ အဝေးက လွင့်ပျံ့လာသည်။ မြစ်ကမ်းပေါ်မှာ ကောင်မလေး သုံးလေးယောက်နှင့် ကောင်လေး သုံးလေးယောက် ရှိနေသည်။ "အမေ လာလေ၊ ရေဆင်းကူးမယ်" ကောင်မလေးတို့က အဖေနှင့်အတူ အသားကို မီးကင်ခြင်း ပြုနေသော မိခင်ကို လှမ်းခေါ်ရင်း ရေစပ်သို့ ပြေးဆင်း သွားကြသည်။ "သမီးတို့ ဘာသာပဲ သွားကြပါ၊ တော်ကြာကျ သမီးတို့ အကြိုက် အကင် လာစားဖို့ မမေ့ကြနဲ့နော်" "သားတို့လည်း ရေသွားကူးမယ် မေမေ" "အေး မကြာစေနဲ့ ပြီးရင် အကင်တွေ လာစားကြ" ရေကူးရန် ထွက်သွားကြသော သားနှင့် သမီးတို့၏ သူငယ်ချင်း အုပ်စုကို လှမ်းကြည့်ကာ မိဘက စကားပြော ကျန်ရစ်သည်။ နှစ်ဖွဲ့ ထွက်သွားရာ အရပ် မျက်နှာမှာ မတူကြချေ။ ကြိုင်မင်း သူငယ်ချင်း နှစ်ယောက်နှင့်အတူ ဤဘက် တောစပ်သို့ ထွက်လာသည်။ သူတို့ မိသားစု ပျော်ပွဲစား ထွက်ရာသို့ သူ့သူငယ်ချင်းများ ဖြစ်သော ဆန်းအောင် နှင့် ရဲရင့်ကို ခေါ်လာခဲ့သည်။ သူတို့အားလုံး ဆယ်တန်း ဖြေပြီးသွားကြပြီ။ ရာသီ ဥတုက နေစူးသော်လည်း တိမ်တွေက ဟိုတစ်ဆုပ် သည်တစ်ဆုပ် ပျံ့ကြဲနေသည်။ သစ်ပင် အရိပ်အာဝါသသို့ ရောက်လာက

တရုတ်စာလုံး Chinese words

1 -十六位 2 -位元 3 -位元组 4 -生灵 5 -子民 人民 6 -烝民 民众 7 -烝黎 8 -氓 甿 9 -黎庶 10 -万众一心 11 -民以食为天 12 -民不聊生 13 -众叛亲离 14 -云散风流 15 -人怕出名猪怕壮 16 -人怕出名猪怕肥 17 -民兵 18 - 一视同仁 19 - 人满为患 20 - 人民公敌 21 - 国内战争 22 - 童子军 23 - 尤文图斯 24 - 少年犯 25 - 大彻大悟 26 - 彻西 27 -彻底的重新装修 28 - 曼彻斯特 29 - 无可奈何 30 - 无奈雇了一辆三轮车,回家。 31 - 赶上时髦 32 - 摇钱树 33 - 地板革 34 - 一个崭新的手机 35 - 刷墙 36 - 声名狼藉 37 - 杯盘狼藉 38 - 忙得不可开交 39 - 克扣一百万钱 40 - 无处容身 41 - 亏空 42 - 绰号 浑号 43 - 混名 混号 44 - 尼克 45 -弥补 46 -布斐 自助餐 47 -奥迪 48 -崩溃 49 -驾崩 50 -冬奥会 ကဲ... လာပြီ။ စိတ်ဝင်စားစရာ အဓိပ္ပာယ်တွေ။ 1 -十六位 ဆိုတာ 16-bit. 16-bit မှာကလည်း 2 bytes ရှိသတဲ့။ 2 -位元 ကတော့ bit ကို ပြောတာ။ 3 -位元组 ကျတော့ byte ဖြစ်သွားရော။ တရုတ်စာက ဒီမှာ ရှည်ပြီး အင်္ဂလိပ်က တိုတယ်နော်။ 4 -生灵 သက်ရှိများ ၊ ဘိုင်အိုမှာ ကျက်ခဲ့ရတဲ့ living thing ကို သတိ မရဘူးလား။ 5 -子民 ပြည်သူလူထု ကို ဆိုလိုတာ 人民 ကလည်း ဒီအဓိပ္ပာယ်ပါပဲ။ 6 -烝民 အများပြည်သူ 民众 သူလည်း အများပြည်သူ ၊ ပြည်သူနဲ့ ပတ်သက်တဲ့ စာလုံး အများသားနော်။ 7 -烝黎 လူထု ကပေါ့ အဟဲ 8 -氓 သေဆုံးတဲ့ လူတွေ စာလုံးက အင်္ဂလိပ်လို people ပဲ၊ 甿 လယ်ကွင်းထဲမှာ သေဆုံးတဲ့ စာလုံ

Pangolin's box in Myeik

တကယ်ပါ ကိုယ်ပြောလည်း မင်းက မယုံ၊ အချိန်တွေသာ ကုန်လို့ အဖတ်မတင်ပြန်။ မင်းကို သတိရလို့ စာလုံးပေါင်းသတ်ပုံတွေ မှန်မှန် ဂရုစိုက်လို့ မှားတဲ့အခါလည်း မှားပေမပေါ့ ကိုတွတ်ပီစကား၊ အိပ်မက်မှာတောင် မဟောင်တတ်တဲ့ ကိုယ်အဖို့တော့ ဆော့ဖို့ရာ ပန်ဒိုရာ သေတ္တာ မပြောနဲ့၊ ပန်ဂိုလင် သေတ္တာကို ပေးမှသာ ယူမယ်။

တရုတ်စာလုံး မှတ်မယ်

1. 喉结 2. 结喉 3. 跷家 4. 翘课 5. 跷跷板 6. 高跷 7. 踩高跷 8. 络绎不绝 9. 一如既往 10. 抗毒剂 11. 硅晶片 12. 赡养费 13. 合不拢嘴 14. 敌敌畏 15. 单峰驼 16. 海象 17. 石鲮鱼 18. 鲮鲤甲 19. 穿山甲 20. 探监 21. 乌饭果 22. 蓝草莓 23. 蓝莓 24. 偷情 25. 掖掖盖盖 26. 创造力 27. 殚精揭露 28. 邋遢 29. 马虎 30. 天壤之别 31. 公证处 32. 谈价 33. 贪嘴 34. 炭疽病 35. 男修道院长 36. 男儿有泪不轻弹 37. 涉水鸟 38. 涉嫌人 39. 听审会 40. 陪审团 41. 维也纳 42. 程序员 43. 共享程序库 ကဲ ရှင်းကြရအောင်။ အသံထွက်ကို ဂူဂယ် ဘာသာပြန်မှာ (google translator) သွားနားထောင်ကြပါနော်။ 1. 喉结 ဆိုတာ လည်စလုတ်၊ ယောက်ျားသားတွေနဲ့ပဲ သီးသန့်ဆိုင်တဲ့ ဝေါဟာရပေါ့ဗျာ။ 2. 结喉 လို့လည်း ပြောင်းပြန် ပြောလို့ ရသေးတယ်။ 3. 跷家 အိမ်ပြေးတာ အိမ်မှာ မနေချင်လို့ အဝေး ထွက်ပြေးတာမျိုး 4. 翘课 ဆိုတာကတော့ အိမ်ပြေးသလိုပဲ အတန်းလစ်တာ ပြောတာ၊ ဦးနုံကတော့ I today school run တဲ့။ 5. 跷跷板 ကိုတော့ ငါတို့ ကစားကွင်းနဲ့ ပန်းခြံထဲမှာ ကလေးတွေ ဆော့ကစားနေတာကို မြင်ဖူးလိမ့်မယ် ဆီးဆောလေ၊ အင်္ဂလိပ်လိုလည်း See-saw ပဲ 6. 高跷 ငါ တခါမှလည်း အပြင်မှာ မမြင်ဖူး မစီးဖူး မနင်းဖူးတဲ့ဟာ ဘာလဲသိလား၊ ဟွင်း ဟွင်း ကုလားမခြေထောက်တဲ့ stilts လို့ ခေါ်တယ်၊ အဲစာလုံး တစ်ချို့ အဘိဓာန်မှာတောင် မရှိဘူး 7. 踩高跷 ရှင်းပါတယ် န

မင်္ဂလာဦးညကို လွန်သော်

နှစ်ဖက်မိဘများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ထပ်ထိမ်းမြားပေးလိုက်သော အသစ်စက်စက် လင်မယား နှစ်ယောက်သည် ညအိပ်ရန် စက်ရာခန်းသို့ ဝင်စဉ် မယားက လင်ကို ဤသို့ ဆို၏။ "ကို အခုကတည်းက ကျမ ကိုနဲ့ ရှင်းရှင်း ပြောထားမယ်။ ကျမတို့ အတူနေကြပြီ ဆိုတော့ နှစ်ဖက် ဆွေမျိုးသားချင်းတွေက ဟိုဟာ ပေးပါဦး၊ ဒီဟာ ချေးပါဦး လုပ်ကြမှာပဲ။ ဒီအခါ ကိုက ကို့အဖေအမေကို ပေးမယ်၊ ကျမကလည်း ကျမ  အဖေအမေကို ပေးမယ်ဆိုရင် ဘယ်လိုမှ မကောင်းဘူး။ ကျမတို့ နှစ်ယောက် စီးပွား ရှာဖွေလို့ ရတာတွေ စုမိမှာ မဟုတ်ဘူး။ ဒီတော့ နှစ်ဖက်စလုံး ဘာပဲဖြစ်ဖြစ် မပေးရဘူး၊ ကျမလည်း မပေးဘူး၊ ကိုလည်း မပေးန၊ဲ့ ကတိပေး " လင်ဖြစ်သူက ထိုစကားကို သဘောမကျသဖြင့် ကတိမပေးလိုသော်လည်း၊ ကတိမပေးလျှင် အတူတူ မအိပ်တော့ဟု အကြပ်ကိုင်သဖြင်၊့ ပူသည်ဆိုမှ မီးကို တိုးချင်သော ပိုးဖလံကဲ့သို့ နောက်ဆုံး၌ ကတိထားလိုက်ရသည်။ ကိုးလ ဆယ်လကြာသော၊် သားယောကျ်ားလေး တစ်ယောက်ကို ဖွားမြင်သည်။ ကတိအတိုင်း လင်မယား နှစ်ယောက်လုံး ဘယ်ဘက်ကိုမှ မပေးကမ်းပေ၊ ပိုက်ဆံလည်း မထောက်ပံ့ချေ။ စီးပွားရေးမှာ မှန်တမ်းပင်။ ထို့နောက် သားလေး ကျောင်းတက်သည့် အရွယ် ရောက်လာသည်။ မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုသလို လင်မယား နှ

ဆေးရုံပေါ်မှာ တစ်ညတာ

Night at the Hospital. နေ့ရက်ကား ဇွန်လ ကိုးရက် တနင်္ဂနွေနေ့။ အချိန်ကား ည ကိုးနာရီခွဲသာသာ။ ငါကား အိပ်ရာဝင်ခါနီး သွားတိုက်နေချိန် ဖြစ်သည်။ ဖုန်းတစ်ကော မြည်လာ၍ ငါ သွားကိုင်လိုက်စဉ် ညက သိပ်အေးမနေပါ။ မင်းအစ်ကို ဆေးရုံမှာ ဆိုသော စကားက ဟိုးအဝေးက လာသလိုလို ရေပူအိုး ကိုင်မိသလိုလို လန့်ဖျပ်သွားသော်လည်း အလေ့အကျင့် လုပ်ထားသော စိတ်က တည်ငြိမ် ဟန် ဆောင်လိုက်နိုင်သည်။ သို့နှင့် ဤသတင်းစကားကို ခြေဆေးပြီး အိပ်ရာဝင်တော့မည့် အမေဖြစ်သူကိုလည်းကောင်း ပူအိုက်နေသော အဖေဖြစ်သူကိုလည်းကောင်း ပြောပြလိုက်သောအခါ ညသည်ကား ခါတိုင်းထက်ကို ပူလေတော့သည်။ အမေကား ဖျစ်တောက်ဖျစ်တောက်။ အေ ဖကား တစ်ကိုယ်လုံး ချွေးတွေ ကျလေသည်။ အိမ်တံခါးကို အဆောတလျင် ပိတ်ပြီးသော် ခါတိုင်းထက် မှောင်၍ လူသူ ကင်းစ ပြုနေသော တနင်္သာရီတိုင်း၏ ဆီးအိုးကြီး အဲလေ ဆီအိုးကြီး ဖြစ်သည့် မြိတ်လမ်းမများကို ဆိုင်ကယ်ဖြင့် တဝူးဝူး ဖြတ်သန်းလာခဲ့ပြီးနောက် အမေနှင့် ငါသည် ထို ဝေးလှသော ဆေးရုံတစ်ပိုင်းသို့ ရောက်သည်။ အဖေက နောက်တစ်စင်းနှင့် လိုက်လာသည်။ ဆေးရုံသည် လေအေးစက်ကြောင့် အေးနေသော်လည်း ညသည် အရင်နေ့ကဲ့သို့ မအေးမြ။ အခန်းကို တကူးတက မရှာရ။ အခန်းနံပါတ်

ဆယ်တန်း အောင်စာရင်း 2013

ငါတို့ အိမ်နားမှာ ကျတော့ နေ့စဉ်ရက်ဆက် စာအုပ်နဲ့ မျက်နှာမကွာ ဖတ်တဲ့ ကလေးမက ကျပြီး စာ နည်းနည်းပဲ ဖတ်ပြီး တီဗွီ အကြည့်များတဲ့ ကလေးမက အောင်သွားသတဲ့။ ကြားဖူးကြလား။ အကောင်းကြီး စာမေးပွဲ နတ်ကြီးတာလား။ စာစစ်သူတွေပဲ နတ်ဝင်ပူးသလား မသိရ။ လူတစ်ချို့ကျတော့ ကံကြမ္မာက မမြင်ရတဲ့အတိုင်း မျက်လှည့် ပြတတ်လိုက်တာ။ အခုတော့ အောင်မယ်လို့ တွက်ထားတဲ့သူက မအောင်ဖြစ်ပြီး ရှုံးလည်း နောက်တစ်နှစ်ပေါ့လို့ ပေလယျာကံ ထားတဲ့သူက ဂုဏ်ထူး မပါသော်လည်း လွတ်လွတ်ကျွတ်ကျွတ် အောင်သွားတော့ ရှုံးသူမှာ ငိုပွဲဆင်ရသပေါ့။ အခုနောက်ပိုင်း ကျောင်းသူ ကျောင်းသားတွေ စာတော်ပြီး ကြိုးစားတဲ့ လူငယ်လူရွယ်တွေ နည်းပါးလာတယ် ထင်တယ်။ မြိတ်အောင်ချက် ၃၇% လောက်ပဲ ရှိသတဲ့။ စာမေးပွဲခန်းထဲ ပြဌာန်းစာအုပ်ရယ် ရည်ညွှန်း ကိုးကားစာအုပ်တွေပါ ပေးယူဆောင်ပြီး ဖြေခိုင်းရမလိုပါပဲ။ ဒီလိုမဟုတ်ဘဲ အောင်ချက် မြင့်မားအောင်ကတော့ မနက်ဖြန်စာမေးပွဲ၌ ဤပုစ္ဆာနှင့် ၎င်းမေးခွန်း မေးမည် ဖြစ်ပါ၍ အသေအချာ ကျက်မှတ် ကြပါရန် လေးစားစွာ ကြေငြာအပ်ပါသည် ဆိုလို့ကတော့ ကျောင်းသူ ကျောင်းသားတွေ စိတ်ကြိုက်ကို ဖြစ်သွားနိုင်တယ်။

ဘယ်တော့ အိပ်ရေး ဝမလဲ

အိပ်ရေးဝအောင် အိပ်မယ် လုပ်ရင်း လုပ်ရင်း အင်တာနက်ပဲ သုံးမိနေတဲ့ ငါ အမေ ဒီလောက် ပြောနေတာ အိပ်ရေးဝဝ အိပ်ဆိုတာ ငါ ဘယ်တော့ လိုက်နာဖြစ်မလဲ မသိတော့ဘူး အဖြစ်အပျက်တွေ ရထားစီးသလို မြန်ဆန်နေချိန်မှာ ငါလည်း ဒီတစ်ထောင့်ကနေ ပါဝင်ချင်ရုံလေး သက်သက် ဆိုပါတော့

ပွင့်သော ပန်းတိုင်း

Every flower ပွင့်သော ပန်းတိုင်း လန်း၍ လန်းသော ပန်းတိုင်း ပွင့်စေချင်ပါသည်။ Every flowered blossom perks up and every lush blossom flowers, I wish.

အစွဲ

အင်တာနက်သည် စွဲတတ်သည်။ ဂိမ်းသည် စွဲတတ်သည်။ မူးယစ်စေတတ်သော ဆေး အရက်များသည် စွဲတတ်သည်။ ထို့ထက် စိတ်သည် စွဲတတ်သည်။
တစ်နေ့ကျရင် အားလုံး ရှင်ရမှာပဲ +google