Posts

Showing posts from May, 2007

နေရောင် ပျောက်တော့မယ့် ကောင်းကင်သစ်

ကျွန်တော် အဆုံးမရှိဘူး ။ အဆုံးကို လိုက်ရှာခဲ့တာ မဟုတ်ပေမယ့် အခု သွားနေ လုပ်နေတဲ့ အရာ မှန်သမျှဟာ အဆုံးကို ဦးတည်လို့ နေတယ်။ ရင် နှစ်ခြမ်း ဗြမ်းဗြမ်း အကွဲ ခံပြီး ရက်စက်စွာ ခွဲခွာရတော့မယ် ဆိုတော့မှ မျက်နှာက အရင်ထက် ပို တည်ငြိမ်နေပါရောလား။ ဟိုးမှာ မင်း မြင်လိုက်လား။ ငှက်နှစ်ကောင် အခြား အဖော်အပေါင်း မရှိဘဲ တိတ်တိတ်ကလေး ပျံသွားလေရဲ့။ ကောင်းကင်မှာ နေရောင် ပျောက်တော့မယ်။ အတိတ်ကို အတိတ်မှာ ထားခဲ့ချင်တယ်။ အခု လက်ရှိကို မြဲမြဲ မြံမြံ တွေးတောကာ နေချင်တယ်။ ဒါပေမယ့် ငါ ခုနက ငှက်နှစ်ကောင်လို အဖော် အပေါင်း မဲ့လို့ နေတယ်။ အိုးရေ.. အချစ်ရယ်။ လာပါ ငါ ကြိုက်နေတယ်။ မင်းဟာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ လှပ ညနေခင်း။ မင်း ရှိနေရင် ငါ့ ရင်ထဲမှာ မုန့်စားထားသလို ပြည့်ပြည့် ကျပ်ကျပ်ကြီး ပြီးတော့ နှလုံးသားကို ဆွဲဆုပ်ထားသလို ခံစားရတယ်။ အသက် မမဲ့ချင်ဘူး။ မင်းကို တွေ့ရင် ပြုံးပြချင်တယ်။ မင်းရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေချင်တယ်။ ငါ့ နှုတ်ခမ်းက တွန့်ရုံပဲ ကွေးတက်သွားတာကို ကြည့်ပြီး ဒါ ပြုံးတာလား ဟ.. လို့ ကိုယ့်ကိုယ်ကို တောင် အံ့သြနေသေးတယ်။ မင်း အိပ်နေကျ အိပ်ရာလေးကို ဖြတ်သွားတိုင်း ငါ့မှာတော့ သတိတရနဲ့.. မင်းကော ဘယ်လို နေ

ထူးဆန်းတဲ့ အလင်းအိမ်အောက်

ပြုံးနေတဲ့ တိမ်အောက်မှာ ငိုနေတဲ့ ကလေးလေးလောက် အလင်းအိမ် တောက်ပတာ မရှိနိုင်ဘူးလို့ စဉ်းစားရင်းနဲ့ အဖြေတွေ ငါ့ရင်ဘတ်ထဲကနေ ပျောက်ဆုံးသွားကုန်ပြီကွယ်။ အချိန်တွေ ပြန်မရနိုင်တော့ဘူး။ မတောင်းဘဲနဲ့ ရတာ၊ သို့မဟုတ်၊ တောင်းပြီး မရတာကို ပြောပါဆိုရင် အချိန်ကလွဲလို့ ဘာများ ဖြစ်နိုင်ဦးမှာလဲကွယ်။ ပြောလိုက်ဦးလေကွယ်။ မင်္ဂလာ ရုပ်ရှင်ရုံမှာ မွန်းလွဲ ဆယ့်နှစ်နာရီခွဲကတည်းက သွားစောင့်နေတာလို့လေ။ တရွေ့ရွေ့သွားနေတဲ့ စက်ကန့် လက်တံအောက်မှာ နာကျည်း ရှက်ရွံမှုတွေ တဖြည်းဖြည်း ပေါက်ဖွားလာနေရဲ့။ အိပ်ပျော်နေတာကတော့ ဒီရက်တွေမှာ ကော်ဖီ သောက်တာ နည်းလာလို့ပါ ဆိုတာ ဘယ်သူ့ သွားပြောပြရမှာပါလိမ့်။ မလိုအပ်တဲ့ သွေးသား ဆာလောင်မှုတွေ အချိန်ကို မေ့ပစ်ပြီး ရက်စက် ကုန်လွန်နေပြီ ဆိုမှ၊ သူ့အတွက် ဖျာလိပ်ရမယ့် အဖြစ်မျိုးက ဖြစ်ခဲ့ပြန်။ မိုးအေးအေးမှာ ကွေးကာ အိပ်နေချင်ပေမယ့်လည်း ရာသီသွေးတွေက ဆူလောင်တာမို့ ထထွက်ကာ ည ၁၂ နာရီခွဲလောက်မှာ သီရိမင်္ဂလာဈေးကို တောက်လျှောက် ရောက်လာပြီ။ သူငယ်ချင်းရယ် ငါတို့ မုန့်ဟင်းခါးပဲ စားတာ ကောင်းမယ်။ လုပ်လေ။ မုန့်လည်းစား ဘောလုံးပွဲလည်း ကြည့်မယ်ကွာ။ ဒီအချိန်မှာ ကမ်ဘာ တစ်ခြမ်းမှာတော့ လင်းထိန်လို့ ပူပြင်းနေ

အပိုင်းအစ အတွေးနှင့် ပြောချင်ရာရာ

အင်း အချိန်တွေ တဖြည်းဖြည်း ကုန်လွန်နေတာကို ကျွန်တော် သတိထားမိပါတယ်။ ကျွန်တော်တို့ ထွက်လာခဲ့တဲ့ လမ်းပေါက်ဟာ အခုတော့ ပြန်ပိတ်သွားပါပြီ။ ဟိုတစ်ခါတုန်းက ကျွန်တော့ကို ဖမ်းမယ် လုပ်တဲ့ ကောင်မလေးလည်း အခု မတွေ့ရတာတောင် ကြာနေပြီကော။ ကျွန်တော်က ကော်ဖီ အရမ်းကြိုက်တဲ့ ကောင်။ အစက စူပါမှ စူပါပါပဲ။ နောက် သူငယ်ချင်း တစ်ယောက် စပ်ပေးလိုက်တာ အရသာ တွေ့သွားတာနဲ့ နက်စ်မှ နက်စ် ဖြစ်ပြန်ရော။ အခုတော့ ကော်ဖီဖိုးနဲ့တင် မွဲတော့မယ် ထင်ပါရဲ့ဗျာ။ ညလည်း ကော်ဖီ၊ နေ့လည်း ကော်ဖီ၊ အလုပ်မှာလည်း ကော်ဖီ။ ခက်လည်း ခက်တဲ့ ကော်ဖီ။ သြော်.. ကော်ဖီ.. မင်းကို သေတဲ့ အထိ သောက်သွားရမလား မသိတော့ပါဘူးကွာ..။ နေမင်း

ကဲ.. ပြောချင်တာပြော

အင်း အချိန်တွေ တဖြည်းဖြည်း ကုန်လွန်နေတာကို ကျွန်တော် သတိထားမိပါတယ်။ ကျွန်တော်တို့ ထွက်လာခဲ့တဲ့ လမ်းပေါက်ဟာ အခုတော့ ပြန်ပိတ်သွားပါပြီ။ ဟိုတစ်ခါတုန်းက ကျွန်တော့ကို ဖမ်းမယ် လုပ်တဲ့ ကောင်မလေးလည်း အခု မတွေ့ရတာတောင် ကြာနေပြီကော။ ကျွန်တော်က ကော်ဖီ အရမ်းကြိုက်တဲ့ ကောင်။ အစက စူပါမှ စူပါပါပဲ။ နောက် သူငယ်ချင်း တစ်ယောက် စပ်ပေးလိုက်တာ အရသာ တွေ့သွားတာနဲ့ နက်စ်မှ နက်စ် ဖြစ်ပြန်ရော။ အခုတော့ ကော်ဖီဖိုးနဲ့တင် မွဲတော့မယ် ထင်ပါရဲ့ဗျာ။ ညလည်း ကော်ဖီ၊ နေ့လည်း ကော်ဖီ၊ အလုပ်မှာလည်း ကော်ဖီ။ ခက်လည်း ခက်တဲ့ ကော်ဖီ။ သြော်.. ကော်ဖီ.. မင်းကို သေတဲ့ အထိ သောက်သွားရမလား မသိတော့ပါဘူးကွာ..။ နေမင်း -- Life is too short...!

ညိုဝင်သွားသော ကောင်းကင်

အဖြေမရှိတဲ့ အခိုက်အတန့်လေးမှာ အားလုံးကို ၀န်ခံပစ်ချလိုက်ဖို့ သတိတွေ ပျောက်ဆုံးကုန်တယ်။ ရဲရင့်တဲ့ ရဲရင့်က ငါ့ အပါးက တိတ်တဆိတ် ခွါထွက်သွားချိန် ခဏလေးမှာ.. ရင်မှာ အော်မြည်တမ်းနေတာကတော့ အမှောင်ထုကို ငါ မကြုံချင်ဘူး ဆိုပဲ။ သိမ်ဝင်သွားတဲ့ အခါ အရာရာ ငါ့ထက် အဆ တစ်ရာ ပိုကြီးလာခဲ့ပါတယ်။ လိုက်လိုက်.. လိုက်လိုက်.. ဖားကလေး တစ်ယောက်ကို ကြည့်ပြီး ငါ အော်နေမိတယ်။ တဖြည်းဖြည်း နီးကပ်လာတဲ့ ကောင်းကင်ကို ကြည့်ရင်း ကြည့်ရင်း အသက်တောင် ရဲရဲ မရှူဝံ့ဘူး။ ၀ုန်းခနဲ ၀ုန်းခနဲ ပြိုလဲကျနေတဲ့ ကမ်းပါးပြတ်က မြေစိုင်ခဲကို ထိတ်လန့်တကြားနဲ့ မျက်လုံးပြူးပြနေမိတာ။ မကြာခင် သူ(.. .. ..) ငါ့ဆီ ချဉ်းကပ်လာတော့မယ်ပဲ ဆိုနေပါလား။ ထိုခဏမှာ အနောက်မြောက်ထောင့်က မိုးချုန်းသံ အမှတ်တမဲ့ ကြားလိုက်ရတယ်။ မိုးစက်မိုးပေါက်တွေ တဖွဲဖွဲ ကျလာရော.. ငါ အိမ် ပြန်ဖို့ သုတ်ခြေတင်ရတော့တာ အားလုံး မသိဘူး။ ထားလိုက်တော့.. မကြာခင်မှာ.. အိုး ဟုတ်တယ်.. မကြာခင်မှာ.. သတ်တလောကကြီး လဲပြို ပျက်စီးတော့မှာ သူတို့ မသိကြဘူး။ ဝေးသွားတဲ့ အခါ တစ်ခါတုန်းက ဂရင်းညီနောင် ပုံပြင်များ ဆိုပြီး အံဘနန်း ပြန်ထုတ်ကြဦးမယ်။ ငါ ဆ

နောက်ပြန်သွားနေတဲ့ လှုပ်ရှားမှု

အချိန်ဟာ နောက်ပြန်သွားနေတယ်။ ကျွန်တော် မသိလိုက်တဲ့ အချိန်မှာ အဝေးဆုံးက လင်းဖြာလာတဲ့ ရောင်ခြည် တစ်ချို့အောက်မှာ လဲကျ သေဆုံးသွားတယ်။ မထင်လိုက်ဘူး…………………………………..။ တစ်နေ့နေ့မှာ ဒီအချိန်ရဲ့ ညင်သာစွာ နမ်းရှိုက်မှုကို လက်ခံရလိမ့်မယ်လို့လေ.. အသက်ကို ပြန်သိမ်းပိုက်လိုက်ပြီးတဲ့ နောက်မှာ ကျွန်တော် ပထမ ဦးဆုံး စဉ်းစားမိတဲ့ လုပ်ရန်က သူငယ်ချင်းနဲ့ မြိတ်မောင်တိတ်မှာ ကတ်ကြေးကိုက် သွားစားဖို့ပဲ ဖြစ်တယ်။ ကျွန်တော် အင်းကျီကို အမြန်လဲတယ်။ သူငယ်ချင်း စောင့်နေတယ်.. စာအုပ်တစ်အုပ် ဖတ်ရင်းနဲ့ ဖိနပ်ကို အတင်း ထိုးစီးပြီး ကြိုးတွေ သိုင်းလိုက်တယ်။ အပြင်ထွက်ဖို့ အဆင်သင့် ဖြစ်ပြီလား အင်း မိုး ရွာမရွာ ကြည့်ရဦးမှာ မဟုတ်လား။ ဒီနေ့ မိုး မရွာလောက်ဘူး ဒါနဲ့ ကျွန်တော်တို့လည်း ထီး မယူတော့ဘဲ ထွက်လာခဲ့ကြတယ်။ အလို.. ၅၃ ဘတ်စ်က မောင်တိတ်ဆီ ရောက်ပါတယ်။ ဇဝေဇ၀ါနဲ့ တက်စီးပြီး အိတ်ကပ်ထဲက တစ်ရာက ခုန်ထွက်သွားတယ်။ တိမ်တွေက ညိုမှိုင်းမှိုင်း နေတယ်လေ။ ငါ့စိတ်တွေ လွင့်ထွက်သွားချင်နေတုန်းပါ နောက်ပြန်သွားတဲ့ အချိန်ကိုပဲ လိုက်သွားပြီး လက်ရှိကို မေ့ပျောက်ချင်လိုက်တာ.. ငါနော်..။ ဟုမ်းလမ်းမှာ ဆင်းလိုက်တယ်။ မိုး မရွာခင် ကားလမ်းကို ဖြတ်ကူးလိုက်တယ်။

အဆင်ပြေမှာလား

ဘ၀မှာ လမ်း နှစ်ခွကို ရောက်အောင် လျှောက်လာမိတိုင်း အမြဲ နောင်တ ရခဲ့ပါတယ်။ ကိုယ် မှန်မှန် လျှောက်လာတဲ့အခါ အခက်အခဲတွေက အမြဲ စောင့်ကြို ကမ်းလင့်နေတာကို တွေ့မြင်ရပါတယ်။ ဒုက်ခတွေက နံဘေးမှာ ကူညီဖို့ ရပ်စောင့်နေတာလည်း ကြုံရပြန်ပါတယ်။ ချောက်ထဲ ကျဖို့ သီသီကလေး ကမ်းနံဖူးမှာ လျှောက်နေတဲ့ အချိန်ကတော့ ကြောက်ရွံ့မှုတွေက ကြီးစိုးလို့ပေါ့။ သည်းထိတ် ရင်ဖိုဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေက လူ့နှလုံးကို အမြဲ ခြောက်လှန့်နေတတ်ပါတယ်။ မှားပြီး ပြန်ပြင်လို့ မရတော့ရင် ဆိုတဲ့ အတွေးကလည်း တုန်လှုပ် ခြောက်ခြားစေပါတယ်။ နောက်ကျပြီးမှ သတိတရား ရမှာကို ကြိုသိနေတာကလည်း အစိုး မရတဲ့ အတိတ်က ဖြစ်ရပ်တွေ တရေးရေး မြင်ယောင်ဆဲ။ ကုန်ဆုံးနေတဲ့ အချိန်ကာလကို ဘယ်သူ စားပစ်လိုက်တာလဲ။ ငါ ကြည့်လိုက်ချိန်မှာ ကုန်ဆုံးသွားပြီတဲ့။ ရပ်တည်မှု နေရာကိုလည်း အချိန်က ပြန်စားသွားတယ်လို့ တွေ့မြင်လိုက်တဲ့ အဘိုးကြီးအို တစ်ယောက်က ငါ့ကို တစ်နေရာရာမှာ ပြောပြခဲ့တယ်။ ကဲ.. ဒါဆိုလည်း ဘာမှ မလုပ်တော့ဘဲ ထိုင်နေတော့မယ် ဆိုတော့ တံခါးရွက်က ငါ့ ရှေ့မှာတင် ပြုတ်ထွက်သွားတယ်။ အမှောင်ထဲ ပြေးဝင်လာတဲ့ ရွှေရောင် အလင်းဟာ နဂိုက ထင်

အတ်တတစ်ခုနဲ့ သတ်ပုတ်ခြင်း

ဒီနေ့ သိပ်ပျော်ဖို့ ကောင်းတယ်လို့ ထင်တယ်။ တရုတ်စာ Certificate အောင်လက်မှတ် ရတယ်လေ။ ဘာပြောပြော ဒါဟာ ကျွန်တော့ အတွက်တော့ စိတ် ဖြေသိမ့်မှု တစ်ခု ရလိုက်သလိုပဲ။ လူတွေက ဒီ အလွတ်ပေးတဲ့ အောင်လက်မှတ်ကို မသိဘူးလို့ပဲ ပြောရင် ဖြစ်စေ၊ ဘယ်ကျောင်းက ပေးတာလဲလို့ မေးစမ်းရင် ဖြစ်စေ ကျွန်တော်ကတော့ ၀မ်းသာ အားရ ပြောမှာ အသေအချာပဲ။ မနက် အစောကြီး အိပ်နေတုန်း၊ လူတစ်ယောက်(ခပ်ငယ်ငယ်လေး ရှိသေးတယ် ထင်တယ်) လာနိုးတယ်။ ဆရာခေါ်ခိုင်းလိုက်တယ် ဆိုတော့ မခေါ်စဖူး အခေါ်ထူးလို့ ဘာကိစ်စများ ဘာလိမ့်လို့ စိတ်စိုးသွားသေးတယ်။ ဒါနဲ့ သွား အမြန်တိုက်၊ အင်္ကျီ အမြန်လဲပြီး အပြင်ကို ခပ်သုတ်သုတ် ထွက်လာခဲ့တယ်။ ဟိုရောက်တော့ လူတွေ သိပ်မစုံသေးပေမယ့် ရောက်နေတဲ့ သူက ရောက်နေပြီ။ ဆရာက ကြိုဆိုတယ်။ ဘာတစ်ခွန်းမှတော့ မပြောသေးဘူး။ ခုံတန်းရှည်မှာ ၀င်ထိုင်လိုက်ရင်း နံဘေးက အရင်းနှီးဆုံး သူငယ်ချင်းကို အကြောင်းရင်း မေးမှ သိရတော့တယ်။ ဒီနေ့ တရားနာပြီးရင် အောင်လက်မှတ် ပေးမှာ ဆိုပဲ။ ရင်မခုန်ပါဘူး။ ခုန်စရာလား ဆိုပေမယ့် Certificate ရဖို့ မျှော်လင့်ခဲ့တာတော့ အချိန် အတိုင်းအတာ တစ်ခုထိ ဟုတ်တယ်။ လက်တွေ့ ကြုံတဲ့ အချိန်မှာ စိတ်က တည်ငြိမ်နေတယ်။

နေမင်းရဲ့ တစ်ခါတုန်းက ပုံပြင်များ

Part (1) တစ်ခုသော ညနက်ပိုင်းတစ်ခုတွင် ဖြစ်လေသည်။ တစ်ခုသော အိမ်ခန်လေး၏ ထောင့်တစ်ထောင့်တွင် ဖြစ်သည်။ မီးဝါ၀ါကျင်ကျင် ထွန်းထားသော လင်းနေသော အခန်းထောင့်လေးတွင် နီညိုရောင် အင်းကျီကို ၀တ်ထားသော ကောင်လေးတစ်ယောက်သည် စာကို စိတ်ပါလက်ပါ ဖတ်နေလေသည်။ ထိုအခိုက်တွင် မဟူရာည ကောင်းကင်ယံထက်တွင် ပြည်ပသို့ ထွက်ခွာဟန် တူသော လေယာဉ်တစ်စင်းသည် မပြောမဆို ပျံသန်းသွားလေသည်။ ကောင်လေးသည် သမိုင်းမှတ်စုထဲမှ စာကို အလွတ်ရအောင် ဖတ်နေလေသည်။ လဲလျောင်းလျက် ဖတ်နေသည်လည်း မဟုတ်ချေ၊ စားပွဲတင်မီးထွန်းထားသော စားပွဲခုံပုလေးနံဘေးတွင် မတ်မတ်ကလေး ဖတ်နေလေရာ ကြည့်လို့ အတော်ကောင်းပါသည်။ မီးဝါကျင်ကျင် ဖြာကျနေသော ကောင်လေး၏ လက်ဖျံနှစ်ဖက်သည် ရွှေဝါရောင် အလင်းများ စူးစူးရှရှ ပြန်လျက်ရှိသည်။ အဆိုပါ နူးညံ့ သွယ်ပျောင်း လှပသော ကောင်လေး၏ လက်များသည် စားပွဲခုံပုလေးပေါ်တွင် မှီတင်ထားလေသည်။ ၁၁ နာရီထိုးလုသော အချိန်တွင် ကောင်လေးသည် နာရီဒိုင်ခွက်ကို အမှတ်တမဲ့ ကြည့်မိလေသည်။ ယင်းသို့ ကြည့်လိုက်သည့် အချိန်ွမှလည်း ကောင်လေးသည် သမိုင်းစာအုပ်ထဲမှ ကျက်သင့်သော စာ တော်တော်များများကို ကျက်ပြီးသား ဖြစ်လေသည်။ စိတ်ဓာတ် ပေါ့ပါးသွားဟန် မျက်နှာတွင် အမူအရာ ပေါ်လာသော်လည