Posts

Showing posts from May, 2015

ကိုယ်​နဲ့မင်း

"ကိုယ်က အိမ်ထောင်ရေးကို ပစ္စည်းဥစ္စာနဲ့ တိုင်းတာတတ်တယ်။ အဲဒါ မင်းကမှ မသိဘဲ။ ဒီတော့ ကိုယ်တို့ အိမ်ထောင်ရေး မခိုင်မြဲဘူးပေါ့" *** "ကျွန်မက အိမ်ထောင်ရေးကို ချစ်ခြင်းမေတ္တာနဲ့ တိုင်းတာတတ်တယ်။ အဲဒါ ရှင်ကမှ မသိဘဲ။ ဒီတော့ ကျွန်မတို့ အိမ်ထောင်ရေး ပြိုကွဲပြီပေါ့" *** "မင်းရဲ့ ချစ်ခြင်းမေတ္တာက လမ်းဘေးအုတ်ခုံလောက်မှ တန်ဖိုး မရှိတာဘဲ" *** "ရှင်ရဲ့ ပစ္စည်းဥစ္စာတွေက နေပူထဲက အရိပ်လောက်မှ တန်ဖိုး မရှိတာဘဲ"

သေ​ရော

တနေ့ အတန်းထဲ၌ ဆရာမက မေးသည်။ “ဝါဝါ တနေ့ ၁၀ ကျပ်နှုန်းနဲ့ မုန့်ဖိုး ရမယ်ဆိုရင် ၁၀ ရက်ဆိုရင် ဘယ်လောက် ရမလဲကွယ်” “မေမေက သမီးကို မုန့်ဖိုး မပေးဘူး ဆရာမရဲ့” “တိန်”

သာဓု​ေခၚစရာ

၂ နာရီ ထိုးခါနီးပြီ။ နွေလည်နေရဲ့ အပူရှိန် ဒဏ်က တော်တော် ပြင်းပါတယ်။ ဒီနေ့ ကုသိုလ် ကောင်းမှု တခု ပြုလိုက်တယ်။ ကော်လာလည်ကတုံး သေသပ်စွာ ဝတ်ထားပြီး ပိန်ပိန်ပါးပါး လူတယောက် မင်္ဂလာဆောင် တခုက ထွက်လာပြီး ၅၀၀၀ တန် ပိုက်ဆံ အကြွေ လိုချင်လို့ လိုက်လဲနေတယ်။ လဲမရဘူး။ အားလုံးက ခေါင်းခါလိုက်တယ် ထင်တယ်။ ငါ့နား ရောက်လာပြီး လဲတယ်။ နည်းနည်း ကရိကထခံပြီး လဲပေးလိုက်တယ်။ ကောင်းမှုတခု နေ့စဉ်ပြုတဲ့။ စိတ်ထဲမှာ ဝမ်းသာတယ်။ သူငယ်ချင်းတို့လည်း သာဓု ခေါ်ကြပါ။ တိန်။