Posts

Showing posts from March, 2012

ပန်း (မြန်မာ/တရုတ်)

1.    ကြာပန်း 莲花 2.    ကြာညို 蓝莲花 3.    ကြာနီ 红莲花 4.    ကြာဖြူ 白莲花 5.    ကြက်ရုန်း 阿拉伯茉莉花 6.    ကြွေပန်း 秋海棠 7.    ခရေပန်း 星花 8.    ခေါင်းလောင်းပန်း 钟花 9.    ခတ္တာ 郁金香花 10. ချယ်ရီပန်း 樱花 11. ခြောက်လပန်း 六月花 12. ခွာညိုပန်း 铁线莲 13. ဂမုန်းပန်း 长寿花 14. ဂန္ဓာမာပန်း 菊花 15. ငုပန်း 金链花 16. စကားစိမ်းပန်း 绿兰花 17. စကားဝါပန်း 黄兰花 18. စံပယ်ပန်း 茉莉花 19. စန္ဒကူးပန်း 檀香花 20. ဆူးပန်း 红花 21. ဆိတ်ဖလူးပန်း 珊瑚茉莉花 22. ဇော်မွှေးပန်း 康乃馨 23. ဇွန်ပန်း 小茉莉花 24. ညမွှေးပန်း 夜来香 25. တိုက်ကပ်နွယ်ပန်း 常春藤花 26. တောင်ပေါ်ကြာ

သွားနီးချိန်

အသက် ငင်လျက် တွေးနေချိန်လေး။ သူ ငါ့ဆီ ပြန်လာပါ့မလား။ နောက်ဆုံး စွန့်လွှတ်ချိန်လေး အထိ။ ဦးစကို ချစ်သလို သူ့ကိုလည်း ချစ်။ လူဦးမင်းကို ချစ်သလို ငါ့ကိုတော့ မချစ်။ တိတ်ဆိတ်ခြင်းနဲ့ အသက်ရှူသံ တွဲဖက် ကခုန်။

နေနေ..

ကမ်းနားမှာ ထိုင်နေ။ လထွက်လာ။ လက ဝါနေ။ တိမ်တက်လာ။ တိမ်က ပြာနေ။ လေတိုက်လာ။ လေက စွာနေ။ ဆိုင်ကယ်တွေ ဖြတ်လာ။ ဆိုင်ကယ်က ခါနေ။ လူတွေ ဖြတ်လာ။ လူတွေက ချာနေ။ အချစ်က ဖြတ်လာ။ အတ္တက ကာနေ။

ညမှောင်တုန်းက

တလက်လက်ထနေတဲ့ လှိုင်းလုံးတွေ ညအမှောင်ထဲမှာ တလိမ့်လိမ့် တက်လာတယ်။ ပျံခိုင်နေတဲ့ ဒီခန္ဓာကို လှုပ်လီလှုပ်လဲ့ နွဲ့ရင်း ကမ်းနားလမ်း တန်းပေါ်မှာ ထိုင်နေတယ်။ ပတ်ပတ်လည် ရေစီးနေခဲ့တယ်။ ငါ့အတွက် လိမ္မော်ရောင် ဆိုင်ကယ် ဝင်ရောက်လာခဲ့တယ်။ ငါ့အပေါ် တအားကောင်းတဲ့ မိတ်ဆွေ လေကလေး တဖြုန်ဖြုန် တိုက်ခတ်နေလေရဲ့။ စစ်ပြီးနောက် ပြန်လာခဲ့တဲ့ ခြောက်ကပ်လမ်းပေါ်က ဆွေးမြေ့သည်းကို ကောက်ယူလာပြီး ငါ့အိမ် ဧည့်ခန်းက စားပွဲစွန်းမှာ ထပ်တင်ထားလိုက်တယ်။ သူ့ကို ကြင်နာ လေးစား ရိုသေမယ့်သူ မရှိတာ ငါ ဝမ်းနည်းလို့။ ငါ ချစ်တယ်။ တောင်ပေါ်က စိုက်တိုက်လာတဲ့ တောင်ပြန်လေနွေးတွေကြားမှာ သူ့ကို ငါ ဖက်ဖို့ အချိန် ပေးပါ။

အချိန်နှင့်အမျှ

အချိန်နှင့်အမျှ စီးဆင်းကြနေသော အင်တာနက် လောကခေတ်ကြီးထဲတွင် ကျွန်ုပ်သည်၎င်း၊ ကျွန်ုပ်နှင့် အလားတူ ပတ်သက် ဆက်နွယ်နေသော သတ္တလောကကြီးသည်၎င်း ရှိရှိသမျှ အရာရာတိုင်းသည် အင်တာနက်ဆိုသော ဘိန်းကို မှီဝဲရင်း ငိုက်မှန်းမသိ ငိုက်ရင်း အပြင်ဘက် ကမ္ဘာကြီးတွင် ဘာတွေ ဘယ်လို ပြောင်းလဲနေသည်ဆိုသော တကယ့်အဖြစ်မှန်ကိုမူ မေ့လျော့နေကြသကဲ့သို့ ရှိကြတော့သည်။  ရပ်တန့်က ကောင်းမလား၊ ဆက်သွားက အဆင်ပြေမလား မိမိကိုယ်ကို အသည်းအသန် စဉ်းစားရင်း၊ အတိတ်ကို အတိတ်မှာပင် ချန်ထားရစ်ခဲ့ကာ၊ သွားလေသူ ဘိုးဘိုးဘွားဘွားများအကြောင်း လွမ်းဖွယ် တွေး၍ ချစ်ခြင်းနှင့် မေတ္တာဆိုတာ ဒင်္ဂါးပြား တစ်ပြား၏ ခေါင်းပန်းလိုလားဟု အဖြေထုတ်ခြင်းသည် အချိန်ကို ကုန်လွန်စေလျက် ရှိသည်။ အချိန်နှင့် နေရာကို မေ့ခြင်း၊ သို့မဟုတ် ရောထွေးခြင်းက ကျွန်ုပ်တို့၏ လူနေမှု ဘဝတွင် ကြီးမားသော ဆုံးရှုံးမှုကို သယ်ဆောင်လာပါတော့သည်။ အချိန်နှင့်အမျှ စီးဝင်နေသော သတင်း အချက်အလက်များနောက်သို့ တရကြမ်း လိုက်ပါသော်လည်း၊ စီးဝင်အား များပြားလှသည့် အလျှောက် နောက်ဆုံး ပြေးလိုက်သူမှာ အင်အား ခမ်းကုန် ပန်းမော လျနွမ်းကုန်တော့လေချေသည် တမုံ။ ကျွန်ုပ်တို့ မနုဿလူသားများသည် အဘယ်သို့ ပြုရအံ့နည်း။ လက်လျှေ

အဆင်မပြေခြင်း

တစ်နေ့က အင်တာနက်တွေ လိုင်းကောင်းတဲ့ အချိန်တုန်းက ဝက်ဘ်ဆိုက် လျှောက်ကြည့်ရင်း Alison.com ကို ရောက်သွားပါတယ်။ Free Online Learning Website လို့ ညွန်းထားတော့ ဝမ်းဝမ်းသာသာနဲ့ မင်ဘာ ဝင်လိုက်ပါတယ်။ သူ့မှာ ပြထားတာကလည်း စုံလင်တယ်၊ အနောက်တိုင်းက ကျောင်းတွေမှာ ခေတ်နဲ့အညီ ပြဌာန်းတဲ့ ပုံနှိပ်ဖတ်စာအုပ်တွေ ပြန်တင်ပေးထားတာရယ်၊ ဘီစီက ထုတ်တဲ့ အင်္ဂလိပ် အလယ်ဆင့် (Intermediate) စာတွေ မြင်ရတာရယ် စိတ်ဝင်စားသွားပြီး၊ လေ့လာချင်စိတ် ပြင်းထန်သွားပြီး ဝင်လိုက်တဲ့ မင်ဘာ၊ ညပိုင်းမှာ ငါရဲ့ အားလပ်ချိန်လေး ကုန်ဆုံးသွားရော ။ နောက်တစ်နေ့ အင်တာနက် မသုံးဖြစ်ဘူးနဲ့ တူတယ်။ သုံးလေးရက်လောက် ကြာတော့ ပြန်ဝင်တယ်။ အလိုင်ဆန်ကို သတိရလို့ ပြန်ဖွင့်လိုက်ပြီးမှ လျှို့ဝှက်နံပါတ် မေ့နေပါပြီ။ ဒါနဲ့ ပြန်တောင်းရပြန်တယ်။ အလိုင်ဆန်ကလည်း အတည်ပြုချက် ပြန်တောင်းတယ်။ အရေးထဲမှာ ဂျီမေးလ်ကလည်း ဖွင့်ကြာနေတယ်။ အချိန်တွေ ကုန်သွားပါသော်ကော။ ဟုတ်ပါပြီ။ အလိုင်ဆန်ထဲ ရောက်လာပါတယ်။ ကဲ ကိုကို ဘာများ လေ့လာရင် ကောင်းမလဲ၊ လျှောက်ကြည့်ပါတယ်။ နောက်ဆုံးပိတ် အင်္ဂလိပ်စာ Intermediate 1 ကို ရွေးလိုက်ကာ ယူနစ်တူးကို ဖွင့်ကြည့်ပါတယ်။ ဟောဗျာ… လိုင်းမကောင်းလို့ပဲလား ဝက