Posts

Showing posts from September, 2013

Paint Series ၂

Image
ငှက်ကလေးတွေ အိပ်တန်းပြန် အဖော်ရှိလို့ တော်ပါသေးတယ် အခြားကလေးတွေလို လာပါလို့ မခေါ်ရ ကြည်လင်နေတဲ့ ကောင်းကင်ကြီးအောက်မှာ ကံကောင်းမှု ရချင်တယ်။ အိမ်အဝင် လမ်းကြားကလေးရဲ့ အဝ တိတ်ဆိတ်ခြောက်ကပ် ညဆိုမှောင် နေ့မှာ ဗလုဗလက် ဗွက်ထတက် ထူးမခြားနား မြန်မြိတ်မျှော်။ ချစ်စရာ အိမ်လေး စိုက်ပျိုးရေးကို အားပေးတယ် အချိန်တိုင်း အမြဲ ပျော်ရွှင်နေချင်သူ ဘုရားတရားကို လုပ်ကြပါ။ မိသားစု ဆုံစည်းရာ မိုးလေတိုက်သည် ပြတင်းပိတ်ပါ ဟင်းလျာများ အလွန်အရသာ ရှိသည် လျှပ်စစ်မီး ချွေတာပါ။

Paint Series

Image
ကိုယ်သာ သူ့နေရာမှာဆို လက်လျှော့လိုက်မလား။ စဉ်းစားရင် တွေဝေနေမယ်လား။ Superman uses Google plus to find out a mate. :) စူပါမင်းမှာ အဖော်လိုနေလို့။ တစ်ယောက်တည်း မသွားသင့်တဲ့ တောအုပ်။ "တောအုပ်" ပန်းချီကား။ သင်ကိုယ်တိုင် လမ်းရှာရင်း ခေါင်းမူးနိုင်ပါစေ။ မှောင်မိုက်ပြီး လမထွက်တဲ့ အခါ ကိုယ့်အတွက်တော့ အရာတိုင်းက အဓိပ္ပာယ် မဲ့နေတာ။ ရာပေးလို့ ဆုတ်၊ ထောင်ပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်ချင်တယ်။ မင်းအတွက် နှလုံးသားနက်နက်ထဲက ရင်ခုန်သံစည်းချက်တွေပါ။ ပရမ်းပတာ နိုင်ပေမယ့် တစ်ခါလောက်တော့ နားဆင်ကြည့်ပါလား။ ဈေးကြီးလို့ မုန်းတယ် ဂေါ်ဖီထုပ် ဈေးပေါလို့လည်း မုန်းတယ်။ ဈေးကြီးတဲ့အခါ မစားရလို့၊ ဈေးပေါတဲ့အခါ စားရလွန်းလို့။ အချစ်အတွက် အသက်သက်သေ။ အလှအတွက် ပန်းသက်သေ။

စကားထွန်း

①隨機應變的能力,是解決生活上困難的武器,要比書本上的知識有價值得多。 【လိုက်လျောညီထွေ အံဝင်အောင် နေတတ်ခြင်းသည် ဘဝမှာ အခက်အခဲပြဿနာတွေကို ဖြေရှင်းပေးသော လက်နက်ပင် ဖြစ်ကာ စာအုပ်ပေါ်မှ အသိပညာထက် ပိုမို၍ တန်ဖိုးရှိသည်။】 (随机应变的能力,是解决生活上困难的武器,要比书本上的知识有价值得多。) 『Adaptability is a weapon to solve difficulties in life. It is more valuable than book knowledge.』 ■☆■☆■☆■☆■☆■☆■☆■☆■ ②不要逼自己什麼事情都要做對,因為有時候犯錯可以讓我們變得更好。 【ကိုယ့်ဟာကိုယ် လုပ်သမျှ မှန်ရမည်ဟု တွန်းမနေပါနှင့်၊ တစ်ရံတစ်ခါ မှားယွင်းခြင်းသည် ကျွန်ုပ်တို့အား ပိုကောင်းသော လူတစ်ယောက် ဖြစ်စေသောကြောင့် ဖြစ်သည်။】 (不要逼自己什么事情都要做对,因为有时候犯错可以让我们变得更好。) 『Don't push yourself trying to fit everything right, because sometimes being wrong makes you a better person.』 ★□★□★□★□★□★□★□★□★ ③不要選擇輕鬆的那條路,別讓這個世界污染你。 【ပေါ့ပေါ့နေသော လမ်းကြောင်းကို မရွေးချယ်ပါနှင့်၊ သင့်ကို ဤလောကက အလိုလိုက် မဖျက်ဆီးစေနှင့်။】 (不要选择轻松的那条路,别让这个世界污染你。) 『If it feels easy, don't do it.Don't let the world spoil you.』 §※§※§※§※§※§※§※§※§※§※§※

字连游戏

你去哪里有人家庭审核心情况且不说明天气氛围绕道德国际贸易经济南海洋葱花生产品质疑问题目录像素材料理论坛子宫殿堂哥伦比亚迪斯尼泊尔曼谷物理学期末考试用期中考上床垫层叠衣服务必须眉毛病例外观察看见鬼 ————————————————— ●你去● နင်သွား ⇇哪里⇉ ဘယ်ကို│ ဘယ်မှာ ┻有人┻ လူရှိတယ် #家庭# မိသားစု 【审核】 ●shen3 he2● စစ်ဆေး အတည်ပြုတာ│ examine and verify 心情 စိတ်နေ│ mood 【况且】 ဒီပြင်၊ 不说 မပြော ○明天○ မနက်ဖြန် ↑○气氛○↓ လေထု 〈围绕〉 လည်ပတ်│ လည်နေ ♂道德♀ ကိုယ်ကျင့်တရား ♥国际♥ နိုင်ငံတကာ ●贸易● ကုန်သွယ်ရေး □经济□ စီးပွားရေး ♠南海♠ တောင်တရုတ်ပင်လယ် ■洋葱■ ကြက်သွန်နီ ○花生○ မြေပဲ 『产品』 ကုန်ပစ္စည်း │ထုတ်ကုန်│ ထွက်ကုန် 《质疑》 စစ်မေးတာ ★问题★ ပြဿနာ │မေးခွန်း │ခေါင်းစဉ် ¥目录¥ မာတိကာ │စာရင်း│ ကတ်တလောက် [像素] pixel 材料 ကုန်ကြမ်း│ ဒေတာ 『理论』 သီအိုရီ 「坛子」 (အဝကျဉ်း) မြေကရား ◆宫殿◆ နန်းတော် ☆堂哥☆ ဝမ်းကွဲအစ်ကို {尼泊尔} နီပေါ ♪曼谷♪ ဗန်ကောက် ♬物理学♬ ရူပဗေဒ ♯期末考♯ အခန်းဆုံးစစ်ခြင်း end-of-term exam ♡试用♡ စမ်းသုံးတာ (期中考) တတ်မြောက်ကျွမ်းကျင်မှု စစ်ဆေးခြင်း mid-term exam ✔上床✔ ကုတင်ပေါ်တက် │အိပ်ရာဝင် ※叠衣服※ ▼▼务必▼▼ လုပ်ရမယ် 〔须眉〕 ယော်ျားသားများ ◎◎毛病◎◎ အပြစ်အနာအဆာ ✓✓例外✓✓ ခြွင်းချက် 〔观察〕 လေ့လာစောင့်ကြည့်တာ ✘看见鬼✘ သရဲမြင်တွေ့တာ ●□●□●□●□●

ဖြည်းဖြည်း

Teacher: Why are you late, Joseph? Joseph: Because of a sign down the road. Teacher: What does a sign have to do with your being late? Joseph: The sign said, "SCHOOL AHEAD. GO SLOW!" ဆရာ "မင်းဘာကြောင့် နောက်ကျတာလဲ၊ ဂျိုးဇက်" ဂျိုးဇက် "လမ်းမှာ တွေ့တဲ့ ဆိုင်းဘုတ်ကြောင့်ပါ" ဆရာ "မင်းကျောင်းနောက်ကျတာနဲ့ ဆိုင်းဘုတ် ဘာဆိုင်လို့တုံး" ဂျိုးဇက် "ဆိုင်းဘုတ်က ကျောင်းရှိသည်၊ ဖြည်းဖြည်းဆိုလို့"

လူလည်မကျနဲ့

"Mr. Smith, I have reviewed this case very carefully," the divorce court judge said, "and I've decided to give your wife $275 a week." "That's very nice, your honour," the husband said. "And every now and then I'll try to send her a few bucks, myself." မစ္စတာစမစ်၊ ဒီအမှုကို ကျွန်ုပ် အသေးစိတ် ဆန်းစစ်ခဲ့ပြီးဖြစ်တယ်လို့ ကွာရှင်းရုံးတရားသူကြီးက ပြောတယ်၊ အဲဒီတော့ မောင်မင်းရဲ့ ဇနီးကို တစ်ပတ်လျှင် ၂၇၅ ဒေါ်လာ ပေးဆောင်ဖို့ ကျွန်ုပ် ဆုံးဖြတ်ချက် ချလိုက်ပြီ။ အလွန်ကောင်းပါတယ်၊ တရားသူကြီးမင်း ခင်ဗျာလို့ ယောက်ျားဖြစ်သူက ပြောတယ်။ ဒါဆို ကျွန်တော်ကတော့ မကြာမကြာ သူ့ဆီကို ဒေါ်လာနည်းနည်း ပို့ပေးဖို့ ကြိုးစားပါမယ်ခင်ဗျာ တဲ့။

မေ့တတ်လိုက်တာ

One day at the rest home, an old man and woman are talking. Out of nowhere the woman says, "I can guess your age." တစ်နေ့ ဘိုးဘွားရိပ်သာဝယ် အဘိုးကြီး တစ်ယောက်နှင့် အဘွားကြီး တစ်ယောက် စကားပြောနေတယ်။ အဆက်အစပ်မရှိ အဘွားကြီးက ကျမ ရှင့်အသက်ကို မှန်းနိုင်တယ်လို့ ထပြောတယ်။ The man doesn't believe her, but tells her to go ahead and try. လူကြီးက သူမပြောတာ မယုံပေမယ့် မှန်းစမ်းပါလေလို့ ပြောလိုက်တယ်။ "Pull down your pants," she says. ဘောင်းဘီချွတ်လိုက်လို့ သူမက ဆိုတယ်။ He doesn't understand but does it anyway. She inspects his rear end for a few minutes and then says, "You're 84 years old." သူက နားမလည်နိုင်ပေမယ့် ချွတ်လိုက်ပါတယ်။ သူမက မိနစ်အနည်းငယ် ကြာအောင် သတိပြုကြည့်ရှုပြီးနောက် ရှင့်အသက် ၈၄ နှစ် ရပြီလို့ ပြောလိုက်တယ်။ "That's amazing," the man says. "How did you know?" အံ့စရာပဲ၊ မင်းဘယ်လို သိတာတုံးလို့ အဘိုးကြီးက မေးတော့ "You told me yesterday." ရှင် ကျမကို မနေ့က ပြောပြခဲ့တာတဲ့။

မဖတ်ပါနဲ့

မဖတ်ပါနဲ့လို့ ရေးထားတာတောင် သင်က ကလစ်လိုက်ပြီ ဆိုရင်တော့ သင်ဟာ ကံထူးတာလား ကံတူးတာလား မပြောတတ်ပါဘူး။ လုပ်ဆောင်ချက်က အလွယ်ကလေး။ အောက်မှာ ပေးထားတဲ့ စာပိုဒ်တွေကို စတွေ့တာနဲ့ ခပ်မြန်မြန် အသံထွက်ပြီး အဆုံးထိ တောက်လျှောက် ဖတ်ပါ။ ဖတ်ပြီးတာနဲ့ စာကို မကြည့်ဘဲ အလွတ် တစ်ခေါက် ဆိုကြည့်ပါ။ ပထမတစ်ခေါက်တည်းနဲ့ ရသွားသူက ဉာဏ်ထက်မြက်သူ၊ ဘရိုက်ဖြစ်တယ်ပေါ့နော်။ ဟဲ ဟဲ။ အဲ ဒုတိယတစ်ခေါက်ကျမှ ရတယ်ဆိုရင် ဉာဏ်သိပ်မထက်သူပေါ့နော်။ အားနာပါတယ်။ တတ်နိုင်ဘူး။ အဲ တတိယတစ်ခေါက်မှာ ရသွားရင် ဉာဏ်မကောင်းဘူး။ စာဖတ်သူရဲ့ ဦးနှောက်ကို စစ်ဆေးတဲ့ ပို့စ်မို့လို့ မကြိုက်ရင် ဆက်မဖတ်ဘဲ ဒီမှာတင် ရပ်လိုက်လို့ ရပါတယ်။ ကဲ စဖတ်ပါ။ "ဒါ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတော့ ကျွန်တော်လည်း မပြောတတ်တော့ပါဘူး ခင်ဗျား။ အဲလိုသာ ဆက်ဖြစ်နေမယ် ဆိုရင်တော့ သဘောမတူကြောင်း ကန့်ကွက်ရပါလိမ့်မယ်။ ဒီလောက်ပဲ ပြောလိုပါတယ်။ ဟိုနေ့တုန်းဆီက ငါ့ဆီကို အလွန်ထူးဆန်းတဲ့ လူတစ်ယောက် ယောက်လာပါတယ်။ ဗထက်ချိုင့်နဲ့ ဘကုန်း တွေ့တာထက် ဆိုးလှတဲ့ တွေ့ပုံတွေ့နည်း တစ်မျိုးပဲ ဆိုကြပါစို့ရဲ့ဗျာ။ ဟုတ်ဘူးလား။ ဒါ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတော့ ကျွန်တော်လည်း မပြောတတ်တော့ပ

(ရန်ကုန်)မင်္ဂလာဈေး ကားမှတ်တိုင် မှာ အနီ/အစိမ်း နဲ့ လောင်းကစားဝိုင်း လုပ်ပြီး လိမ်လည်နေ

ကူးယူဖော်ပြလို့ ရတယ်ဆိုလို့ ပြန်လည် ဖော်ပြလိုက်ပါတယ်။ ခေတ်ပျက်နေကြပြီလား။ ကိုယ်ချင်းစာ တရား လက်ကိုင် မထားဘဲ ဖြစ်ချင်တိုင်း ဖြစ်ခွင့် မပေးကြရ။ လောဘ ဒေါသ မောဟ တရားသုံးပါး ကဲလွန်သည့်အခါ မီးဖြင့်လည်းကောင်း ရေဖြင့်လည်းကောင်း လေဖြင့်လည်းကောင်း တစ်နည်းနည်းဖြင့် လူဆိုးယုတ်များကို သဘာဝတရားကြီးက ရှင်းလင်းရသည်ဟု ကျမ်းဂန်လာသည်။ မိမိကိုယ်တွင်းကိုယ်ပ၌ စိတ်ဆိုးစိတ်ယုတ်များကို အတတ်နိုင်ဆုံး စင်ကြယ်စေရသည်။ မူရင်းဒီမှာ ၇ - ၈ - ၂၀၁၃ ရက် စနေ့နေ့ နေ့လည် ၁ နာရီ နဲ့ ၂ နာရီကြားမှာ စက်ရုံလမ်း ပေါ်ရှိ မင်္ဂလာဈေး ကားမှတ်တိုင် မှာ အနီ/အစိမ်း နဲ့ လောင်းကစားဝိုင်း လုပ်ပြီး လိမ်လည်နေတဲ့ လူတစ်စု ပုံပါ။ အဲဒီ့ လူတစ်စုရဲ့ လောင်းကစားဝိုင်း လုပ်ပုံကို တစ်ချို့လည်း သိပြီးသား ဖြစ်မှာပါ။ လောင်းကစား လုပ်ပုံက ဒီလိုပါ။ အနီရောင် အကွက် နဲ့ အစိမ်းရောင် အကွက် နှစ်ခု ထားထားပါတယ်။ အဲဒီ့မှာ ဖေါ့လုံးလေး တစ်ခုကို ခွက်နှစ်ခုနဲ့ အုပ်ပြီး ကစားတာပါ။ ခွက်နှစ်ခုထဲက ဘယ်ခွက်ထဲမှာ အဲဒီ့ ဖေါ့လုံးလေး ရှိလဲ ဆိုပြီး ပိုက်ဆံ ထိုးတာပါ။ ဘေးမှာ ဝိုင်းအုံထိုးနေတဲ့ လူ ငါးယောက် ခြောက်ယောက်လောက် ရှိပါလိမ့်မယ် အဲဒါတွေလည်း သူတို့လူတွေပါပဲ။ (ပုံမှာ ကြည့်

မွေးနေ့ အမှတ်တရ

ဒီနေ့ ငါ့ရဲ့ မွေးနေ့ ၁၂ နာရီလည်း ကျော်သွားပြီ။ ညအိပ်မီး ဖြူဖြူ တစ်ပွင့်ပဲ ခေါင်းထက်မှာ လင်းနေတယ်။ တိတ်ဆိတ်ပြီး ဘာသံမှ မကြားရတာကို အိပ်ပြီး နားထောင်ရင်း ဒီဖုန်းမှာ စာရေးနေတယ်။ မွေးနေ့လည်း ခါတိုင်းနေ့လိုပါပဲ။ ဘာမှ မထူးခြားဘူး။ ရင်ဘတ်အောင့်နေတယ်။ ဘာကြောင့်လဲ မသိဘူး။ အင်တာနက်မှာ လျှောက်သွားတယ်။ မနက်က အစ်မတစ်ယောက်က ပုလဲမှုန့်နဲ့ လုပ်ထားတဲ့ အလှကုန် ပစ္စည်းတစ်ခု တရုတ်လို ရေးထားလို့ ဘာသာလာပြန်ခိုင်းတယ်။ နေ့လည်တုံးက တရုတ်က ဝီချက်က ဆက်သွယ်တယ်။ မွန်းလွဲမှာ မသောက်တာ ကြာတဲ့ လက်ဖက်ရည် အမှတ်မထင် သောက်မိတယ်။ ဒီနေ့မှာ အမှတ်(၁)ကျောင်းမှာ စာမေးပွဲ စဖြေကြတယ်။ ညနေ ကိုယ့်ရှေ့မှာ တစ်စိမ်းမဟုတ်တဲ့ကလေး တစ်ယောက်ကို အကြင်နာ မကင်းသော်လည်း ဒေါသနဲ့ ရိုက်နေတာ မျက်မြင် တွေ့နေခဲ့တယ်။ တစ်နေ့လုံး ဘယ်သူ့ကိုမှ မတွေ့ရဘူး။ ကိုယ်မျှော်နေတာ အဆုံးထိ ပေါ်မလာဘူး။ ကိုယ် တစ်ခုခုကို လုပ်မှ ဖြစ်တော့မယ်။ တစ်ခုခု လုပ်မှကို ဖြစ်တော့မှာပါ။ အခု အလုပ်သင့်ဆုံး အရာကတော့ မျက်လုံးနှစ်လုံး မှိတ်လိုက်ပြီး ဘာမှ မစဉ်းစားဖို့ပဲ။ ကိုင်း။

Even though (eng usage)

The little boy watched the film even though it wasn't an animated one. လူကလေးက ကာတွန်းကား မဟုတ်လည်း ကြည့်နေတယ်။ The young lady was standing alone outside the house even though it was raining heavily at night. ညမှာ မိုးသည်းထန်စွာ ရွာသော်လည်း လုံမပျိုလေးဟာ အိမ်ပြင်မှာ တစ်ဦးတည်း ရပ်လျက် နေခဲ့တယ်။ The couple got spliced on Hawaii even though their families and relatives didn't attend their wedding. စုံတွဲဟာ ဟာဝိုင်ယီမှာ မင်္ဂလာဆောင်သော်လည်း သူတို့ မိသားစုဆွေမျိုးတွေ မလာခဲ့ကြဘူး။ The girl wearing the red sweater was silently sitting on the beach even though it was mad hot today. ဒီနေ့ နေတအားပူသော်လည်း ဆွယ်တာနီ ဝတ်ထားသော မိန်းကလေး ကမ်းခြေမှာ စကားမပြောဘဲ ထိုင်နေတယ်။ He didn't tell me even though he know the answer to this multiple choice question of No.11. နံပါတ် ၁၁ ဓမ္မဓိဋ္ဌာန်မေးခွန်းရဲ့ အဖြေကို သူသိတာတောင်မှ ကျွန်ုပ်ကို မပြောပြခဲ့ပါ။ It was a dark night. He was alone walking along the strand road even though there was no one on the road and the dogs were barki

ဒီလူ

Image
အဆင်မပြေတဲ့လူနဲ့ တွေ့ အဆင်မပြေ ဖြစ်မှာ အမှန်ပဲ။ စိတ်ထားကောင်းတဲ့ လူနဲ့ တွေ့ရင် ကိုယ်ကံကောင်းတာပေါ့၊ အဆင်ပြေမယ်။ ဒါပဲ။ ကံကောင်းအောင် ကြိုးစား။ ဟုတ်ပါပြီ။ ကံကောင်းအောင် ဘယ်လို ကြိုးစားရမလဲ။ လွယ်ပါတယ်။ အလုပ်လုပ်ပါ။ အလုပ်ကို ကြိုးစားပြီး လုပ်ပါ။ ကံက သူ့အလိုလို ကောင်းလာပါတယ်။ အဲတော့မှ လောကကြီးမှာ နေရတာ ပိုပျော်လာလိမ့်မယ်။ အလကားနေရင်း ထိုင်စိတ်ညစ်နေတာမျိုး ရှိတော့ဘူးပေါ့။ အကြံအစည်တွေလည်း ထွက်လာမယ်။ ဘယ်လို အလုပ်မျိုး လုပ်ရမလဲ။ စဉ်းစားစရာပဲ။ အိုင်းစတိုင်းက သူ ကမ္ဘာကျော်ဖို့ ရူပဗေဒကို လေ့လာတာ မဟုတ်ဘူးလေ။ အယ်ဒီဆင်လည်း ဒီအတိုင်းပဲ ကမ္ဘကျော်ချင်လို့ လျှပ်စစ်မီးကို နေ့မအိပ် ညမအိပ် တီထွင်လိုက်တာ မဟုတ်ဘူး။ ကိုယ် ဘာအလုပ်လုပ်ရမလဲ ဆိုတော့ စင်စစ်မှာ ကိုယ်ကိုယ်တိုင်ပဲ သိတယ်။ ရှင်းရှင်း ပြောရရင် မသိသေးဘူး။ မသိသေးရင် အလုပ်တွေ စမ်းလုပ်ကြည့်။ ပျော်ရင် ဆက်လုပ်။ မပျော်ရင် နောက်တစ်ခု ပြောင်း။ ဒီလောက် လွယ်လိုက်တာမှ။ တိုးတက်ဖို့ ကြံစည်။ ငယ်တုန်း ကြိုးစားလိုက်ရင် သာတောင် ကောင်းသေးတယ်။ တချို့ဆို အသက်လေးဆယ် ငါးဆယ်ကျော်မှ အကြံတွေ ပွင့်လို့ တိုးတက်ကြီးပွားရေးလမ်းဆီ ဆိုက်သွားတာ။ ကိုယ်လည်း ဘယ်တော့လဲ ထိုင်စဉ်းစားမနေ