နေရောင် ပျောက်တော့မယ့် ကောင်းကင်သစ်
ကျွန်တော် အဆုံးမရှိဘူး ။ အဆုံးကို လိုက်ရှာခဲ့တာ မဟုတ်ပေမယ့် အခု သွားနေ လုပ်နေတဲ့ အရာ မှန်သမျှဟာ အဆုံးကို ဦးတည်လို့ နေတယ်။ ရင် နှစ်ခြမ်း ဗြမ်းဗြမ်း အကွဲ ခံပြီး ရက်စက်စွာ ခွဲခွာရတော့မယ် ဆိုတော့မှ မျက်နှာက အရင်ထက် ပို တည်ငြိမ်နေပါရောလား။ ဟိုးမှာ မင်း မြင်လိုက်လား။ ငှက်နှစ်ကောင် အခြား အဖော်အပေါင်း မရှိဘဲ တိတ်တိတ်ကလေး ပျံသွားလေရဲ့။ ကောင်းကင်မှာ နေရောင် ပျောက်တော့မယ်။ အတိတ်ကို အတိတ်မှာ ထားခဲ့ချင်တယ်။ အခု လက်ရှိကို မြဲမြဲ မြံမြံ တွေးတောကာ နေချင်တယ်။ ဒါပေမယ့် ငါ ခုနက ငှက်နှစ်ကောင်လို အဖော် အပေါင်း မဲ့လို့ နေတယ်။ အိုးရေ.. အချစ်ရယ်။ လာပါ ငါ ကြိုက်နေတယ်။ မင်းဟာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ လှပ ညနေခင်း။ မင်း ရှိနေရင် ငါ့ ရင်ထဲမှာ မုန့်စားထားသလို ပြည့်ပြည့် ကျပ်ကျပ်ကြီး ပြီးတော့ နှလုံးသားကို ဆွဲဆုပ်ထားသလို ခံစားရတယ်။ အသက် မမဲ့ချင်ဘူး။ မင်းကို တွေ့ရင် ပြုံးပြချင်တယ်။ မင်းရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေချင်တယ်။ ငါ့ နှုတ်ခမ်းက တွန့်ရုံပဲ ကွေးတက်သွားတာကို ကြည့်ပြီး ဒါ ပြုံးတာလား ဟ.. လို့ ကိုယ့်ကိုယ်ကို တောင် အံ့သြနေသေးတယ်။ မင်း အိပ်နေကျ အိပ်ရာလေးကို ဖြတ်သွားတိုင်း ငါ့မှာတော့ သတိတရနဲ့.. မင်းကော ဘယ်လို နေ...