မင်္ဂလာဦးညကို လွန်သော်

နှစ်ဖက်မိဘများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ထပ်ထိမ်းမြားပေးလိုက်သော အသစ်စက်စက် လင်မယား နှစ်ယောက်သည် ညအိပ်ရန် စက်ရာခန်းသို့ ဝင်စဉ် မယားက လင်ကို ဤသို့ ဆို၏။ "ကို အခုကတည်းက ကျမ ကိုနဲ့ ရှင်းရှင်း ပြောထားမယ်။ ကျမတို့ အတူနေကြပြီ ဆိုတော့ နှစ်ဖက် ဆွေမျိုးသားချင်းတွေက ဟိုဟာ ပေးပါဦး၊ ဒီဟာ ချေးပါဦး လုပ်ကြမှာပဲ။ ဒီအခါ ကိုက ကို့အဖေအမေကို ပေးမယ်၊ ကျမကလည်း ကျမ  အဖေအမေကို ပေးမယ်ဆိုရင် ဘယ်လိုမှ မကောင်းဘူး။ ကျမတို့ နှစ်ယောက် စီးပွား ရှာဖွေလို့ ရတာတွေ စုမိမှာ မဟုတ်ဘူး။ ဒီတော့ နှစ်ဖက်စလုံး ဘာပဲဖြစ်ဖြစ် မပေးရဘူး၊ ကျမလည်း မပေးဘူး၊ ကိုလည်း မပေးန၊ဲ့ ကတိပေး "



လင်ဖြစ်သူက ထိုစကားကို သဘောမကျသဖြင့် ကတိမပေးလိုသော်လည်း၊ ကတိမပေးလျှင် အတူတူ မအိပ်တော့ဟု အကြပ်ကိုင်သဖြင်၊့ ပူသည်ဆိုမှ မီးကို တိုးချင်သော ပိုးဖလံကဲ့သို့ နောက်ဆုံး၌ ကတိထားလိုက်ရသည်။



ကိုးလ ဆယ်လကြာသော၊် သားယောကျ်ားလေး တစ်ယောက်ကို ဖွားမြင်သည်။ ကတိအတိုင်း လင်မယား နှစ်ယောက်လုံး ဘယ်ဘက်ကိုမှ မပေးကမ်းပေ၊ ပိုက်ဆံလည်း မထောက်ပံ့ချေ။ စီးပွားရေးမှာ မှန်တမ်းပင်။

ထို့နောက် သားလေး ကျောင်းတက်သည့် အရွယ် ရောက်လာသည်။ မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုသလို လင်မယား နှစ်ဦးလုံး ဘယ်ဘက်ကိုမှ မထောက်ပံ့ချေ။ စီးပွားရေးကိုသာ ပုံမှန် ရှာနေသည်။ နှစ်ဖက်မိဘများမှာတော့ အားကိုးမရသော သမက်နှင့် ချွေးမအပေါ် စိတ်မကောင်းရုံမှတစ်ပါး။ ထိုအစား မြေးကိုသာ ချစ်ရတော့သည်။



နှစ်အတန်ငယ် ကြာသွားသည်။ လင်၏ ဖခင် နေမကောင်း အကြီးအကျယ် ဖြစ်သည်။ နယ်မြိ့ုက မသက်သာ၍ ရန်ကုန် တက်ကုရန် ငွေကြေး အကြီးအကျယ် လိုအပ်လာသည်။ မိန်းမ၏ ယောက္ခမနှစ်ဦးက သားလင်မယားဆီက အကူအပံ့ မျှော်လင့်သလို၊ သားဖြစ်သူကလည်း ငယ်သော်က သား၊ ကြီးသော် အား ဆိုသလို အဘရောဂါ ကုသရန် ပိုက်ဆံ ပေးလိုသည်။



လင်မယား နှစ်ယောက် ဆယ်မိနစ်ကြာ အစည်းအဝေး လုပ်ပြီး အတိုက်အခံ ဖြစ်၍ နောက်ဆုံး ထွက်လာသည့် ရလဒ်က မိန်းမက သူလည်း ကတိအတိုင်း သူ့မိဘ နေမကောင်း ဖြစ်တာတောင် မပေး၊ ဒါကြောင့် ယောက္ခမ နေမကောင်း ဖြစ်တာ ပေးစရာ မလို။ အစရှိ နောက်နောင်၊ မပေးရဟူသတည်း။ ကြက်ဟင်းခါးသီး စားမိသကဲ့သို့ စိတ်ထိခိုက်သွားသော ယောက္ခမမှာ နီးစပ်သူများထံမှ ပိုက်ဆံ ချေးငှား၍ ၊ ရောဂါ ပျောက်အောင် ကုရရှာသည်။ လင်မယား နှစ်ယောက်တွင် သားသမီး နှစ်ဦးထွန်းကားနေပြီ ဖြစ်သည်။



နှစ် အနည်းငယ် ကြာသောအခါ သားဖြစ်သူ အရွယ်ရောက်လာ၍ အိမ်ထောင်ပြုသည်။ နောက်သုံးလေးနှစ်ခန့်တွင် သမီးဖြစ်သူ အိမ်ထောင်ပြုသည်။ လင်မယားနှစ်ဦးလုံးပင် ဝမ်းမြောက်ဝမ်းသာဖြင့် မင်္ဂလာပွဲ ကျင်းပပေးလိုက်ကြသည်။ ထို့နောက်တွင်ကား သတို့သား သတို့သမီး၏ အဘိုးအဘွားများလည်း အသီးသီး ကွယ်လွန်သွားကြလေပြီ။



လအနည်းငယ်သာ ကြာသည်။ မယားဖြစ်သူ ခြေထောက် ငုတ်စူးသဖြင့် တစ်ချောင်းလုံး ရောင်ကိုင်းလာပြီး ဖြတ်ရတော့မည်။ လင်မယား နှစ်ယောက်တွင် ငွေ အလုံအလောက် မရှိသဖြင့် သားဖြစ်သူထံ အကူအညီတောင်း သွားရာ သားအလိမ္မာတုံး အချစ်တုံးက အားနာပါတယ်ဟု ပြော၍ ဖခင်က အကြောင်းစုံ မေးလေသော် သူတို့ နှစ်ယောက် မင်္ဂလာဦးညမှာ ထားခဲ့သည့် ကတိကို မဖျက်နိုင်ဟု ဆိုသည်။ ဝမ်းနည်းပက်လက် ပြန်လာသော ယောကျ်ားက မိန်းမကို ထိုအကြောင်း ပြောပြရာ အမိလည်း ငါးရံ့ပတူ စားမိသလို ရင်ဆို့သွားလေသည်။



သို့နှင့် သမီးကတော့ မိဘကို ချစ်မှာပဲဟု တွေးကာ ရောက်လာသော အဖေကိုလည်း သမီးဖြစ်သူအသဲလေး အချစ်တုံးလေးက သူတို့ လင်မယားလည်း ဘယ်သူ့ဘက်မှ မပေးရန် ကတိထားထားကြောင်း ပြောပြ၍ ချေးရန်ပင် မဖြစ်ကြောင်း ဆိုလိုက်သည်။ ကြောင်လျှာသီး ကိုက်မိသလို ခါးသီးကြေကွဲကာ ပြန်လာသော ဖခင်သည် အကြောင်းစုံကို မယားအား ပြန်ပြောလျှင် မယားလည်း ထိုအခါ ဝဋ်လိုက်ချေပြီဟု နောင်တရ ဝမ်းနည်းကာ ငိုကြွေးတော့သည်။



နီးစပ်ရာ သူငယ်ချင်းများမှ တစ်ချို့က သနားကြင်နာပြီး ပိုက်ဆံချေးကြရာ၊ မိန်းမမှာ ခြေထောက်ကို ဖြတ်လိုက်သော်လည်း အနာမှာ ဘာကြောင့်မှန်းမသိ ပိုးကျန်ပြီး ကုမလိုက်တော့ဘဲ နောက်ဆုံး၌ စိတ်နှလုံး ညှိုးချုံး၍ အိပ်ရာထဲ လဲကာ ရုတ်တရက် ကွယ်လွန်သွားလေသတည်း။



ဘုန်းကံချစ်အောင်(မြိတ်)

Comments

  1. သားသမီးနှစ်ယောက်မှာ အမိ၏ ဈာပနအတွက် ကူငွေကို မဖြစ်စလောက်သာ ထည့်ကြလေ၏။

    ReplyDelete

Post a Comment

U can drop ur comment here

Popular posts from this blog

ဆယ်တန်း အောင်စာရင်း 2013