ဆေးရုံပေါ်မှာ တစ်ညတာ
Night at the Hospital.
နေ့ရက်ကား ဇွန်လ ကိုးရက် တနင်္ဂနွေနေ့။ အချိန်ကား ည ကိုးနာရီခွဲသာသာ။ ငါကား အိပ်ရာဝင်ခါနီး သွားတိုက်နေချိန် ဖြစ်သည်။ ဖုန်းတစ်ကော မြည်လာ၍ ငါ သွားကိုင်လိုက်စဉ် ညက သိပ်အေးမနေပါ။ မင်းအစ်ကို ဆေးရုံမှာ ဆိုသော စကားက ဟိုးအဝေးက လာသလိုလို ရေပူအိုး ကိုင်မိသလိုလို လန့်ဖျပ်သွားသော်လည်း အလေ့အကျင့် လုပ်ထားသော စိတ်က တည်ငြိမ် ဟန် ဆောင်လိုက်နိုင်သည်။
သို့နှင့် ဤသတင်းစကားကို ခြေဆေးပြီး အိပ်ရာဝင်တော့မည့်
အမေဖြစ်သူကိုလည်းကောင်း ပူအိုက်နေသော
အဖေဖြစ်သူကိုလည်းကောင်း ပြောပြလိုက်သောအခါ ညသည်ကား ခါတိုင်းထက်ကို ပူလေတော့သည်။ အမေကား ဖျစ်တောက်ဖျစ်တောက်။ အေ
ဖကား တစ်ကိုယ်လုံး ချွေးတွေ ကျလေသည်။
အိမ်တံခါးကို အဆောတလျင် ပိတ်ပြီးသော် ခါတိုင်းထက် မှောင်၍ လူသူ ကင်းစ ပြုနေသော တနင်္သာရီတိုင်း၏ ဆီးအိုးကြီး အဲလေ ဆီအိုးကြီး ဖြစ်သည့် မြိတ်လမ်းမများကို ဆိုင်ကယ်ဖြင့်
တဝူးဝူး ဖြတ်သန်းလာခဲ့ပြီးနောက် အမေနှင့် ငါသည် ထို ဝေးလှသော ဆေးရုံတစ်ပိုင်းသို့ ရောက်သည်။ အဖေက နောက်တစ်စင်းနှင့် လိုက်လာသည်။ ဆေးရုံသည် လေအေးစက်ကြောင့် အေးနေသော်လည်း ညသည် အရင်နေ့ကဲ့သို့ မအေးမြ။
အခန်းကို တကူးတက မရှာရ။ အခန်းနံပါတ် ကြည့်ပြီး အတွင်း ရောက်သော် ထိုင်ခုံပေါ်တွင် ရည်းစားကိုလည်းကောင်း ဆေးခန်းကုတင်ပေါ်၌ အန်ထား၍ မြောနေသော အင်္ကျ ီဖြူဝတ် လူရွယ်ကိုလည်းကောင်း တွေ့ရသည်။ ထို့နောက် ပြောဆိုမေးမြန်းမှု ပြီးသည့်အခါတွင်ကား အစာ အဆိပ်သင့်၍ ခေါင်းမူး ခေါင်းကိုက်ကာ အန်ခြင်းဖြစ်ကြောင်း သိရသည်။ အန်ရလွန်း၍ လူလည်း နုံးချိသွားသည်။ ငါတို့ အားလုံးသည် နံရံပေါ်က ပန်ကာ လည်နေသော်လည်း အေးသည်ဟု မခံစားရ။
အိပ်စောင့်ရမည် ဆိုသည်။ အိမ်က အလောတကြီး ထွက်လာရ၍ ဒီရောက်မှ လူနာစောင့် လုပ်ရမည်ဟု မည်သူက သိပါမည်နည်း။ လက်မှာ ဘာမှလည်း ပါမလာ။ သို့နှင့် အိမ် ပြန်လာပြီး ကျောပိုးအိတ် တစ်လုံးထဲ ခေါင်းအုံးတစ်လုံး စောင်တစ်ထည် အင်္ကျ ီလုံချည် တစ်ထည်စီ ထိုးထည့်ပြီးသော် ဘာထပ်ထည့်ရဦးမလဲ စဉ်းစားစဉ် သတိရလာ၍ ပိန်းဥမုန့် နှစ်လုံးကို ရှေ့အိတ်ထဲ ထိုးထည့်လိုက်သည်။ နောက် ဘာလိုအပ်သေးသလဲ တွေးစဉ် စားသောက်စရာ ထည့်ရန် အိုးခွက်ပန်းကန် သတိရ၍ ဇွန်းခွက် ယူပြီး ပလတ်စတစ်အိတ်နှင့် ထုပ်သည်။ လှုပ်ရှားမှုက ဇယ်ဆက်သလို မမြန်။ ထုံးစံအတိုင်း အိမ်ထဲ ကြွက်တစ်ကောင် ဝင်နေသလို တံ့ုဆိုင်းနေခဲ့သည်။ ဒါ ငါ့ရဲ့ ညပင်ဖြစ်သည်။
ခင်မင်သူတွေ လာပြီးပြီ။ ညဉ့်နက်လာ၍ မိဘများ ပြန်သွားလေပြီ။ မပြန်ခင် တံခါးကို လုံလုံခြုံခြုံ ပိတ်ရန် မှာသွားသည်။ လေးဖက်လေးတန်တွင် နံရံဖြူဖြူဖြင့် ဝန်းရံထားသော အခန်းထဲ၌ အအန် ရပ်သွား၍ လက်တွင် ဆေးပုလင်းဝါဝါ ချိတ်လျက် အိပ်နေပြီ ဖြစ်သော လူနာနှင့် လူနာ ပူအိုက်သည်ဆို၍ ပန်ကာ ပိတ်မရသောကြောင့် အနွေးထည် ဝတ်ထားရသော ငါ နှစ်ယောက်သာ ကျန်ရစ်သည်။ အခန်းထဲ လည်တိုက်နေသော ပန်ကာလေကို စီးရင်း ဟိုဒီ လမ်းသလားနေသည့် ခြင် သုံးလေးကောင်က ငါ့ကို အသံတိတ်စကား ပြောနေသည်။
ခုံတစ်လုံးကို အသံ မမြည်အောင် ကုတင်ဘေးသို့ ဆွဲယူကာ ထိုင်လိုက်ပြီး စောင်ခြုံပေးနေသော်လည်း ပြန်ပြန် ကန်ထုတ်ပစ်သည့် လူနာကို ခြင်မကိုက်အောင် လက်ဖြင့် ဟပ်ထုတ်ပေးရလေသည်။ ကုတင် ခြေရင်း၌ မှောင်ရိပ်ခိုနေသည့် အမည်းရောင် တီဗီကို မြင်မိမှ သတိရပြီး ကြည့်ရန် တီဗီကို အသံပိတ်၍ ဖွင့်လိုက်သည်။ အချိန်သည် ငါ့အနောက်မှ အရှေ့မှ ဘေးပတ်လည်မှ ကုန်သွားမှန်း မသိလောက်အောင် ကြာပြီးမှ မျက်နှာချင်းဆိုင် နံရံပေါ်က နာရီကို ကြည့်မိသော် ဆယ့်နှစ်နာရီ ထိုးနေပေပြီ။ လူနာလက်မောင်းကို ကိုက်နေသည့် ခြင်ကို ဆေးပိုက် မထိမိအောင် သတိထား၍ မောင်းလိုက်ပြီးမှ ကျောပိုးအိတ်ထဲက ပိန်းဥမုန့် တစ်လုံးကို ယူထုတ်စားသည်။ တစ်နာရီ ထိုးပြီ။ တီဗီမှာတော့ အင်္ဂလိပ်ကား ကိုရီးယားကား လာနေသည်။ နှစ်နာရီ ကျော်လေပြီ။ တိတ်ဆိတ်ခြင်းက ငြီးငွေ့ဖွယ် ကောင်းလောက်အောင် နှောင့်ယှက်နေသည်။ ထိုင်ကြည့်ရသည်မှာ ခါးပင် ညောင်းညာလာသဖြင့် လူနာ အခြေအနေကို ကြည့်ပြီး အိပ်၍ ရလောက်ပြီဟု တွက်ကာ သည်ဖက်က ကုတင်ဆီသို့ လျှောက်လာပြီး ကျောပိုးအိတ်ကို ခေါင်းခုကာ အိပ်ချလိုက်သည်။ ဘယ်အထိ မအိပ်ဘဲ ငါ တောင့်ခံနိုင်မလဲ။ တံခါးဝ မျက်နှာကြက်တွင် ထွန်းထားသည့် အီကြာကွေး မီးအလင်းရောင်အောက်၌ ဟိုဟိုဒီဒီ လူးလှိမ့်ရင်း လူမိုက်အတွက် သံသရာသည် ရှည်လျားသည် ဆိုသော နီတိကို စဉ်းစားမိသည်။ သြော် ဤအချိန်ဆို ကမ္ဘာတစ်ဖက်ခြမ်း၌ ဘောလုံး ကန်နေကြပေမည်။ ငါသည်ကား လူနာ စောင့်နေရပေသည်။
ဒေါက် ဒေါက်
ဒေါက်ဒေါက် ဒေါက်
အဝေးက လာနေသော အသံလိုလို။ နားထဲမှာ တစစ်စစ် မြည်နေသလိုလို။
ဒေါက် ဒေါက် ဒေါက်
မျက်စိနှစ်လုံး ပွင့်သည်နှင့် လူက ဆတ်ကနဲ ထထိုင်ပြီး တံခါးမှန်ကို လှမ်းကြည့်လိုက်ရာ သူနာပြု ဆရာမ တစ်ယောက် အရိပ် ပေါ်နေသည်ကို မြင်ရသည်။ ထ၍ ဖွင့်ပေးလိုက်ပြီး နာရီကို ပြန်ကြည့်လိုက်မှ ခြောက်နာရီ ထိုးပေတော့မည်။ သူနာပြုက လူနာ အခြေအနေကို စစ်ဆေးပြီး ညက ကောင်းကောင်း အိပ်ပျော်လားဟု မေးရာ အိပ်ပျော်ပါတယ်ဟု ပြန်ဖြေလိုက်ရသည်။ လူနာကို မေးသလား ငါ့ကို မေးသလား ငါလည်း မရှင်း။ ငါလည်း အိပ်ပျော်သွားတာပဲ မဟုတ်လား။
သူနာပြု ပြန်ထွက်သွားပြီး ငါ ပိန်းဥမုန့်တစ်လုံး ထပ်နှိုက်ကာ စား၍ မနက်စာ ဖြည့်တင်းလိုက်သည်။ ဇွန်လ ဆယ်ရက် တနင်္လာနေ့။
ခုနှစ်နာရီလောက်တွင် ဆရာဝန် ရောင်းလှည့်လာသည်။ လူနာက သက်သာသည်ဟု အသံထွက်သည်။ အခြေအနေ မဆိုးတော့။ တစ်ညတည်းနှင့် အိမ် ပြန်ရနိုင်သည်။ အနည်းငယ် ကြာသော် အဖေ ရောက်လာသည်။ သက်သာသည့် သတင်း ကြားတော့ ရယ်နိုင်သွားသည်။ အိမ် ပြန်ရောက်သောအခါ အမေ့ကိုလည်း ပြောပြရန် မှာလိုက်ရသည်။ အပြင်ဘက်တွင် မမှောင်တော့ချေ။
ပြတင်းပေါက်က အလင်းရောင် ဝင်လာသဖြင့် အခန်းထဲတွင် လင်းကျင်းလာသည်။ သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုသည် ဆိုရမလား။
နေရောင်ခြည်က နွေးထွေးနေသည်။ အခန်းထဲတွင် ခြေရာ ထပ်လာသည်။ ပူနေသည်ဟု မခံစားရ။ ဤနေ့ ပြန်ဆင်းရမည်။ နေ့တစ်နေ့၏ လုပ်ငန်း တာဝန်များက မပိန်သာ မလိန်သာ။ အကုန်လုံး ထုပ်ပိုးပြီးသော် ဘာကျန်ရစ်သလဲ စစ်ရသည်။ ငါ ကျောပိုးအိတ်ကို အသာဆွဲကာ စြင်္က ံအတိုင်း လျှောက်လာသည်။ ဖိနပ်သံကို မကြားမိချေ။ ဒါ ငါ့ရဲ့ နေ့ပင်ဖြစ်သည်။
မှန်တံခါးကို တွန်းဖွင့်၍ အပြင်သို့ လှမ်းထွက်လိုက်ချိန်တွင်မတော့ မိုးဖွဲကလေးများ အသာအယာ ကျဆင်းလာတော့သည်။
ဘုန်းကံချစ်အောင်(မြိတ်)

Night at the hospital. ;)
ReplyDelete