♥Stretch♥ and ♥fruitful♥ usage

STRETCH

【1】Rubber stretches easily.
ရာဘာသည် လွယ်ကူစွာ ဆွဲစန့်သည်။

【2】My wool coat stretched when I washed it.
ကျွန်မ၏ သားမွေး ကုတ်အင်္ကျီသည် လျှော်လိုက်သည့် အခါ ဆွဲကျယ်သွားသည်။

【3】The sea stretches as far as the horizon and beyond.
ပင်လယ်သည် မိုးကုပ်စက်ဝိုင်း ထိုမှာဘက်ဆီသို့ အပြောကျယ်လှသည်။

【4】The road stretches uphill at a steep slope.
လမ်းမှာ တောင်ပေါ်သို့ လျှောမတ်စောက်စွာ သွယ်တန်းလျက် ရှိသည်။

【5】He rose and stretched himself.
သူ ထကာ အပျင်းကြော ဆန့်သည်။

【6】Let's stretch for a minute…We've been sitting here for over 3 hours.
ခဏလောက် ခြေဆန့်လက်ဆန့် လိုက်ကြရအောင်။ ဒို့ စောင့်နေရတာ ၃ နာရီ ကျော်နေပြီ။

【7】Can you stretch it and make it longer?
မင်း ဤဟာကို ဆွဲရှည်နိုင်သလား။

【8】With a stretch of his arm, he reached the shelf.
သူ လက်တစ်ဖက်နဲ့ စင်ဆီ ဆန့်တန်းလိုက်တယ်။

【9】The bird stretched its wings.
ငှက်က အတောင်ပံကို ဖြန့်ကားသည်။

【10】They will have to stretch their intelligence to solve the problem.
ပြဿနာ ဖြေရှင်းရန် သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကို ဖြန့်ကျက် (စေစား)ရလိမ့်မည်။

【11】beyond any stretch of his understanding
သူနားလည်နိုင်သည့် အကန့်ကို ကျော်လွန်၍
(သူ့နားလည်နိုင်စွမ်းလွန်၍)

【12】You stretched my patience.
မင်းက ငါ့သည်းခံစိတ်ကို ဆွဲဆန့်လိုက်ပြီ။
(မင်းအပေါ် သည်းခံနိုင်စွမ်း ကုန်သွားပြီ။)

【13】To say he was ill was stretching the truth- he was merely drunk.
သူနေမကောင်းဘူး ပြောတာ ပုံကြီးချဲ့တာ။ အရက်မူးတာ သက်သက်ပဲ။

【14】He had a good stretch on the bed.
သူ အိပ်ရာထဲမှာ အပျင်းကြော အားရှိပါးရှိ ဆန့်တယ်။

【15】I got out of the bed and have a good stretch.
ကျွန်တော် အိပ်ရာက ထပြီး အကြောဆန့် လုပ်တယ်။

【16】I am unable to work for long stretches.
အလုပ်ချိန်ဆက်တိုက် ငါ လုပ်မနိုင်ဘူး။

【17】The students can't study for more than two hours at a stretch.
ကျောင်းသားတွေက စာကို ဆက်တိုက် နှစ်နာရီကျော် မလေ့လာနိုင်ဘူး။

【18】She worked for six hours at a stretch.
သူမ ခြောက်နာရီဆက်တိုက် အလုပ်လုပ်ခဲ့သည်။

【19】I see nothing but a small stretch of road immediately ahead.
ကျွန်တော် ဘာမှ မမြင်ရဘူး။ သို့သော် ချက်ချင်းပင် ရှေ့တွင် လမ်းကောက်ကြောင်းကလေးကို မြင်ရသည်။

【20】A pretty stretch of country
သာယာသော ကျေးလက်တောရွာတစ်ခွင်

【21】A stretch of bad road
လမ်းဆိုးတစ်ပိုင်း

【22】A stretch of fifty years
နှစ်ပေါင်းငါးဆယ်ကာလ

【23】Vast meadows stretch to the east.
မြက်ခင်းပြင်ကျယ်ကြီးသည် အရှေ့ဘက်သို့ ပြန့်ပြူးနေသည်။

【24】The plain stretched ahead of them for miles.
သူတို့ရှေ့မှောက် လွင်ပြင်သည် မိုင်ချီ၍ ပြန့်ပြူးလျက် ရှိသည်။

【25】She stretched across the table for the butter.
သူမသည် စားပွဲပေါ် လက်ကျော်ကာ ထောပတ်ကို လှမ်းယူသည်။

【26】Ask someone to pass the jam instead of stretching across the table for it.
စားပွဲကျော်ပြီး ထယူနေရမယ်ဆိုရင် တစ်ယောက်ယောက်ကိုပဲ ယို လှမ်းပေးခိုင်း လိုက်ပါတော့။

【27】You need a material with plenty of stretch in it.
မင်းမှာ ရုန်းအားကောင်းတဲ့ ပစ္စည်း တစ်ခု လိုနေတယ်။

【28】The landscape seemed to stretch into infinity.
ရှုမျှော်ခင်းသည် အဆုံးမရှိ ကွန့်မြူးနေသကဲ့သို့ ထင်ရသည်။

【29】Do not stretch the truth.
မချဲ့ကားနဲ့။ တစ်စိတ်ကို တစ်အိတ် မလုပ်နဲ့။

【30】Stretch oneself.
ပျင်းကြောဆန့်သည်။

stretcher= ထမ်းစင်၊ ကပ်။

【31】The injured man was carried to the ambulance on a stretcher.
ဒဏ်ရာရလူကြီးကို ကပ်ပေါ်တင်ကာ လူနာတင်ယာဉ်ဆီသို့ သယ်ဆောင် သွားသည်။

■♀■♀■♀■♀■♀■♀■♀■♀■♀■

FRUITFUL

Ⅰ✔It was a fruitful meeting, we made a lot of important decisions.
ဒီအစည်းအဝေးက အမြတ်ထွက်တယ်။ အရေးကြီး ဆုံးဖြတ်ချက် အများကြီး ငါတို့ ချမှတ်နိုင်ခဲ့တယ်။

Ⅱ✔He is really a fruitful novelist.
သူဟာ အမှန်တကယ် အောင်မြင်တဲ့ ဝတ္ထုရေးဆရာ တစ်ဦး ဖြစ်တယ်။

Ⅲ✔These trees are fruitful.
ဒီအပင်တွေမှာ အသီးပြွတ်ခဲနေတယ်။

Ⅳ✔Myanmar is fruitful in natural resources.
မြန်မာဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတယ်။

Ⅴ✔Newton's laws were fruitful for the future development of science.
နယူတန်နိယာမများသည် အနာဂတ် သိပ္ပံ တိုးတက်မှုကို အလွန် ဖြစ်ထွန်းစေခဲ့သည်။

■◇■◇■◇■◇■◇■◇■◇■◇■◇■◇■◇■◇■

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013