English Phrasal verb sentences

【1】They auctioned off their property as they were heavily in debts.



★ကြ​ွေးထူလို့ ပစ္စည်းတွေ လေလံတင်ရောင်း



【2】He's been angling for an invitation, but I don't want him to come.



★ဖိတ်အောင် အရိပ်အခြည် ပ္လနေပေမယ့် သူ့ကို မလာစေချင်ဘူး



【3】He wanted to ask her out but was too shy.

★သူမကို သူက ဒိတ်လုပ်ချင်လျက်နဲ့ အရှက်သည်းနေတယ်။



【4】The crowd backed away when the man pulled a knife.

★လူကြီးက ဓားတစ်ချောင်း ဆွဲထုတ်လိုက်တဲ့ အခါ လူအုပ်က နောက်ကို ရှဲသွားတယ်။



【5】She refused to back down and was fired.

★အပြောအဆို မှားလို့ သူမ အလုပ် ဖြုတ်ခံရတယ်။



【6】He prefers to back his car into the garage.

★ကားကို ဂိုဒေါင်ထဲ နောက်ပြန်သွင်းတာကို သူ ပိုသဘောကျတယ်။



【7】The police told the protesters to back off.

★ဆန္ဒပြသူတွေကို လူစု ခွဲရန် ရဲက ပြောတယ်။



【8】He backed out two days before the holiday so we gave the ticket to his sister.

★ပိတ်ရက်မတိုင်ခင် နှစ်ရက်လုံး သူ အချိန်းအချက် ပျက်လို့ သူ့နှမကို ကျနော်တို့က သူ့လက်မှတ် ပေးလိုက်တယ်။



【9】Don't bag out Australian English.

●သြစတြေးလျသုံး အင်္ဂလိပ်စကားကို မဝေဖန်ပါနဲ့။



【10】The government had to bail out the airline because it was losing so much money.

●လေကြောင်းလိုင်းက ပိုက်ဆံအများကြီး ဆုံးရှုံးလို့ အစိုးရက ကယ်တင်လိုက်ရတယ်။



【11】The boat was leaking so they had to bail it out.

●လှေက ရေယိုနေလို့ သူတို့ ရေတွေ ခပ်ပစ်ထုတ်နေရတယ်။



【12】The pilot bailed out when he saw that the engine had failed.

●အင်ဂျင် (မီးလောင်လို့) ပျက်ကျတာကို လေယာဉ်မှူး မြင်တော့ (လေယာဉ်ပေါ်က) ခုန်ဆင်းတယ်။



【13】I must bail my drunken brother out of jail.

●ငါ့ရဲ့ အရက်မူးသမား ညီကိုကို ထောင်ထဲက ထုတ်မှ ရမယ်။



【14】Everybody bailed out on him when the scandal broke.

●ကျော်မကောင်း ကြားမကောင်း ဖြစ်လာတော့ သူ့ကို လူတိုင်းက ရှောင်ခွာကုန်တယ်။



【15】He's banging about in the kitchen.

●မီးဖိုချောင်တွင် အသံထွက်အောင် သူ လျှောက်သွားနေတယ်။



【16】The children were frightened by the bangers at the firework display.

●မီးရှူးမီးပန်းပြပွဲမှာ ရှူးဒိုင်းသံကြောင့် ကလေးတွေ ကြောက်လန့်သွားတယ်။



【17】The door shut with a bang.

✔တံခါး ဝုန်းကနဲ ပိတ်သွားတယ်။



【18】He banged the door.

✔တံခါးကို သူ ဝုန်းကနဲ ပိတ်လိုက်တယ်။



【19】The child has been banging his drum for hours.

✔ကလေးက နာရီပေါင်းများစွာ ကြာအောင် ဗုံကို တဒုံးဒုံး တီးနေခဲ့တယ်။



【20】He banged the book down angrily on the table.

✔စာအုပ်ကို စားပွဲပေါ် သူ ဒေါသတကြီး ပစ်ချလိုက်တယ်။



【21】They bashed him up in the fight in the pub last week and he had to go to hospital.

✔အရင်တပတ်က အရက်ဆိုင်မှာ ရန်ဖြစ်ကြရာ ထိုးကြိတ်ခံရလို့ သူ ဆေးရုံ တက်ခဲ့ရတယ်။



【22】The 9th grade school boy gave the 8th grade school boy a bash on the nose.

✔ကိုးတန်းကျောင်းသားက ရှစ်တန်းကို နှာခေါင်းတည့်တည့် ထိုးလိုက်တာ။



【23】He gave me a bash on the eyes in the classroom yesterday.

✔မနေ့တုံးက သူ ကျနော့်ကို အတန်းထဲမှာ မျက်စိထိုးလိုက်တာ။



【24】We're out of coffee so I'll have to go and get some.

✔ဒို့မှာ ကော်ဖီကုန်နေပြီ။ ဒီတော့ကာ ငါ နည်းနည်း သွားယူလိုက်အုံးမယ်။



【25】We're completely snowed under at work because it's the end of the tax year.

♥ငါတို့ အလုပ်တွေ တောင်လိုပုံ နေတာပဲ။ အခွန်စစ် နှစ်ကုန်မို့လို့။



【26】I was taken aback when I saw him because he's lost all his hair.

♥သူဆံပင်တွေအကုန်လုံး မရှိတော့ ကျွန်တော် မြင်လိုက်ရတာ လန့်ဖျပ်သွားတယ်။



【27】She spotted him on the other side of the room and bore down on him.

♥သူမ အခန်းရဲ့ အခြားတစ်ဖက်မှာ သူ့ကို မြင်သွားပြီး သူဆီ ရွှေ့လာတယ်။



bear down on = move towards



【28】The snow bore down on the roof.

♥ခေါင်မိုးပေါ်မှာ နှင်းတွေ အိတွဲနေတယ်။



【29】I blissed out on the beach all week.

♥တစ်ပတ်လုံးလုံး ကမ်းခြေမှာ အပန်းဖြေပြီး အသားကုန် ပျော်ပစ်လိုက်တယ်။



【30】I blew the homework off and did badly.

♥အိမ်စာတွေ တစ်လုံးမှ မလုပ်ဘဲ ပစ်ထားခဲ့တယ်။



【31】The girl blew off in front of everybody.

♥အားလုံးရှိနေတာ ကောင်မလေး အီးပေါက်လိုက်တယ်။



【32】We were going to meet last night, but she blew me off at the last minute.

♥ငါတို့ မနေ့ညက တွေ့ကြတော့မလို့၊ အနားကပ်မှ သူမက ချိန်းတာ ဖျက်လိုက်တယ်လေ။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013