Posts

ပစ္စခတ်ကို ရင်ဆိုင်ခြင်း

အချိန်သည် အလွန်ကုန်မြန်သည်ဆိုသည်ကို နှစ်ပေါင်းများစွာကို ဖြတ်သန်းလာပြီးမှ ကျနော် သိလိုက်ရသည်။ မနက်ဖြန်ပေါင်းများစွာသည် မနက်ဖြန်တွင် စောင့်မျှော်နေသည်ကို သိသော်လည်း ထိုရက်များသည်လည်း မနေ့ပေါင်းများစွာကဲ့သို့ပင် လျင်မြန်စွာ ကုန်ဆုံးသွားပေလိမ့်မည်။ ဤကား အမှန်အကန်စကားတည်း။ ဘဏ်ရှေ့တွင် ပျင်းရိစွာ ထိုင်နေကြသော လုံခြုံရေးများသည် သိုင်းတတ်မတတ် မည်သူသည် သတိထားမိပါသနည်း။ သိုင်းများ မိုးပျံအောင် တတ်ကျွမ်းသည် ဆိုသော်လည်း ယခု လတ်တလော ကြားရသော သတင်းအရ ကျနော်တို့ မြန်မာပြည်ကြီး၏ နိုင်ငံ့ဂုဏ်ဆောင်ဖြစ်ထသော၊ ယခု မေရီလန်းတွင် သားမယားနှင့်အတူ နေထိုင်လျက်ရှိသော အလအဆတယောက် ကိုဗစ် ကူးစက်ခံရ၍ နေအိမ်၌ပင် ၁၄ ရက် ကျူဝင်မည်ဟု ပြောသံ ကြားရကား၊ ယင်းသည် လွန်ခဲ့သော ရက်သတ္တပတ်က ကျောက်စိမ်းထွက်ရာ ဖားကန့်မြေတွင် မြေပြို၍ ရေမဆေးကျောက်သမား ၁၇၀ ကျော် သေဆုံးသွားသည့် သတင်းကို မကျော်နိုင်ချေ။ သူ ရောဂါကူးသည်ကို ကြားရသည့် အခိုက် လူတွေက အံ့ဩဘနန်း ဖြစ်ချင် ဖြစ်မည် ဟုတ်သော်လည်း၊ ပြည်သူပေါင်း ၁၇၀ ကျော် သေဆုံးပြီး နောက်ထပ် လူဘယ်နှယောက်လောက် မြေအောက်ထဲ နစ်မြုပ်နေပြီး ယခုထိ မရှင်းလင်းနိုင်သေးသော သတင်းသည် မြန်မာပြည်သူများအတွက် ပို၍ ဂရု...

ကမ္ဘာကြီး ပူပြင်းနေပြီလော?

ကမ္ဘာကြီး ပူပြင်းနေပြီလော? စီးကျလာသော နဖူးမှ ချွေးများကို လက်ခုံဖြင့် နေဘုရင် သုတ်လိုက်သည်။ မိမိကိုယ်မိမိ နေဘုရင်ဟု ဘွဲ့ခံလိုက်ခြင်းကို နောင်တ ရမိသလိုလိုပင်။ နားသယ်တွင် ချွေးစက်များ ယီးလေးခိုနေသည်ကို လက်ဖဝါးစောင်းဖြင့် သုတ်လိုက်ပြန်သည်။ အရှေ့တံခါးမှသည် အပြင်ဘက်သို့ မျှော်ကြည့်လိုက်သော် အိမ်ခြေအိမ်ရာများကို အသားကုန် ဖြတ်လျက် ဝေးလံသော ဒေသဆီမှ ဧပြီလ၏အပူငွေ့များ ရိုက်ခတ်လာသလိုပင် ခံစားရသည်။ မြေလတ်ဒေသလည်းမဟုတ်၊ အထက်အညာလည်း မဟုတ်ဘဲလျက် အောက်ပြည်အောက်ရွာထဲ အပါအဝင် ဖြစ်ထသော ကျုပ်တို့ မဟာ ရွှေမြိတ်တော်ကြီးသည် တိုင်းတနယ်တပါးနှင့် မတူလှစွာ ထူးထူးပြားပြား ယခုနှစ်ဝယ် ပူလှပါချေတကား၊ ပူကို ပူလှပါချေတကားဟု စိတ်တွင်း မြည်တမ်းလိုက်မိသည်။ ဟုတ်သည်၊ ယခုနှစ် အတော့်ကို ပူသည်။ ပူလိုက်တာမှ ချွေးစေးများပင် မစေးနိုင်အားဘဲ မွေးညင်းပေါက်မှ ပစ်ထုတ်လိုက်သလို ဒရဟော ထွက်လာချေသည်။ သတင်းတပုဒ် ဖတ်လိုက်ရသည်။ ယခုနှစ် ၂၀၁၉ သည် အရှေ့တောင်အာရှ၌ မြန်မာက အပူဆုံးနှစ်ပါတဲ့။ ဟုတ်ပေလိမ့်မည်။ အဘယ်သို့ အဘယ်ပုံ ချွေးတိတ်၍ နေကောင်းအောင် နေရပါချေမည် တမုံ့။ အင်္ကျီစကို ဆွဲ၍ ရင်ဘတ်တလျှောက် စီးထန်း၍ ထွက်လာသော ချွေးများကို ဝလုံးသဏ္ဍာ...

တခါတုန်းက မြို့ကလေးတမြို့မှာ(ကလေးပုံပြင်)၊ အပိုင်း ၁၊ အခန်း ၁

တခါတုန်းက မြို့ကလေးတမြို့မှာ အပိုင်း(၁) အခန်း(၁) သိပ်မကြာသေးခင်က အဖြစ်အပျက်လို့လည်း ပြောလို့ ရသလို တော်တော်ကြာသွားပြီ ဖြစ်တဲ့ အဖြစ်ပျက်လို့လည်း ဆိုနိုင်ပါတယ်။ ဇွဲရှင်းတယောက် အသက် (၈)နှစ်သားနဲ့ မိဘမဲ့ ဖြစ်သွားရပါပြီ။ သူ့မိဘကို အသုဘချတဲ့ နေ့မှာ ရပ်ကွက်ထဲက လူတွေက ဘာသိဘာသာပဲ။ သာမန် မထူးခြားတဲ့ နေ့တနေ့လိုပဲ ကုန်ဆုံးသွားတယ်။ အသုဘချချိန် သင်္ချိုင်းမှာ ကျီးကန်းတွေ တအားအား တအားအားနဲ့ အော်မြည်နေတာကတော့ ထူးခြားတယ်။ နေက ဒီလောက်တောင် ပြင်းပြင်းရှရှ ပူလောင်နေပေမယ့် သင်္ချိုင်းကုန်းက သစ်ပင်ပန်းမန်တွေကတော့ စိမ်းလန်းလို့၊ မြက်ရိုင်းပန်းတွေဆို အဝါရောင် အပွင့်ကလေးတွေ ပွင့်လို့ပေါ့နော်။ အသုဘ ချပြီးနောက် ဘယ်လောက်တောင်မှ မရှိတဲ့ လူအုပ်က ကွဲသွားတော့ ကောင်လေး၊ အိမ်ပြန်မှာလား၊ လိုက်ပို့ပေးမယ်လေဆိုတဲ့ လောကွတ်စကားကလေး တခွန်းတောင် မကြားရဘဲ တကောင်ကြွက် ဖြစ်သွားတဲ့ ဇွဲရှင်းဟာ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ အိမ်ပြန်လာတယ်။ ရင်ဘတ်ထဲမှာတော့ ပြိုတော့မယ့် မိုးလို အုံ့ဆိုင်းမှိုင်းဝေနေတာပေါ့။ လမ်းတွေကလည်း ခြောက်ကပ်ပြီး အသက်မဲ့နေတယ်။ သူတို့ မိသားစု အတူနေခဲ့တဲ့ အိမ်လေးကို အဝေးကနေ လှမ်းမြင်လိုက်ရတော့ ဇွဲရှင...

now ...we..

Now the world is ending. D'you believe so.? then plz comment in my post? thank you.

Lonely

မနက်ခင်းတိုင်းသည် နိုးထရခက်သော နေ့ တနေ့ ဖြစ်လို့ နေသည်။ ပြီးတော့ အချိန်ဆွဲရင် ဆွဲသလောက် ကုန်လွယ်မြန်သော တလတာ ကာလသည် ဘာရယ်ကြောင့်မှန်း မသိ၊ နှမြောတသ ဖြစ်ကာ လွမ်းဆွေးသော ခံစားချက် ပေါ်သည်။ ကုန်လေပြီးသော နာရီ စက္ကန့်တံများကို နောက်ပြန်လှည့်ချင်သော စိတ်သည် လူတိုင်းမှာ ရှိလိမ့်မည်။ ဘဝတွင် ဘယ်သူမှ ဘယ်သူ့ကို လွှမ်းမိုး ချုပ်ကိုင် ခြယ်လှယ်နိုင်ခြင်း မရှိဟု ထင်ရသော်လည်း လက်တွေ့ဘဝတွင်မူ တယောက်နှင့် တယောက် အမှီသဟဲ မဖြစ်ဘဲကို နေ၍ မရကြောင်း သဘောပေါက်ရချေတော့သည်။မနက်ခင်းတိုင်းသည် ယခင်ကထက် မနေ့ကထက် ပြီးခဲ့တဲ့ အပတ်ကထက် ရှေ့တလကထက် ပိုပို ပူလာသည်ဟု ခံစားနေရသည်။ ဆောင်းသည် ( မြူနှင်းတွေနှင့် ) မဆောင်းတော့၊ လမ်းမများသည် ညတာကာလကို ဖြတ်ကျော်ခဲ့ပြီးသော်လည်း မနေ့က အပူငွေ့ သဲ့သဲ့ ကျန်သေးသည်။ ကတ္တရာလမ်းမထက် ဖြတ်သန်းနေသော မော်တော်ကား၊ ဆိုင်ကယ်များသည် မနက်ခင်းမှာပင် လူကလည်း ပူ၊ အင်ဂျင်ကလည်း ပူကာ ချွေးတလုံးလုံး ဖြစ်ချေတော့သည်။၂၀၁၅ ဒီဇင်ဘာသည် ကံကောင်းခြင်းနှင့် အဆုံးသတ်မည်လော၊ ကံဆိုးခြင်းနှင့် အဆုံးသတ်မည်လော ဝေခွဲ မတတ်ပါ၊ ဒီဇင်ဘာ ၅ ရက်တ...