Lonely


မနက်ခင်းတိုင်းသည် နိုးထရခက်သော နေ့ တနေ့ ဖြစ်လို့ နေသည်။ ပြီးတော့ အချိန်ဆွဲရင် ဆွဲသလောက် ကုန်လွယ်မြန်သော တလတာ ကာလသည် ဘာရယ်ကြောင့်မှန်း မသိ၊ နှမြောတသ ဖြစ်ကာ လွမ်းဆွေးသော ခံစားချက် ပေါ်သည်။ ကုန်လေပြီးသော နာရီ စက္ကန့်တံများကို နောက်ပြန်လှည့်ချင်သော စိတ်သည် လူတိုင်းမှာ ရှိလိမ့်မည်။ ဘဝတွင် ဘယ်သူမှ ဘယ်သူ့ကို လွှမ်းမိုး ချုပ်ကိုင် ခြယ်လှယ်နိုင်ခြင်း မရှိဟု ထင်ရသော်လည်း လက်တွေ့ဘဝတွင်မူ တယောက်နှင့် တယောက် အမှီသဟဲ မဖြစ်ဘဲကို နေ၍ မရကြောင်း သဘောပေါက်ရချေတော့သည်။မနက်ခင်းတိုင်းသည် ယခင်ကထက် မနေ့ကထက် ပြီးခဲ့တဲ့ အပတ်ကထက် ရှေ့တလကထက် ပိုပို ပူလာသည်ဟု ခံစားနေရသည်။ ဆောင်းသည် (မြူနှင်းတွေနှင့်) မဆောင်းတော့၊ လမ်းမများသည် ညတာကာလကို ဖြတ်ကျော်ခဲ့ပြီးသော်လည်း မနေ့က အပူငွေ့ သဲ့သဲ့ ကျန်သေးသည်။ ကတ္တရာလမ်းမထက် ဖြတ်သန်းနေသော မော်တော်ကား၊ ဆိုင်ကယ်များသည် မနက်ခင်းမှာပင် လူကလည်း ပူ၊ အင်ဂျင်ကလည်း ပူကာ ချွေးတလုံးလုံး ဖြစ်ချေတော့သည်။၂၀၁၅ ဒီဇင်ဘာသည် ကံကောင်းခြင်းနှင့် အဆုံးသတ်မည်လော၊ ကံဆိုးခြင်းနှင့် အဆုံးသတ်မည်လော ဝေခွဲ မတတ်ပါ၊ ဒီဇင်ဘာ ရက်တွင်တော့ ကျွန်ုပ် မြစ်ငယ်ထဲ ဆိုင်တဆိုင်၌ ကတ်ကြေးကိုက် မှာစားနေချိန် လူတဦးက ကျွန်ုပ်စားနေသော ကတ်ကြေးကိုက်ဖိုးကို ရှင်းလိုက်သည် ဆိုတော့ အလွန်ပင် အားတုံ့ အားနာ ဖြစ်မိချေရတော့သည် တမုံ့။ နေလုံးကြီးသည် အရှေ့ဘက် မစူးတစူး အရပ်မှ ထွက်ပေါ်ပြီး တဖြည်းဖြည်း မြင့်တက်လာချိန်၌ ဒေါင်းဖန်ဝါ နေလုံးထဲတွင် သိုမှီးထားသော နှစ်ထရီလီယံ သက်တမ်းရှိ အတိတ်ဖြစ်ရပ်များကို သယ်ဆောင်လာတော့သည်။ ဒီတနေသည်လည်း ဒီတနေ့၏ အဖြစ်အပျက်များကို မှတ်တမ်းတင် သိမ်းဆည်းကာ အနောက်ဘက် ဂေါယာကျွန်းသို့ စုန်းစုန်းမြုပ် ဝင်သွားပေလိမ့်မည်။ ကျွန်ုပ်တို့ စိတ်ထဲတွင် အတိတ်က ဖြစ်ရပ်များကို ပြန်ပြောင်း စဉ်းစားလိုက်သည်နှင့် ပေါ်လာသလိုလို သိသလိုလို ဖြစ်နေရသည်မှာ အဘယ်ကြောင့်နည်း။ နေရာအရပ်ဒေသ တခုခုကို ယခုမှ ပထမဦးဆုံး ရောက်ဖူးသည် ဖြစ်သော်လည်း၊ ရှေးတုန်းကတည်းကပင် ရင်းနှီးပြီးသားလို ဖြစ်နေရသည်မှာ အဘယ်ကြောင့်ပေနည်း။ မြိတ်မြိ့ုသည် ပင်လယ်ကမ်းနား ဆိပ်ကမ်းမြိ့ု တမြိ့ုသာ ဖြစ်သည်၊ ဤမြိ့ုလေးသည် ဂူဂဲလ် မြေပုံတွင် ရှာကြည့်လိုက်ရာ သေးသေးလေးပဲဟု မြင်ရသည်။ ဤမြိ့ုလေးသည် မြိ့ုစီးပွားရေး ကောင်းမွန်သလား မကောင်းမွန်သလားတော့ မပြောတတ်၊ အထပ်တရာကျော် မိုးမျှော်တိုက်ကြီး မရှိသေးတာတော့ သေချာသည်။ တနေဝင်တိုင်း မိသားစု စားဝတ်နေရေးအတွက် ဒေသကို ခွာပြီး နေရာသစ်ကို ပြောင်းရွှေ့သူတွေ ရှိနေမှာတော့ သေချာသလိုလို မသေချာသလိုလို။ နိုဝင်ဘာလအတွင်းကတော့ နာရီစင်ကြီး ရှိသည့် လမ်းမကြီးကို နောက်ဆုံးပေါ် စက်ကြီးနှင့် နိုင်လွန် လမ်းမကြီး ခင်းကျင်းလိုက်တာတော့ မြင်နေရသည်။ ထိုလမ်းမကြီး ပြီးသွားတော့ လူတွေလည်း မေ့သွားတော့သည်။ မနေ့တုန်းက ဘယ်ဟင်းစားလဲဆိုတာ ဘယ်သူမှ ပြန်မစဉ်းစားသလိုပင် မှတ်မှတ်ရရလည်း တခုမှ မကျန်ခဲ့ချေ။ တနှစ်ပြီး တနှစ် အချိန်တွေ ကုန်လွန်လာခဲ့သည်မှာ မြန်ဆန်လွန်းလှပါချေကောဟု ထင်မိသည်။ မျက်စိ တမှိတ်ကိုပင် မြန်လွန်းသည် ပြောမည် ဆိုလျှင် တအောင့်ဟု ပြောပါမည်၊ တအောင့်တာ ကာလအတွင်း၌ အတိတ်က ဖြစ်ရပ်များကို ပြန်ပြောင်းစဉ်းစားပြီး ဆွေးသလိုလို ဖြစ်ရသည် ဆိုလျှင် လက်ခံနိုင်ပါ့မလား။ အချို့သော စာရေးဆရာများသည် စာကို တီထွင် ဖန်တီး ရေးတတ်လှချေသည်။ ထိုသူတို့ တယောက်လက် တယောက် ရေးသားလာသော အချိန်ကာလနှင့် ပတ်သက်၍ သရုပ်ဖော်မှုတွင် ကျွန်ုပ် သဘောကျသော စာသားမှာ ဤသို့ ရက်ကိုလစား၊ လကို နှစ်စား အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်ဟူ၍တည်း။ ရက်လနှစ်များကို လူတို့ ဖမ်းဆီး ဆုပ်ကိုင်ထားခြင်းငှာ မစွမ်းသာ၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်၊ အင်း လူကိုမှ မစောင့်တာ မဟုတ်၊ ဘယ် သက်ရှိသတ္တဝါကိုမှလည်း မစောင့်၊ နောက်ဆုံး ဒီရေက အချိန်ကို မစောင့်သလို အချိန်ကလည်း ဒီရေကို မစောင့်ချေ။ အချိန်ဆိုတာသည် နဂိုက ရှိနေသည့် အရာကော ဟုတ်ပါရဲ့လား။ကျွန်ုပ်တို့ဘဝသည် အလွန်သနားစရာ ကောင်းလှသည်ဟု ထင်မြင်မိသည်။ အချိန်နှင့် ဒီရေသည် လူကို မစောင့်သော်လည်း ကျွန်ုပ်တို့သည် တယောက်ကို တယောက် စောင့်နေကြသည်မှာ နေ့တိုင်းပင်။ အစည်းအဝေးပွဲ လုပ်သည်။ နောက်ကျသည်။ စောင့်နေရသည်။ အများက တယောက်ကို စောင့်ခြင်း။ ဘုရားပွဲ သွားရန် သူငယ်ချင်း နှစ်ယောက် တိုင်ပင်ပြီး ချိန်းချက်ထားသည်။ အချိန်ကျသော် မျှော်နေသူက ပေါ်မလာသေး။ ဖုန်းဆက်လိုက်သော် ငါလာနေပြီ သို့မဟုတ် ငါ ဘာဖြစ်နေလို့ဟု ကြားရသည်။ တယောက်က တယောက်ကို စောင့်ခြင်း။ မတော်တဆ ဖြစ်နေတာဆိုလျှင် ခွင့်လွှတ်သင့်လှပေသည်။ အိမ်သူအိမ်သား အချင်းချင်း ကိစ္စ တခု လုပ်ရာ၌၊ အပြင်သွား ပြုရာ၌ တယောက်ကို တယောက် မစောင့်ရဘဲတော့ မရှိချေ။ စောင့်ရင်း စောင့်ရင်းနှင့်ပင် အချိန်တွေ တရွေ့ရွေ့ ကုန်၍ ကလေးက လူငယ်၊ လူငယ်က လူကြီး၊ လူကြီးမှ လူအိုဘဝသို့ ရောက်ရှိလာတော့သည်။ အိုမင်းရင့်ရော်ခြင်း အရွယ်သို့ ရောက်သည်အထိ အချိန် ဘယ်လောက်လောက်ကို စောင့်ခဲ့ရပါသလဲ။ တချို့လူများသည် အချိန်တွေ ပိုနေသည်ဟု ပြောကြသည်၊ ရထားစီးရင်း၊ ကားစီးရင်း၊ လေယာဉ်စီးရင်း အချိန်တွေ ပိုနေသည်ဟု ပြောကြသည်။ သက်သက်မဲ့ ပြောခြင်းသာ ဖြစ်သည်။ ယခု ဒီဇင်ဘာလ ဖြစ်သည်။ အရင်လို မအေးသေးတာ သေချာသည်။ အနွေးထည် ဝယ်ရမလား မဝယ်ရဘူးလား မသေချာ၊ နှစ်စဉ် လုပ်မြဲ ဖြစ်သော ဈေးပွဲတော်ကိုတော့ ဘုရားငါးဆူကွင်း (ယခင်ကဆို ဦးမြတ်လေးပန်းခြံ)ထဲမှာ ရက်နေ့က ရက်နေ့ထိ ငါးရက်ကြာ ကျင်းပနေပြီ။ ရက် နာရီ ဝန်းကျင် ကျွန်ုပ် သွားလည်ရာ လူတွေ ကြိတ်ကြိတ်တိုးနေတော့သည်။ မုန့်ဆိုင်တန်းလည်း ရှိ၊ အဝတ်ဆိုင်က ပိုများသည်။ သည်အဝတ်တွေ ဘယ်ကလာသလဲ။ ရောင်းလို့ကို မကုန်ဘူးလား။ ဘာတွေ ရောင်းပြီး ဘယ်သူတွေ ဝယ်နေကြတာလဲ။ အရက်ဘီယာဆိုင်ကတော့ ထုံးစံမပျက် စည်သည်။ အကျင့်စရိတ္တများကို တော်တည့်အောင် မဖြောင့်မှန်နိုင်ကြသေး။ လုခြင်းလည်း ရှိသည်။ ရန်ပွဲလည်း ရှိသည်။ ကလေးတွေကလည်း ရဟတ် စီးမည် မေမေ။ ဇာတ်ပွဲလည်း မလာတော့၊ ဒစ်စကို တီးဝိုင်းသာ နားညီးအောင် ကပြနေတော့သည်။ ရမ်အရောင်းမြှင့်တင်ရေးနားမှာ လူငယ်တွေ အုံလိုက်ကျင်းလိုက်၊ ရုတ်တရက်ကြီး ကျွန်ုပ် အထီးကျန်သည်ဟု ခံစားရသည်။ လူတွေ အထီးကျန်သည်။ ကစားခုန်စားရင်း ဖြေဖျောက်နေရသည်။ လူတွေ အထီးကျန်နေသည်။ သောက်စားပျော်ပါးရင်း ညမိုက်နေရသည်။ လူတွေ အထီးကျန်နေသည်။ အလုပ်တခုကို လုပ်ရင်း မိုးလင်းနေရသည်။ အားလုံး အထီးကျန်နေကြသည်။ ဘုရားပွဲ ရှိလျှင်၊ ဈေးပွဲတော် ရှိလျှင် ရောက်လာကြသည်။ တဖြည်းဖြည်းနှင့် အိမ်ထောင်ရက်သား ကျသွားကြသည်။ သားသမီး မြေးမြစ်တွေ ရလာကြသည်။ အရောင်းမြှင့်တင်ရေး ရှိလျှင်၊ ဟောပြောပွဲ ရှိလျှင်၊ လူစည်ကားရာ စုဝေးရာ နေရာတခု ရှိလျှင် ရောက်လာကြသည်။ ရက်များ ကုန်လွန်သွားသည်။ လများလည်း ကုန်လွန်သွားသည်။ တနှစ်ပြီး တနှစ် ရောက်လာသည်။ လူတွေလည်း တနှစ်ပြီးတနှစ် ပျောက်ကွယ်သွားသည်။ ကျန်ရစ်သူတွေကတော့ အထီးကျန်နေရသည်။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013