သိမ်​သမုတ်​​အောင်​ပွဲ

ဇွန်လ ၁ ရက်နေ့က မြိတ်မြို့ မင်္ဂလာဘုံကျော်တွင် သိမ်သစ် သမုတ်ရာ နေ့ခင်းပိုင်းတွင် မသမုတ်ဘဲ ညပိုင်းသမုတ်သည်။ အကြောင်းအရင်းကို မေးကြည့်ရာ သိမ်သမုတ်စဉ် အတွင်း ၎င်းသတ်မှတ်ထားသော အဝန်းတွင်းသို့ ရဟန်း သံဃာ နောက်ထပ် ဖြတ်သန်း သွားလာ၍ မရ၊ ဖြတ်ခဲ့လျှင် သမုတ်သိမ်အဖြစ်မှ ပျက်သည် ဖြစ်ရာ နေ့အချိန် သမုတ်လျှင် ကားလမ်းမ လူသွားလူလာ ကားအသွားအလာ များသဖြင့် တာဝန်ရှိသူများမှ ညချမ်းအချိန်ကို ရွေးချယ် စီမံရခြင်း ဖြစ်ပေသည်။ ဤသို့ သိရှိရသည်။

စည်းမပေါက်ရလေအောင် လုံခြုံရေး တာဝန်ယူထားသော ကာလသားများသည် ထိုညမှာပင် ဖြတ်သန်းသွားရန် လာကြသော ဘုန်းကြီး ကိုရင် အများကြီးကို ဟန့်တား မေတ္တာရပ်ခံရလေသည်ဆိုတော့။

ပွဲပြီး သိမ်အောင်သော် အသင့်ပြင်ထားသော မီးရှူး ယမ်းပန်းများ ရှို့လွှတ်ကြရာ စကောလောက်ပမာဏကြောင့် ပေါက်ကွဲအား ပြင်းထန်ရကား မဟာပထဝီမြေကြီးပင် တုန်လှုပ်သွားသည် ဆို၏။

ပြီးစီး၍ မီးရှူး မီးပန်းများ ဖောက်ဖောက် ပေါက်ကွဲသံကို အနီးအနား ရပ်ကွက်များမှ ကြားရသည်ကား ၉ နာရီ ကျော်လုလုပင်တည်း။

ေဩာ် မြိတ်မြို့ဝယ် ခန့်ညားလှသော သိမ်သစ်တလုံး တိုးလာပြန်ချေပြီ။ ရဟန်းသံဃာများ ကံဆောင် ပရိတ်ဝင်ရန် လွယ်ကူချောမော ပြေပြစ်လေပြီ။ စေတနာသဒ္ဓါတရားထက်သန်ကြကုန်သော မြိတ်သူမြိတ်သားတို့အတွက်မူ ရွှေရောင်လွှမ်းသော နေ့သစ်သည် အစဉ်အမြဲ စောင့်ကြိုကမ်းလင့်လျက် ရှိနေလေတော့သည် တကား။


Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013