Posts

Photos

Image
-- Life is too short...!

တက်လိုက်ပြီ..

Image
ကိုယ့်နာမည် I___I နေမင်း ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် I___I ကိုယ့်ကို ခေါ်တဲ့ လူ ရှိတယ်.. ဒါပေမယ့် ပြောပြဘူး ဒီမှာနေတယ် I___I လွန်ခဲ့တဲ့ နှစ်နှစ်က ရန်ကုန် ရွှေမြို့တော်ကြီးမှာ ကွန်းခိုနားနေဖူးတယ်. အခုတော့ ပင်လယ်ကမ်းရိုးတန်း မြို့လေး တစ်မြို့မှာ. I___I * အကြိုက်ဆုံးတွေက* I___I အရောင်ဆိုရင် I___I အရောင်ဆိုရင် ပြောင်မှ.. လက်မှ သဘောကျပေမယ့် လက်တွေ့မှာတော့ ကြုံရာပဲ ဆွဲနေတယ်.. ဟိ ဟိ အ၀တ်အစားဆိုရင် I___I ငယ်ငယ်တုန်းကတော့ မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ တိုက်ပုံအင်္ကျီ ၀တ်ရတာ သဘောအကျဆုံး၊ အဲ.. ကြီးလာတော့ အရသာ ပြောင်းသွားပြီ။ ချည်သား အပျော့စားနဲ့ ဂျင်းနုဘောင်းဘီ၊ စင်းကြောင်းပါတဲ့ ၀တ်စုံ၊ ပန်းပွင့်ပုံ၊ ကျောနဲ့ ရင်ဘတ်မှာ နဂါးပုံ၊ စိတ်ကူးထဲမှာဆိုရင် အားတိုင်း ကိုယ်ပိုင် ဒီဇိုင်းချည်းပဲ ထုတ်နေတာ အထည်ပေါင်း သောင်းကျော်သွားပြီ။ ဟဲ ဟဲ.. အစားအစာဆိုရင် I___I ကြုံရာ ဆွဲတယ် ဆရာ.. သမုဒ္ဒရာ ၀မ်းတထွာတဲ့.. သယ်ဂျင်းတွေ ကျွေးတာဆို အရမ်းသဘောကျ.. ဒီလိုပြောလို့ ငတ်ကြီးကျတယ် ထင်မှာပေါ့.. ထင်ထင်.. မုန့်ကျွေးမယ် ပြောတဲ့ လူဆို သူငယ်ချင်း တော်ပစ်လိုက်မယ် အဟုတ်..း) ပစ္စည်းဆိုရင် I___I ကွန်ပျူတာ၊ အမ်ပီ...

သင်ဘာဖြစ်ချင်သနည်း

Image
သင်ဘာဖြစ်ချင်သနည်း ပူနေသည်။ အေးနေသည်။ အိပ်နေသည်။ ပြီးတော့ ထပြန်သည်။ နေ၀င်သွားပြီ။ ဟော.. ပြန်ထွက်လာပြန်ပြီ။ သတ္တလောကဆိုတာ အခန်းကြီး တစ်ခုလိုပဲ။ မနေနိုင်တဲ့ ရက်စက်မှုတွေ အချိန်တိုင်း ဆက်လက်ဖြစ်ပျက်နေ.. ဗီလိန် မင်းရေးတဲ့ စာသားတွေ မိုက်တယ်။ ဒါပေမယ့် ငါ Tag ဆိုတာ ဘာမှန်း ငါမသိ.. အချိန်ရရင် ရေးမယ်။ အိုး.. .. .. နေ၀င်နေပြီ။ ငါ့စာကို ဖတ်ပြီး စိတ်မပျက်ကြပါနဲ့..။ မင်းသင်္ခ ရှီးသွားပြီ။ ကြီးမားသော ဆုံးရှုံးမှုတစ်ခု.. .. မနေ့က ငါ အိပ်ရာထ နောက်ကျတယ်။ ဒီနေ့ ငါ တရေးပဲ အိပ်ရသေးတယ်။ ညက စွတ်စို ထိုင်းမှိုင်းနေတယ်။ မိုးသက်မုန်တိုင်းတွေကလည်း အရာရာကို ကြည်စားနေတုန်း။ အေးစိမ့်တဲ့ လေငွေ့က အချိန်နဲ့ အမျှ ရင်ဘတ်ထဲ တိုးဝင်နေတယ်။ အမ်.. နေ့တွေ ရက်တွေ လွဲကုန်ပြီ။ မင်း သိလား ဗီ။ ကျောင်းတုန်းက ငါ ဘယ်တော့မှ ပေါ်ပြူလာ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ငါ ဘာမှ မဖြစ်ခဲ့ဘူး။ ပြောရင်း ဆိုရင်း ငါ့ နှာဝမှာ ချောင်းသာလေကို ရနံ့ ရပြန်ပြီ။ အုန်းရည်စိမ်လေး ငါ့ကို ဘယ်သူ ၀ယ်တိုက်ခဲ့တာပါလိမ့်.. ပြန်စဉ်းစားတယ်.. အချိန်က ငါ့ကို မေ့လျော့စေတယ်။ သူငယ်ချင်းကောင်းတွေနဲ့ ဝေးရာမှာ .. အဖြစ်အပျက်မှန် ရင်ဆိုင် ကျော်လွှားနေလျက်က မင်...

တိမ်ပုံ

Image
တိမ် ပုံစံလေးတွေ

အချိန်ရှိသေးလား

အချိန်ရှိသေးလား။ ကျွန်တော်သွားရတော့မယ်။ ပူပြင်းတောက်ပတဲ့ နေရောင်အောက်မှာ လူတွေ သွားလာ လှုပ်ရှားနေတယ်။ ချွေးပြန်နေတဲ့ မျက်နှာမှာ ပြုံးလက်တဲ့ နှုတ်ခမ်းကို အလျင်အမြန် ရှာတွေ့နိုင်တယ်။ အင်တာနက်တွေ လျှောက်ကြည့်မနေနဲ့ အချိန်ရှိသေးလား။ နောက်လျှောက်ရမယ့် ခရီးအတွက် သင်ဘာကို ထုပ်ပိုးပြီးပြီလဲ။ ကျွန်တော့မှာ ၀န်မဲ့နေလို့ တစ်ကိုယ်လုံး ပေါ့နေတယ်။ ဒါပေမယ့် ဖြစ်ပြီးတာတွေ ထားလိုက်ပြီး ဒီထက်မက စွန့်ပယ်ဖို့ ကြိုးစားနေလည်း ကျွန်တော် အမြဲတမ်း ကိုယ့်ဟာကိုယ် မေးနေမိတာက အချိန်ရှိသေးလား။ သွားရဦးမယ်ဗျာ.. ဒါနဲ့ မိတ်ဆွေ ကျွန်တော်နဲ့ အတူ သွားဖို့ ခင်ဗျားမှာ အချိန်ရှိသေးလား။

အုန်းပင်အိုကြီး

ကျွန်တော်တို့ လမ်းထိပ်တွင် လူမစိုက်ဘဲ သဘာဝအလျောက် ပေါက်ရောက်ကာ နှစ်ပေါင်းများစွာ သက်တမ်း ရှည်လှပြီ ဖြစ်သည့် အုန်းပင်ကြီး တစ်ပင် ရှိပါသည်။ သည်လို ပြောပြရသည့် စကားကပင် ဟောင်းလှချေပြီ။ အမှန်က အုန်းပင်ကြီး မရှိတော့သည်ကပင် ကျွန်တော့် တစ်သက်နီးပါး။ ထိုအုန်းပင်ကြီး လဲကျသွားချိန်က၊ ကျွန်တော်သည် အင်္ကျီဖြူ ဘောင်းဘီစိမ်းဝတ် မူကြိုကျောင်းကလေးပင် မတက်ရသေးသော ပီဘိကလေးငယ် သာသာ ဖြစ်သည်။ အုန်းပင်ကြီး မလဲမီက၊ ဘွားလေးမြရဲ့ တဲပုတ်ကလေးမှာ မခိုင်မခံ့။ ဘွားလေးမြ ဆိုလို့ ကျွန်တော်တို့နှင့် ဆွေမျိုးတော်သည်ဟု မထင်ပါနှင့်။ အသက်က ခုနစ်ဆယ့်ငါး၊ ရှစ်ဆယ် ၀န်းကျင် ရှိပြီ ဖြစ်ကာ၊ ကြီးလှပြီ။ လေးစားသမှုဖြင့် ဘွားလေးမြဟု ရပ်ကွက်က ခေါ်သည်။ တစ်မြို့လုံးကလည်း ဘွားလေးမြဟု သိသည်။ ဘွားလေးမြ မနက်တိုင်း ကြော်ရောင်းသည့် ဘူးသီးကြော် အရသာက ကောင်းလွန်း၍ လူတော်တော်များများ၊ လာဝယ်၊ အားပေးတတ်ကြသည်။ ကျွန်တော့် အမေက ဘွားလေးမြနျင့် အတော်ပင် ရင်းနှီးသည်။ ကျွန်တော်က အကြော်စားချင်သည်ဟု ပူဆာသော အချိန်က၊ အမေသည် ဘွားလေးမြ အကြော်တဲသို့ ကျွန်တော့်ကို ခေါ်သွားတတ်သည်။ (ဘွားလေးမြရေ.. ဟောဒီမှာ ကျွန်မသားက ဘူးသီးကြော် စားချင်လို့တဲ့ တော်ရေ..) ဘွားလေးမြက က...

နေရောင် ပျောက်တော့မယ့် ကောင်းကင်သစ်

ကျွန်တော် အဆုံးမရှိဘူး ။ အဆုံးကို လိုက်ရှာခဲ့တာ မဟုတ်ပေမယ့် အခု သွားနေ လုပ်နေတဲ့ အရာ မှန်သမျှဟာ အဆုံးကို ဦးတည်လို့ နေတယ်။ ရင် နှစ်ခြမ်း ဗြမ်းဗြမ်း အကွဲ ခံပြီး ရက်စက်စွာ ခွဲခွာရတော့မယ် ဆိုတော့မှ မျက်နှာက အရင်ထက် ပို တည်ငြိမ်နေပါရောလား။ ဟိုးမှာ မင်း မြင်လိုက်လား။ ငှက်နှစ်ကောင် အခြား အဖော်အပေါင်း မရှိဘဲ တိတ်တိတ်ကလေး ပျံသွားလေရဲ့။ ကောင်းကင်မှာ နေရောင် ပျောက်တော့မယ်။ အတိတ်ကို အတိတ်မှာ ထားခဲ့ချင်တယ်။ အခု လက်ရှိကို မြဲမြဲ မြံမြံ တွေးတောကာ နေချင်တယ်။ ဒါပေမယ့် ငါ ခုနက ငှက်နှစ်ကောင်လို အဖော် အပေါင်း မဲ့လို့ နေတယ်။ အိုးရေ.. အချစ်ရယ်။ လာပါ ငါ ကြိုက်နေတယ်။ မင်းဟာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ လှပ ညနေခင်း။ မင်း ရှိနေရင် ငါ့ ရင်ထဲမှာ မုန့်စားထားသလို ပြည့်ပြည့် ကျပ်ကျပ်ကြီး ပြီးတော့ နှလုံးသားကို ဆွဲဆုပ်ထားသလို ခံစားရတယ်။ အသက် မမဲ့ချင်ဘူး။ မင်းကို တွေ့ရင် ပြုံးပြချင်တယ်။ မင်းရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေချင်တယ်။ ငါ့ နှုတ်ခမ်းက တွန့်ရုံပဲ ကွေးတက်သွားတာကို ကြည့်ပြီး ဒါ ပြုံးတာလား ဟ.. လို့ ကိုယ့်ကိုယ်ကို တောင် အံ့သြနေသေးတယ်။ မင်း အိပ်နေကျ အိပ်ရာလေးကို ဖြတ်သွားတိုင်း ငါ့မှာတော့ သတိတရနဲ့.. မင်းကော ဘယ်လို နေ...