တက်လိုက်ပြီ..

ကိုယ့်နာမည် I___I နေမင်း

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် I___I ကိုယ့်ကို ခေါ်တဲ့ လူ ရှိတယ်.. ဒါပေမယ့် ပြောပြဘူး


ဒီမှာနေတယ် I___I လွန်ခဲ့တဲ့ နှစ်နှစ်က ရန်ကုန် ရွှေမြို့တော်ကြီးမှာ ကွန်းခိုနားနေဖူးတယ်. အခုတော့ ပင်လယ်ကမ်းရိုးတန်း မြို့လေး တစ်မြို့မှာ.

I___I * အကြိုက်ဆုံးတွေက* I___I


အရောင်ဆိုရင် I___I အရောင်ဆိုရင် ပြောင်မှ.. လက်မှ သဘောကျပေမယ့် လက်တွေ့မှာတော့ ကြုံရာပဲ ဆွဲနေတယ်.. ဟိ ဟိ


အ၀တ်အစားဆိုရင် I___I ငယ်ငယ်တုန်းကတော့ မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ တိုက်ပုံအင်္ကျီ ၀တ်ရတာ သဘောအကျဆုံး၊ အဲ.. ကြီးလာတော့ အရသာ ပြောင်းသွားပြီ။ ချည်သား အပျော့စားနဲ့ ဂျင်းနုဘောင်းဘီ၊ စင်းကြောင်းပါတဲ့ ၀တ်စုံ၊ ပန်းပွင့်ပုံ၊ ကျောနဲ့ ရင်ဘတ်မှာ နဂါးပုံ၊ စိတ်ကူးထဲမှာဆိုရင် အားတိုင်း ကိုယ်ပိုင် ဒီဇိုင်းချည်းပဲ ထုတ်နေတာ အထည်ပေါင်း သောင်းကျော်သွားပြီ။ ဟဲ ဟဲ..

အစားအစာဆိုရင် I___I ကြုံရာ ဆွဲတယ် ဆရာ.. သမုဒ္ဒရာ ၀မ်းတထွာတဲ့.. သယ်ဂျင်းတွေ ကျွေးတာဆို အရမ်းသဘောကျ.. ဒီလိုပြောလို့ ငတ်ကြီးကျတယ် ထင်မှာပေါ့.. ထင်ထင်.. မုန့်ကျွေးမယ် ပြောတဲ့ လူဆို သူငယ်ချင်း တော်ပစ်လိုက်မယ် အဟုတ်..း)

ပစ္စည်းဆိုရင် I___I
ကွန်ပျူတာ၊ အမ်ပီဖိုး

သီချင်းဆိုရင် I___I ငြိမ့်ပြီး အေးတဲ့ သီချင်း

စာရေးဆရာ I___I ရှေးခေတ် စာရေးဆရာ

စာအုပ် I___I ဟယ်ရီပေါ်တာ ခြောက်အုပ်၊ ဘ၀တသက်တာ ရွှေဥဒေါင်း

Life style I___I အသက်ရှုတယ်. သယ်ဂျင်း သယ်ဂျင်းကကော အသက်မရှုဘူးလား

ကိုယ့်ရဲ့ဝါသနာ I___I သီချင်းနားထောင်၊ တီဗွီ ကြည့်၊ သချာင်္တွက် (သချာင်္ဆိုလို့ အထင်မကြီးကြပါနဲ့.. အလီပေါင်းတွေ မြှောက်. စားလုပ်တာ ဟဲ ဟဲ)

အလိုချင်ဆုံးလက်ဆောင် I___I ပေးတိုင်းလည်း မယူ၊ ယူတိုင်းလည်း မရ.. ဒါကြောင့် သင့်သဘော..


ကိုယ့်ရဲ့ အချစ်ဆုံးသူက I___I အတ္တ

ကိုယ့်ရဲ့ အလေးစားဆုံးသူက I___I
အမှန်ပြောရရင် ဗုဒ္ဓ (ကိုယ့်မှာ အတ္တ ရှိကြောင်း သွန်သင်ပေးလို့)

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက I___I
မရှိ

ကိုယ့်ရဲ့ အမုန်းဆုံးသူက I___I
မရှိ

ရင်အခုန်ဆုံးအချိန် I___I မကောင်းတာ လုပ်မိတဲ့ အချိန်..

အကြောက်ဆုံးအချိန် I___I ကောင်းတာ လုပ်မိတဲ့ အချိန်.. အဲဒီအချိန်မှာ လူသိခံရမှာ တအားကြောက်.. ဟဲ ဟဲ

အပျော်ဆုံးအချိန် I___I
ပုံသေမရှိ.. တခါတလေကျရင် အလိုလို ပျော်လာတာလည်း ရှိတာပဲ

အမှတ်တရနေ့ I___I
မေ့ပစ်လိုက်ပြီ..

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု I___I နိဗ္ဗာန်ပဲပေါ့

အချစ်ဆိုတာ I___I တဏှာ (ကိုယ်တော့ ဒီလိုပဲ ခံယူတယ်) အချိန်တန်ရင် ပွင့်ရမယ်၊ မပွင့်ရင် အမြုံပေါ့. ဟ ဟ

အမုန်းဆိုတာ I___I ဘာလဲ ပြန်ပြောပြပါဦး

အလွမ်းဆိုတာ I___I ဆွေးမြည့်ခြင်း တမျိုးလို့..

သံယောဇဉ်ဆိုတာ I___I
အပ်ချည်ကြိုးလို ရှုပ်တယ်..

ဘ၀ဆိုတာ I___I
သူများတွေ ခန့်မှန်း သလို မဟုတ်ဘူး.. ဒီလောက်ပဲ ပြောထားနိုင်တယ်.. သိချင်ရင် ဘုရားဟောတဲ့ အတိုင်း ကျင့်ကြလေ..

သူငယ်ချင်းဆိုတာ I___I
သခ်ာၤ

ခ်စ္သူဆိုတာ I___I
မီးပြား
ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် I___I
သြော်.. ငါဆိုမှ ငါပါလား လို့.. မနက်အိပ်ရာထရင် ဒီနေ့ မိုးရွာနေသလား နေပူနေသလား ဆိုတာ ကြည့်တယ်..

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က I___I အရင်တုန်းက ရှိတယ်.. အခု ပြုတ်သွားပြီ.. ဆောင်ပုဒ်ကို ပြောတာ. ဟဲ ဟဲ..
အပြောချင်ဆုံးစကားတစ်ခွန်း I___I ဘ၀ကို များများ မုန်းကြပါလို့ .. အဲ နေပါဦး အမုန်းဆိုတာ ဘာလဲ ဟင်..

ကျွန်တော် ဘယ်သူ့ကို ပြန် Tag ရမလဲ မသိတော့ သယ်ဂျင်းကိုပဲ ပြန် တက်ရမှာပဲ..

ဗီရေ.. အိပ်မပျော်တဲ့ အချိန်တွေမှာ ဘာတွေးမိလဲ.. တက်လိုက်ဦး ကောင်းကင်ကို..

တိုင်တယ် ခေါင်းစဉ်များကို ရွှေပြည်သူ ဘလော့မှ ဆွဲထားပါသည်။ ခွင့်လွှတ်. ခွင့်လွှတ်..



--
Life is too short...!

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013