ပထမဆုံးများ

ပထမဆုံး တက်တဲ့ ကျောင်း +++++ အ.ထ.က (၄)
ပထမဆုံး အငို +++++ အမေပျောက်ခြင်း (လက်စသတ်တော့ အမေက ပျောက်သွားတာ မဟုတ်ဘူး.. ကျွန်တော်က ပျောက်သွားတာလေ.. ဈေးထဲမှာပေါ့)
ပထမဆုံး ပျော်ရွှင်မှု +++++ ရှစ်နှစ်တုန်းက မွေးနေ့ပွဲ
ပထမဆုံး ရန်ပွဲ +++++ ခြောက်တန်းနှစ် သူငယ်ချင်းတစ်ယောက်နဲ့ လက်သီးချင်း ထိုးကြတာလေ.
ပထမဆုံး အလွမ်း +++++ တက္ကသိုလ်တက်မယ်လို့ သင်္ဘောပေါ် ပထမဆုံး တက်ရတုန်းက
ပထမဆုံး ရင်ဘတ်နာကျင်မှု +++++ ပထမဆုံး ၀င်တဲ့ အလုပ်ကနေ တလအကြာမှာ ပြုတ်သွားတဲ့ အခါ
ပထမဆုံး စိတ်လက်ပေါ့ပါးမှု +++++ ကျောင်းပြီးသွားတဲ့ ရက်
ပထမဆုံး လွတ်လပ်သည်ဟု ခံစားရမှု +++++ ဘွဲ့ရသည့်နေ့၏ နောက်တနေ့
ပထမဆုံး မုသား +++++ ပထမတန်း
ပထမဆုံး ကြေကွဲမှု +++++ ရန်ကုန်ကို စွန့်ခွာလာတဲ့ ညသန်းခေါင် မတိုင်မီ အဆောင်ထဲက မီးရောင်အောက်မှာ ရပ်နေတုန်းက
ပထမဆုံး လေလွင့်မှု +++++ အလုပ် မရှိသော နောက်
ပထမဆုံး သူငယ်ချင်း +++++ ပထမတန်းတုန်းက တွဲတဲ့ မုတ်ဆိတ်မွေးနဲ့ သူငယ်ချင်း (အခု ဘယ်ရောက်နေမှန်း မသိဘူး)
ပထမဆုံး ရည်းစားစကား ပြောခဲ့ဖူးတာ +++++ သုံးတန်းတုန်းက (မရည်ရွယ်ဘဲ ပါးစပ်က နင့် ငါ ချစ်တယ် လို့ လွှတ်ကနဲ ထွက်သွားတာ သူက ဆရာမကို သွားတိုင်တော့ မျက်မှန်ဆရာမက သဘောကျပြီး ရယ်နေတာ) အဲဒီကတည်းက ဘယ်သူ့ကို မှ ယောင်ပြီးတော့တောင် မပြောခဲ့တော့ဘူး
ပထမဆုံးသွားတဲ့ သူငယ်ချင်းများနဲ့ ခရီး +++++ ချောင်းသာ
ပထမဆုံး လေ့လာရေး ခရီး +++++ ပြည်တွင်း ခရီးး)
ပထမဆုံး ရှုဖူးတဲ့ အသက် +++++ လူမှန်း သိတတ်ကတည်းက
ပထမဆုံး ရဖူးတဲ့ ဆု +++++ ပထမတန်းတုန်းက ပထမဆု
တော်လောက်ပါပြီ.. သယ်ဂျင်းတို့လည်း ရေးကြပါဦး

--
Life is too short...!

Comments

  1. ကောင်းသားပဲ။ ထပ်တက်ရဦးမလား
    ဟဲဟဲ

    ReplyDelete

Post a Comment

U can drop ur comment here

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013