What kind of you are!

What kind of you are!

အပြင်မှာ ဘာတွေ ဖြစ်နေကြတာလဲ။ စကားတစ်ခွန်း မေးလိုက်မိတယ်။

ဆေးရုံကုတင်က အေးစက်နေတာပဲ။ အဲယားကွန်းကြောင့် နေမှာ။

စိတ်အာရုံ တစ်ခုလုံး ထုံထိုင်းနေတော့ မသိ ၀ိုးတ၀ါး။

ဆရာဝန်။ ။ သက်သာရဲ့လား။

လူနာ။ ။ ဒေါက်တာ .. ကျွန်တော် ဘာဖြစ်နေတာလဲ။

ဆရာဝန်။ ။ နှလုံးရောဂါပါ။

လူနာ။ ။ ကျွန်တော် သေမှာလား ဒေါက်တာ..

ဆရာဝန်။ ။ အတတ် မပြောတတ်ဘူး။ ခင်ဗျားရဲ့ စိတ်အခြေအနေပေါ်မှာ မူတည်တယ်။

လူနာ။ ။ ကျွန်တော့ကို လာမကြည့်ကြဘူးလား။

မျှော်လင့်ချက်ကြီးစွာဖြင့် မေးလိုက်သောအသံ

ဆရာဝန်။ ။ မကြည့်ကြဘူး။

လူနာ စိတ်ပျက်သွားသည်။

ဆရာဝန်။ ။ မနေ့ကတော့ ခင်ဗျား မေ့နေတုန်း လာကြည့်ကြတယ်လေ။

လူနာ။ ။ ကျွန်တော့ ဇနီး မဟုတ်လား ဟင်..

ဆရာဝန်။ ။ ခင်ဗျား သူငယ်ချင်းပါ။ သူငယ်ချင်းဟောင်းလို့ ပြောတာပဲ။ ဘာဖြစ်လို့လဲ။

လူနာ။ ။ အာ.. အာ.. ဘာမှတော့ မဖြစ်ပါဘူး။ ကျွန်တော် အခု ဆေးရုံက ဆင်းချင်တယ် ရမလား ဒေါက်တာ..။

ဆရာဝန်။ ။ ခင်ဗျား အခြေအနေက တော်တော် ဆိုးနေတယ်။ ဒါပေမယ့် မဖြစ်မနေ ဆင်းမှ ဖြစ်မယ်ဆိုရင်တော့ ရပါတယ်လေ။

လူနာ။ ။ ကျွန်တော့ကို တက္ကစီ တစီး စီစဉ် ပေးနိုင်ပါ့မလား ဒေါက်တာ..

ဆရာဝန်။ ။ ရပါတယ်။ ခင်ဗျား အိမ်ဖုန်း နံပါတ် ပြောပါ။

…………………………….

သန်းဌေး။ ။ မင်းဘာတွေ လုပ်နေတာလဲဟင် ကွာ..

ရှင်မိ။ ။ ကျွန်မ ဘာလုပ်လဲ ဟုတ်လား။ အိမ်အတွက် လုံးပန်းနေရတာလေ.. မမြင်ဘူးလား

သန်းဌေး။ ။ တောက်.. မင်း ဘယ်လို လူမျိုးလဲ။ လင်တကောင်လုံး ဆေးရုံ တက်နေရပါတယ် ဆိုတောင် လာ မကြည့်ဘူး။

ရှင်မိ။ ။ ဟင်း ဟင်း.. ရှင်လား.. လူနာ။ ထစ်ကနဲဆို မေ့လဲရတာနဲ့ ရင်ဘတ် အောင့်ရတာနဲ့။

သန်းဌေး။ ။ ဟေ့ ငါ့ကို မစော်ကားနဲ့ကွ..

ရှင်မိ။ ။ စော်ကားတယ်ဟေ့။ ကားတော့ ကော ဘာဖြစ်တုန်း။

သန်းဌေး။ ။ ငါ ရိုက်မိတော့မယ်နော်..

ရှင်မိ။ ။ လာရိုက်လိုက်လေ.. ကျွန်မကြောင်း သိသွားမယ်။

သန်းဌေး။ ။ ငါ မင်းကို ဘာဖြစ်လို့များ ယူမိတာပါလိမ့်။ အပျိုတုန်းကတော့ မင်း အေးအေးလေးပါ။

ရှင်မိ။ ။ အေးအေးလေးပဲ မှန်တယ်။ အခုတော့ မအေးနိုင်တော့ဘူး။ ရှင့်လုပ်စာ ဘယ်မှာ မှန်မှန် စားရလို့လဲ။ အရက်သောက်.. အရက်သောက် တချိန်လုံးပဲ အရက်သောက်နေတော့တာပဲ။ သားကြီးက ခုနှစ်တန်း ရောက်နေပြီ။ အတန်းထဲမှာ မျက်နှာ ငယ်နေလို့ မဖြစ်ဘူး။

သန်းဌေး။ ။ ဟေ.. အရင်တုန်းက မျက်နှာ ကြီးနေလို့လား။ မင်းတို့က တော်တော် ကြွားချင် ၀ါချင်ကြ။

ရှင်မိ။ ။ ကြွားချင်တာ မဟုတ်ဘူး။ ခေတ်နဲ့ အမှီ လိုက်ဖို့ ပြောတာ.. အတန်းထဲမှာ အားလုံး နီးပါး ကျူရှင် ယူနိုင်ကြတယ်။ ရှင့်သားမှာတော့ သင်းကွဲ..

သန်းဌေး။ ။ ငါ ပြောပြီးပါပကောလား။ ကျူရှင် ယူနိုင်ဖို့ မလိုဘူး။ စာတော်ချင်ရင် စာဖတ် စာကြိုးစားဖို့ပဲ လိုတာ.. ဖျင်းလို့ ပျင်းလို့သာ ကျူရှင် ယူကြတာ မင်း အခုထိ သဘောမပေါက်သေးဘူးလား။

ရှင်မိ။ ။ အခုဆို ကျူရှင် လခက မိုးထိတောင် လှေကားထောင်နေပြီ။ ရှင်က ဒီထက် မြင့်တဲ့ အလုပ်ကို ရှာဖို့ မကြိုးစားဘူး။ ရှင့် အလုပ်နဲ့ ကျွန်မတို့ ဘယ်တော့ ထမင်း ၀မှာလဲ..

သန်းဌေး။ ။ တနေ့တော့ ၀လာမှာပေါ့။ စောင့်နိုင်ရင် အကျိုးရှိ။ အောင့်နိုင်ရင် သူခိုးမိသတဲ့။ မင်းတို့က စောင့်ပဲ မစောင့်နိုင်ပဲကို။ ငါ့ အလုပ်က တိုးတက်ဖို့ လမ်း ရှိတယ်။ သိရဲ့လား။

ရှင်မိ။ ။ ဘာမှ မဆိုင်ဘူး။ ကျွန်မကတော့ ရှင် ဆေးရုံကနေ ပြန်မဆင်းလာလေ ကောင်းလေ။

သန်းဌေး။ ။ ဟေ.. ဒါဆို မင်း ဘာနဲ့ ထမင်းစားမလဲ ဈေး ၀ယ်မလဲ။

ရှင်မိ။ ။ ရှင့် သူငယ်ချင်း ရှိတယ်လေ။ (ပါးစပ်မှ လွှတ်ကနဲ ထွက်သွားသည်) အဲ.. အဲ..

သန်းဌေး။ ။ ဘာပြောတယ်ကွာ.. ငါ့ သူငယ်ချင်းက မင်းနဲ့ ဘာပတ်သက်လို့လဲ။ ဘာလဲ ဒီကောင်က မင်းကို ပိုက်ဆံ လာ ပေးနေလား။ သားကြီး မယားကြီးနဲ့ကွ..

ရှင်မိ။ ။ ဒီကလည်း သားကြီး မယားကြီးပဲ။ ရှင့် လုပ်ပုံ မခံနိုင်လို့ ကျွန်မ သူပေးတာ လက်ခံတယ်။ အဲဒါ ဘာဖြစ်လဲ။

သန်းဌေး။ ။ ဘာပြောတယ်.. မင်းတို့ ဖြစ်နေကြတယ်လား။ ဟုတ်လား။

ရှင်မိ။ ။ အမှန်အတိုင်း ပြောရရင် လွန်ခဲ့တဲ့ တစ်လက ရှင်ဆေးရုံ တက်ကတည်းက ဖြစ်နေခဲ့ကြတာ။ သူက ကျွန်မ အပေါ် ကြင်နာတယ်။ ရှင်နဲ့ တခြားစီပဲ။

သန်းဌေး။ ။ ဟင်.. မင်း မင်း.. မိန်းမယုတ်..

ရှင်မိ။ ။ ဘာပြောတယ်ရှင့်.. ကျွန်မကို မိန်းမယုတ် မခေါ်နဲ့။ ရှင့်ကြောင့် ကျွန်မ နောက်မီး လင်းရတာ..။ ရှင့်က ရတဲ့ ပိုက်ဆံကို ရှင့် သူငယ်ချင်း မိန်းမကို သွားသွား ပေးနေတာ မသိဘူး မှတ်နေလား။ ကျွန်မက အကုန်လုံး ကြားပြီးပြီ။ သားလေး မျက်နှာ ထောက်ပြီး မသိသလို နေနေတာ..။

သန်းဌေး။ ။ ဟေ မင်း မင်း..

ရှင်မိ။ ။ ကျွန်မဆို ကြားစက အရမ်း ရှက်တယ်။ ရှင် သစ္စာ ဖောက်တယ် ဆိုပြီးတော့။ ကျွန်မလည်း ဘာ မယား ၀တ္တရား မကျေပွန်တာ ရှိလဲပေါ့။ နောက်တော့ သဘောပေါက်လာတယ်။ ရှင်က ငါးစိမ်းမြင် ငါးကင် ပစ်တဲ့ သဘောပဲ။ ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်ပေါ့။

သန်းဌေး။ ။ ငါ ငါတို့ ဘာမှ မဖြစ်ကြပါဘူးကွာ.. မင်း အထင်လွဲနေတာ။

ရှင်မိ။ ။ ဘာ အထင်မှ လွဲစရာ အကြောင်း မရှိဘူး။ အားလုံး သိနေကြတဲ့ အကြောင်းတွေ။ ကျွန်မတို့ ဘဲစား ဘဲချေပေါ့။ ဟင်း ဟင်း။


--
Life is too short...!

Comments

  1. အမ်....... တတ်လည်းတတ်နိုင်တယ်နော်

    ReplyDelete

Post a Comment

U can drop ur comment here

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013