Posts

Eng test

Choose the correct answer. "The following evening" means 1. the next evening 2. this evening 3 two evenings from today 4. the evening one week from today The correct ans is one. E.g. We're planning a party for the following evening.

ကျွန်​မဆိုတာ

ဟေ့​ကောင်​၊ မင်း နွဲ့နွဲ့ဝင့်​သန်းကို သိတယ်​ မဟုတ်​လား။ ​အေး၊ သိတယ်​၊ ဘာဖြစ်​လို့။ ​အေး၊ ငါ တ​နေ့ သူ့အိမ်​ သွားလည်​​တော့ သူက သူ့အ​မေနဲ့ စကား​ပြောတာ အ​မေ၊ ကျွန်​မက​လေ ကျွန်​မက​လေနဲ့ ​ပြောတာကွ။ အဲဒီ​တော့ ဘာဖြစ်​လဲကွ။ ဘာဖြစ်​ရမလဲ၊ ည​နေ အိမ်​ပြန်​​ရောက်​​တော့ ငါလည်း အ​ဖေ့ကို အဲလို ​ပြော​တော့ အ​ဖေက ငါ့ကို နားရင်းအုပ်​​ရောကွ။ မင်းက ဘယ်​လို သွား​ပြောတာတုန်း။ အ​ဖေ၊ ကျွန်​ထီး အိမ်​ပြန်​လာပြီ လို့​လေ။

သရက်​သီး

Image
There are six mangoes in the dish in broad daylight. I am sure those are the ones that you like. Please comment under the post if you like  the most.

Hell of Fire or fire of hell?

နေရတယ်​ ဒီ​လောကမှာ ဖြစ်​ရတယ်​ ဒီဘဝမှာ ငရဲမီးလျှံ မီးလျှံငရဲ ပြာပူ လူမ​ကြောက်​ လူပူ ပြာမ​ကြောက်​ အချစ်​က မီးဆိုရင်​ အမုန်းက ​ရေများလား စိတ်​ရှိတိုင်း ခံစားမှု ရှိ​နေတယ်​ နာကျင်​တာ​ရော ကြင်​နာတာ​ရော ငုံးဆူ လူမသိ လူသိ ငုံးမဆူ ​မေတ္တာ​ရောင်​ပြန်​ ဘယ်​​တော့ လွှတ်​မလဲ ​ဝေဒနာဥပက္ခာ ဥပက္ခာ​ဝေဒနာ ဟူး ဟဲ ဟူး ဟဲ

အဲဗားသူ

ငှက်ကလေးတွေ နိုးသံမြည်တယ် အချိန်နဲ့ကိုက် နားဝင်ချိုလယ် ဖလူး ကျလိ ရှလိ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း ပလာတာ ရိုက်ရအောင် ဘတ် ဘတ် ဘတ် ကြည်ကြည်လင်လင် လှလှပပ အာလူး ဖုတ်ရအောင် ပွစိ ပွစိ ပွစိ နေပူပူမှာ ရေဆာသူဟာ အအေး သောက်ရအောင် ရှလူး ရှလွတ် ရှဲ ချွေးထွက်လာလို့ ခေါင်းယားသူမှာ ဗောက်ကို ဒင်းဒင်း ကုတ်ရအောင် ဗျက် ဗျတ် ဒက် အလှူရှိလို့ ဝက်သားစားသူ လေပွထတော့ အီးတွေ အာရှု အာရှု ပေါက်ရအောင် ဘွတ် ဘက် ဗြဲ ဖောင်း ညနေစောင်းဝယ် ရေချိုးသွားတယ် ရေချိုးဆိပ်မှာ ရေကို ဝဝချိုးရအောင် ဘုတ် ဇက် ဗွမ်း အေးအေးချမ်းချမ်း သာသာယာယာ ညရောက်လာတော့ ထမင်း ပူပူ ဝါးရအောင် အာဝု အု အဟွတ် ဆီးဂိမ်းနီးလာ တီဗွီမှာလွှင့် တစ်ကျပ်ခွဲမရှိ လူအားပေး၏ ဂိုး ဟို ဂိုး ဟို သက်ကြီးခေါင်းချ ရယ်ရွှင် ဇာတ်မြူး အရူးအပေါ ချစ်ကြိုက်ကွဲညား ဒရာမာ အက်ရှင် အိပ်ငိုက်လာသည် အိပ်တော့မည် ခလူး ခလူး ဖတ် ဟူး မောတယ် ဒီဘဝမှာ နေရတာ

လွပကန္ပံု

Image
မြိတ်မြို့အလွန်မှ တောင်ပေါ်ရှိ ကြည်လင်စိမ်းလဲ့နေသော ကန်ကြီး သာယာလှပ စိမ်းမြမြ။ Label: myeik, beik, photo, lake, beautiful, green, ဘိတ်, ရေကန်

Spider species

Image
ပင့်ကူလေး ရေငတ်နေတယ်။ ဘယ်လောက်ပဲ မောင်းထုတ် မောင်းထုတ် ရေကိုသာ အငမ်းမရ စုပ်သောက်နေပုံက ခြေကားယား လက်ကားယား။ ရေက ဖြူပြီး ကြည်နေတယ်။ ကျနေက ညိုဝါရောင် ခန္ဓာကိုယ်ပေါ် ထိုးကျလျက်။ သူ့ကို ဘယ်လို ခေါ်လဲ မသိပါ။ အဟိတ် တိရစ္ဆာန် ဖြစ်တဲ့ သူကတော့ နာမယ်ပင် ရှိပုံ မပေါ်။ လူတွေက နာမယ် မှည့်ပေးထားတာကိုလည်း သိဟန် မတူ။ လက်ရှိ သူသိတာကတော့ ရေ ငတ်ရင် ရေသောက်၊ ဘဝဆိုတာက ဒါပဲ မဟုတ်လား။