အဲဗားသူ

ငှက်ကလေးတွေ နိုးသံမြည်တယ် အချိန်နဲ့ကိုက် နားဝင်ချိုလယ်

ဖလူး ကျလိ ရှလိ

ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း ပလာတာ ရိုက်ရအောင်

ဘတ် ဘတ် ဘတ်

ကြည်ကြည်လင်လင် လှလှပပ အာလူး ဖုတ်ရအောင်

ပွစိ ပွစိ ပွစိ

နေပူပူမှာ ရေဆာသူဟာ အအေး သောက်ရအောင်

ရှလူး ရှလွတ် ရှဲ

ချွေးထွက်လာလို့ ခေါင်းယားသူမှာ ဗောက်ကို ဒင်းဒင်း ကုတ်ရအောင်

ဗျက် ဗျတ် ဒက်

အလှူရှိလို့ ဝက်သားစားသူ လေပွထတော့ အီးတွေ အာရှု အာရှု ပေါက်ရအောင်

ဘွတ် ဘက် ဗြဲ ဖောင်း

ညနေစောင်းဝယ် ရေချိုးသွားတယ် ရေချိုးဆိပ်မှာ ရေကို ဝဝချိုးရအောင်

ဘုတ် ဇက် ဗွမ်း

အေးအေးချမ်းချမ်း သာသာယာယာ ညရောက်လာတော့ ထမင်း ပူပူ ဝါးရအောင်

အာဝု အု အဟွတ်

ဆီးဂိမ်းနီးလာ တီဗွီမှာလွှင့် တစ်ကျပ်ခွဲမရှိ လူအားပေး၏

ဂိုး ဟို ဂိုး ဟို

သက်ကြီးခေါင်းချ ရယ်ရွှင် ဇာတ်မြူး အရူးအပေါ ချစ်ကြိုက်ကွဲညား ဒရာမာ အက်ရှင် အိပ်ငိုက်လာသည် အိပ်တော့မည်

ခလူး ခလူး ဖတ်

ဟူး

မောတယ်

ဒီဘဝမှာ နေရတာ

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013