Spider species

ပင့်ကူလေး ရေငတ်နေတယ်။ ဘယ်လောက်ပဲ မောင်းထုတ် မောင်းထုတ် ရေကိုသာ အငမ်းမရ စုပ်သောက်နေပုံက ခြေကားယား လက်ကားယား။

ရေက ဖြူပြီး ကြည်နေတယ်။ ကျနေက ညိုဝါရောင် ခန္ဓာကိုယ်ပေါ် ထိုးကျလျက်။ သူ့ကို ဘယ်လို ခေါ်လဲ မသိပါ။ အဟိတ် တိရစ္ဆာန် ဖြစ်တဲ့ သူကတော့ နာမယ်ပင် ရှိပုံ မပေါ်။ လူတွေက နာမယ် မှည့်ပေးထားတာကိုလည်း သိဟန် မတူ။ လက်ရှိ သူသိတာကတော့ ရေ ငတ်ရင် ရေသောက်၊ ဘဝဆိုတာက ဒါပဲ မဟုတ်လား။

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013