The ancient mountain range on the supercontinent Gondwana, translated into myanmar

Scientists have discovered evidence of an ancient mountain range that spread 1,550 miles from Africa to South America back when the two continents were one. And strange as it may sound, the massive mountain range on the supercontinent Gondwana, similar in size to the Himalayas, actually fed our oceans millions of years ago. "Just like the Himalayas, this range was eroded intensely because it was so huge," the study's co-author tells the Australian National University. "As the sediments washed into the oceans they provided the perfect nutrients for life to flourish." The study authors add that their 600-million-year-old find marks the earliest evidence of a large-scale mountain range, comparable to the Himalayas, on the planet.

Researchers guessed that such a mountain range existed "because of the way life thrived and ocean chemistry changed at this time, and finally we have found it," a researcher says. Though the mountains are long gone, the "rocks from their roots told the story of the ancient mountain range's grandeur," another adds. Such rocks have been found in both Mali and Brazil, Eureka Alert reports. Scientists analyzed the samples and discovered they were not only of similar age, but also formed at similar depths. They say the samples indicate the mountains formed when two continents collided, sending rocks 62 miles into the Earth's mantle. (Meanwhile, geologists say they've discovered why the Appalachian mountain chain bends.)

Now this article in english is translated into Myanmar for your knowledge of nature
science.

Scientists have discovered evidence of an ancient mountain range that spread 1,550 miles from Africa to South America back when the two continents were one.

တိုက်ကြီးနှစ်တိုက် တတိုက်တည်း အနေနဲ့ အချိန်တုန်းက အာဖရိကမှ တောင်အမေရိကသို့ ၁၅၅၀ မိုင် ရှည်လျားသော ရှေးခေတ် တောင်စဉ်တန်း တခု တည်ရှိခဲ့ကြောင်း အထောက်အထားကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။

And strange as it may sound, the massive mountain range on the supercontinent Gondwana, similar in size to the Himalayas, actually fed our oceans millions of years ago.

နောက် ထူးဆန်းပုံမှာ ဟိမဝန္တာတောင်နှင့် အရွယ်အစား တူသော စူပါတိုက်ကြီး ဂွန်ဒွာနာ တိုက်ပေါ်တွင် တည်ရှိခဲ့သည့် ၎င်း ကျယ်ပြန့်လှသော တောင်စဉ်တန်းကြီးသည် ရှေးနှစ်သန်းပေါင်းများစွာက ကျွနု်ပ်တို့၏ သမုဒ္ဒရာများကို အာဟာရ ဖြည့်ပေးခဲ့ခြင်း ဖြစ်သည်။

"Just like the Himalayas, this range was eroded intensely because it was so huge," the study's co-author tells the Australian National University.

"ဟိမဝန္တာတောင်လိုပဲ ဒီတောင်တန်းဟာ သိပ်ကြီးမားတဲ့ အပြင် ကောင်းကောင်းကြီး တိုက်စားခံခဲ့ရတယ်" လို့ လေ့လာမှု ပူးတွဲ စာရေးသူက သြစတြေးလျ အမျိုးသား တက္ကသိုလ်ကို ပြောပြသည်။

"As the sediments washed into the oceans they provided the perfect nutrients for life to flourish."

"အနည်တွေက ပင်လယ်သမုဒ္ဒရာထဲ တိုက်ဆေးခံရပြီးတော့ သက်ရှိတွေ ရှင်သန် ပေါက်ဖွားအောင် ပြည့်ဝတဲ့ အာဟာရဓာတ်တွေကို ပံ့ပိုးပေးခဲ့တယ်"

The study authors add that their 600-million-year-old find marks the earliest evidence of a large-scale mountain range, comparable to the Himalayas, on the planet.

လေ့လာသူတွေ ထပ်ပြောသည်က သူတို့၏ နှစ်သန်း ၆၀၀ သက်တမ်းကြာနေပြီ ဖြစ်သည့် ရှာတွေ့မှုသည် ဟိမဝန္တာနှင့် ယှဉ်လောက်သော အကြီးစား တောင်စဉ်တန်းကြီး တခု ကမ္ဘာပေါ်၌ တည်ရှိကြောင်း အစောဆုံး အထောက်အထားဟု မှတ်ယူနိုင်သည် ဟူ၏။

Researchers guessed that such a mountain range existed "because of the way life thrived and ocean chemistry changed at this time, and finally we have found it," a researcher says.

သုတေသီများ ခန့်မှန်းသည်က ထိုကဲ့သို့သော တောင်စဉ်တန်း တခု တည်ရှိခဲ့ကြောင်းကို "ပေါက်ဖွား ပွားများခဲ့သည့် သက်ရှိ ဖြစ်စဉ်နှင့် ထိုအချိန်က ပြောင်းလဲသွားသည့် သမုဒ္ဒရာ ဓာတ်သဘောကြောင့် နောက်ဆုံး တွေ့ရှိခဲ့ရသည်" ဟု သုတေသီ တဦးက ဆိုသည်။

Though the mountains are long gone, the "rocks from their roots told the story of the ancient mountain range's grandeur," another adds.

"တောင်တန်းတွေ ပျောက်ကွယ်သွားတာ ကြာနေပေမယ့် တောင်တန်းတွေ အမြစ်ပိုင်းမှာ ရှိတဲ့ ကျောက်တုံးတွေက ရှေးဟောင်း တောင်စဉ်တန်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်းကို ပြောပြနေတယ်" ဟု နောက်တဦးက ဆိုသည်။

Such rocks have been found in both Mali and Brazil, Eureka Alert reports.

၎င်းကျောက်တုံးမျိုးကို မာလီနှင့် ဘရာဇီး နှစ်နိုင်ငံလုံး၌ ရှာတွေ့ရကြောင်း ယူရေးကား အလာ့က တင်ပြသည်။

Scientists analyzed the samples and discovered they were not only of similar age, but also formed at similar depths.

နမူနာကျောက်များကို သိပ္ပံပညာရှင်များက ဓာတ်ခွဲကြည့်ရာ ၎င်းတို့သည် ခေတ်တူနေသည် သာမက တူညီသော အနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။

They say the samples indicate the mountains formed when two continents collided, sending rocks 62 miles into the Earth's mantle.

တိုက်ကြီးနှစ်ခု ကပ်ပွတ်ချိန်တွင် ကမ္ဘာ့မြေလွှာအတွင်း ၆၂ မိုင်သို့ ကျောက်များ ရောက်ရှိသွားကာ တောင်များ ဖြစ်ပေါ်လာကြောင်း နမူနာကျောက်များက ညွှန်ပြနေသည်ဟု သူတို့က ဆိုသည်။

(Meanwhile, geologists say they've discovered why the Appalachian mountain chain bends.)

(ထိုစဉ် ဘူမိဗေဒ ပညာရှင်များ ပြောသည်မှာ အပလေချီယန် တောင်စဉ်များ အဘယ်ကြောင့် ကောက်နေသည်ကို သူတို့ တွေ့ရှိပြီ ဟူ၏။)

Now there is only myanmar text for Myanmar nature science readers or fonders.

တိုက်ကြီးနှစ်တိုက် တတိုက်တည်း အနေနဲ့ အချိန်တုန်းက အာဖရိကမှ တောင်အမေရိကသို့ ၁၅၅၀ မိုင် ရှည်လျားသော ရှေးခေတ် တောင်စဉ်တန်း တခု တည်ရှိခဲ့ကြောင်း အထောက်အထားကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။ နောက် ထူးဆန်းပုံမှာ ဟိမဝန္တာတောင်နှင့် အရွယ်အစား တူသော စူပါတိုက်ကြီး ဂွန်ဒွာနာ တိုက်ပေါ်တွင် တည်ရှိခဲ့သည့် ၎င်း ကျယ်ပြန့်လှသော တောင်စဉ်တန်းကြီးသည် ရှေးနှစ် သန်းပေါင်းများစွာက ကျွနု်ပ်တို့၏ သမုဒ္ဒရာများကို အာဟာရ ဖြည့်ပေးခဲ့ခြင်း ဖြစ်သည်။ "ဟိမဝန္တာတောင်လိုပဲ ဒီတောင်တန်းဟာ သိပ်ကြီးမားတဲ့ အပြင် ကောင်းကောင်းကြီး တိုက်စားခံခဲ့ရတယ်" လို့ လေ့လာမှု ပူးတွဲ စာရေးသူက သြစတြေးလျ အမျိုးသား တက္ကသိုလ်ကို ပြောပြသည်။ "အနည်တွေကို ပင်လယ်သမုဒ္ဒရာထဲ တိုက်ဆေးသွားလို့ သက်ရှိတွေ ရှင်သန် ပေါက်ဖွားအောင် ပြည့်ဝတဲ့ အာဟာရဓာတ်တွေကို ပံ့ပိုးပေးခဲ့တယ်" လေ့လာသူတွေ ထပ်ပြောသည်က သူတို့၏ နှစ်သန်း ၆၀၀ သက်တမ်းကြာနေပြီ ဖြစ်သည့် ရှာတွေ့မှုသည် ဟိမဝန္တာနှင့် ယှဉ်လောက်သော အကြီးစား တောင်စဉ်တန်းကြီး တခု ကမ္ဘာပေါ်၌ တည်ရှိကြောင်း အစောဆုံး အထောက်အထားဟု မှတ်ယူနိုင်သည် ဟူ၏။

သုတေသီများ ခန့်မှန်းသည်က ထိုကဲ့သို့သော တောင်စဉ်တန်း တခု တည်ရှိခဲ့ကြောင်းကို ပေါက်ဖွား ပွားများခဲ့သည့် သက်ရှိ ဖြစ်စဉ်နှင့် ထိုအချိန်က ပြောင်းလဲသွားသည့် သမုဒ္ဒရာ ဓာတ်သဘောကြောင့် နောက်ဆုံး တွေ့ရှိခဲ့ရသည်ဟု သုတေသီ တဦးက ဆိုသည်။ "တောင်တန်းတွေ ပျောက်ကွယ်သွားတာ ကြာနေပေမယ့် တောင်တန်းတွေ အမြစ်ပိုင်းမှာ ရှိတဲ့ ကျောက်တုံးတွေက ရှေးဟောင်း တောင်စဉ်တန်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်းကို ပြောပြနေတယ်" ဟု နောက်တဦးက ဆိုသည်။ ၎င်းကျောက်တုံးမျိုးကို မာလီနှင့် ဘရာဇီး နှစ်နိုင်ငံလုံး၌ ရှာတွေ့ရကြောင်း ယူရေးကား အလာ့က တင်ပြသည်။ နမူနာကျောက်များကို သိပ္ပံပညာရှင်များက ဓာတ်ခွဲကြည့်ရာ ၎င်းတို့သည် ခေတ်တူနေသည် သာမက တူညီသော အနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။ တိုက်ကြီးနှစ်ခု ကပ်ပွတ်ချိန်တွင် ကမ္ဘာ့မြေလွှာအတွင်း ၆၂ မိုင်သို့ ကျောက်များ ရောက်ရှိသွားကာ တောင်များ ဖြစ်ပေါ်လာကြောင်း နမူနာကျောက်များက ညွှန်ပြနေသည်ဟု သူတို့က ဆိုသည်။

(ထိုစဉ် ဘူမိဗေဒ ပညာရှင်များ အပလေချီယန် တောင်စဉ်များ အဘယ်ကြောင့် ကောက်နေသည်ကို တွေ့ပြီဟု ဆို၏။)

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013