နက္ခတ္တရောင်ခြည် အမှတ် ၁၅၆ ဇူလိုင်လ ၁၉၉၉ စာ ၁၉ ပါ မေတ္တာဝါဒီ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒောဘာသမှ ရှင်းပြ မိန့်ကြားသော ဘက်စုံရ အင်္ဂုလိမာလ ပရိတ်တော် ပွားထုံနည်း

   ဘက်စုံရ အင်္ဂုလိမာလ ပရိတ်တော်
ယတောဟံ ဘဂိနိ အရိယာယ
ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။
တေနသစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။
တနေ့ အနည်းဆုံး ၇ ခေါက်ဖြင့် နေ့စဉ်မပျက် ၃ လကြာမျှ ရွတ်ထုံထားလျှင် အရေးကြုံက ကူညီနိုင်ပြီ။ မီးဖွားခက်နေသော ကိုယ်ဝန်ဆောင်များ၊ သောက်ရေ တခွက် ခပ်၍ ထိုပရိတ် ၇ ခေါက် ရွတ်ကာ တိုက်လျှင် လွယ်ကူချမ်းသာ ဖွားမြင်ရ၏။ ကိုယ်ဝန်ဆောင်များ ကိုယ်တိုင် နေ့စဉ် ရွတ်၊ ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ လွယ်လင့်တကူ ဖွားသည့်အပြင် လူကြီးရော ကလေးပါ ရောဂါစင်၏။ 
မိမိနေအိမ်မှ သောက်ရေ၊ သုံးရေများကို သောက်နီးချိန် ဖြစ်စေ၊ စားသောက်ဖွယ်ရာများ ချက်ပြုတ်၊ စားသောက်နီးချိန် ဖြစ်စေ တကြိမ်မျှ ပွားများလျှင် ရောဂါများ အလွယ်တကူ ကပ်ရောက်ခြင်း မရှိ၊ ဖြစ်ပွားဆဲ ရောဂါများပင်လျှင် သက်သာ ပျောက်ကင်းစေနိုင်သည်။ 
ထို့ပြင်တဝ ခရီးတို ခရီးရှည် သွားလာမည့် သူများအတွက်၊ ခရီးသွားနေစဉ် သတိရတိုင်း ရွတ်ပါက ဘေးအန္တရာယ် အသွယ်သွယ်မှ လွတ်အောင် ကာကွယ်ပေးနိုင်၏။
အလွယ်မှတ်ရန် ၃ချက် 
"၁။ သားသမီး ချမ်းသာလွယ်ကူစွာ မွေးဖွားနိုင်ခြင်း၊
၂။ ရောဂါပေါင်းစုံ ပျောက်ကင်းစေခြင်း၊
၃။ အန္တရာယ် ဘေးပေါင်းစုံ ကာကွယ်ပေးခြင်း
စတဲ့ ၎င်းအကျိုးတရား ရကြောင်း မဇ္ဈိမပဏ္ဏာသ၊ အဋ္ဌကထာ၊ ဆဋ္ဌသင်္ဂါယနာမူ၊ စာ ၂၃၃ ကျမ်းစာမှာ အတိအကျ ဖော်ပြထားတယ်"
{အခုအခါ အာဖရိကရှိ နိုင်ငံအချို့၌ ကူးစက်မြန် အက်ဘိုလာ ရောဂါ ဖြစ်ပွားနေရာ မိမိတို့ နိုင်ငံသို့လည်း ကူးစက်လာနိုင်သည့် အလားအလာကို နိုင်ငံတိုင်းက စိုးရိမ်ကြပြီး လေဆိပ် ဝင်ပေါက်များတွင် အကာအကွယ် စစ်ဆေးမှုများ ပြုလာလျက် ရှိသည်။ ရံခါ ကောလဟလများပင် ပျံ့ပွားကာ အများပြည်သူ အထိတ်တလန့် ဖြစ်သည်။ အနာရောဂါဟူသည် မည်သည့် ရောဂါမျှ မကောင်း။ နက္ခတ္တအဟောင်းများကို လှန်လှောကြည့်ရာမှ အထက်ပါ ဆောင်းပါးကို ဖတ်မိသည် ဖြစ်၍ အက်ဘိုလာ (or Covid-19) စွဲကပ်မည်ကြောက်ရွံ့သူများ သို့တည်းမဟုတ် အခြား ဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်လိုသော်လည်း အားထားရာ မရှိ ဖြစ်သူများသည် မိမိတို့ လိုအင်နှင့် ကိုက်ညီသည်ဟု ယူဆသော် ဘုရားရှင်မှ အင်္ဂုလိမာလ ရဟန္တာ မထေရ်အား သင်ပေးတော်မူသည့် ပရိတ်တော်ကို ရွတ်ပွား ပူဇော် ကုသိုလ် ယူနိုင်ကြရန် ဆောင်းပါးကို သံခိပ် အကျဉ်းချုပ်၍ နေဘုရင်၏ ဘလော့မှ တဆင့် ပတ်ဘလစ်သို့ ဖြန့်ဝေလိုက်ပါ၏။}

Comments

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013