ဒီလူ
အဆင်မပြေတဲ့လူနဲ့ တွေ့ အဆင်မပြေ ဖြစ်မှာ အမှန်ပဲ။ စိတ်ထားကောင်းတဲ့ လူနဲ့ တွေ့ရင် ကိုယ်ကံကောင်းတာပေါ့၊ အဆင်ပြေမယ်။ ဒါပဲ။ ကံကောင်းအောင် ကြိုးစား။
ဟုတ်ပါပြီ။ ကံကောင်းအောင် ဘယ်လို ကြိုးစားရမလဲ။ လွယ်ပါတယ်။ အလုပ်လုပ်ပါ။ အလုပ်ကို ကြိုးစားပြီး လုပ်ပါ။ ကံက သူ့အလိုလို ကောင်းလာပါတယ်။
အဲတော့မှ လောကကြီးမှာ နေရတာ ပိုပျော်လာလိမ့်မယ်။ အလကားနေရင်း ထိုင်စိတ်ညစ်နေတာမျိုး ရှိတော့ဘူးပေါ့။ အကြံအစည်တွေလည်း ထွက်လာမယ်။
ဘယ်လို အလုပ်မျိုး လုပ်ရမလဲ။ စဉ်းစားစရာပဲ။ အိုင်းစတိုင်းက သူ ကမ္ဘာကျော်ဖို့ ရူပဗေဒကို လေ့လာတာ မဟုတ်ဘူးလေ။ အယ်ဒီဆင်လည်း ဒီအတိုင်းပဲ ကမ္ဘကျော်ချင်လို့ လျှပ်စစ်မီးကို နေ့မအိပ် ညမအိပ် တီထွင်လိုက်တာ မဟုတ်ဘူး။ ကိုယ် ဘာအလုပ်လုပ်ရမလဲ ဆိုတော့ စင်စစ်မှာ ကိုယ်ကိုယ်တိုင်ပဲ သိတယ်။ ရှင်းရှင်း ပြောရရင် မသိသေးဘူး။ မသိသေးရင် အလုပ်တွေ စမ်းလုပ်ကြည့်။ ပျော်ရင် ဆက်လုပ်။ မပျော်ရင် နောက်တစ်ခု ပြောင်း။ ဒီလောက် လွယ်လိုက်တာမှ။ တိုးတက်ဖို့ ကြံစည်။ ငယ်တုန်း ကြိုးစားလိုက်ရင် သာတောင် ကောင်းသေးတယ်။ တချို့ဆို အသက်လေးဆယ် ငါးဆယ်ကျော်မှ အကြံတွေ ပွင့်လို့ တိုးတက်ကြီးပွားရေးလမ်းဆီ ဆိုက်သွားတာ။ ကိုယ်လည်း ဘယ်တော့လဲ ထိုင်စဉ်းစားမနေနဲ့။ လုပ်ရင်း ရောက်လာမယ်။ အဓိကကတော့ လုပ်နေဖို့။
ဘာလဲ။ ဘာမှ မစဉ်းစားတတ်ဘူး ဟုတ်လား။ အဲဒီအတွက် ကိုယ် စဉ်းစားထားတယ်။ အဲဒါကတော့ မစဉ်းစားနဲ့။ အလုပ်သာ အခု ထလုပ်လိုက်။ တစ်ခုခု လုပ်။ ဘာပဲ ဖြစ်ပါစေ။ အဲ ကောင်းတာ တစ်ခုခုပေါ့။ အကြံဉာဏ် နီးစပ်သူဆီမှာ တောင်း။ ဒါပဲပေါ့။ မင်း ဘယ်လောက်ပဲ တုံးတုံး၊ ဓားလိုပဲ အမြဲမပြတ် သွေးနေရင် ထက်လာမယ်။ အလုပ် တစ်ခုခုသာ လုပ်နေရင် ဉာဏ်က အလိုလို တက်လာရော။ အိုကေလား။ ဘိုင့်ဘိုင်၊ တာ့တာ။

Comments
Post a Comment
U can drop ur comment here