နင်ဟာ ဟာသပဲ

နင်ဟာ ဟာသပဲ

ဘာပဲပြောပြော နင်ဟာ ဟာသပဲ

ငါမသိလိုက်ဘဲ အချိန်တွေ ကုန်ဆုံးသွားတာကို

မတားဘဲ ဒီအတိုင်းကြည့်နေရက်သူ

ညစ်ပတ်တဲ့ အခန်းကျဉ်းလေးမှာ နင့်အတွက်

ငါ ဖန်ဆင်းပေးခဲ့တဲ့ ဒီဟာသတွေကို

မရီတတ်ခဲ့သူ နင်ဟာ တကယ်

ဟာသပဲ..

နူးညံ့တဲ့ အသည်းနှလုံးနဲ့

စကားတိုးတိုးလေး မပြောဘဲ အိပ်မက်ချည်းပဲ

မက်နေလိုက်သူ နင်ဟာ တကယ်

ဟာသပဲ

ငါ စိတ်ဆိုးမိတော့မယ် ဆိုတာ

နင် တကယ် မေ့နေတော့ အိပ်မက်ထဲမှာတောင်

ငါ့ အရုပ်အရည်ကို မမှတ်မိဘဲ

သူစိမ်းတစ်ယောက်နဲ့ စကားမပြောဖူးသလို

အချစ်အတွက် လူးလိမ့် ငိုကြွေးရက်သူ

နင်ဟာ တကယ့်တကယ်တော့

ဟာသပဲ

ငါ ဒီလိုပဲ မှတ်ယူလိုက်ပြီ ဟာသပဲ


--
Life is too short...!

Comments

Post a Comment

U can drop ur comment here

Popular posts from this blog

မင်္ဂလာဦးညကို လွန်သော်

ဆယ်တန်း အောင်စာရင်း 2013