ခေါင်းတွင် ယားနာပေါက်သော်

ကလေးသူငယ်များတွင် ကျပ်ခဲကြီး ဖြစ်နေအောင် ဂျွတ်အနာများ ပေါက်ကာ ပြည်တစိုစိုဖြင့် မပျောက်နိုင်သော် လွယ်လွန်း၍ တစ်ပတ်ပင် မကြာ။

မဟာဆေးတော်ကြီးမှာ

လက်ဖက်ခြောက်(အကြမ်းခြောက်)ကို ဒယ်အိုးဖြင့် ကျွမ်းအောင် လှော်ပါ။ ကျွမ်းက ချပြီး အမှုန့် ဖြစ်အောင် ကြိတ်ပါ။ မှုန့်နေပြီ ဆိုမှ အုန်းဆီဖြင့် ပုလင်းငယ်တွင် ထည့်ဖျော်ပြီး ထိုဂျွတ်ဒက် အနာများပေါ် ဝါဂွမ်းစဖြင့် နှံ့အောင် တို့လိမ်းပေးပါ။

တစ်နေ့ သုံးခါလောက် လိမ်းပေးလျှင် သုံးလေးရက်နှင့် အနာဖေး တက်ကာ ကွာကျ သွားလိမ့်မည်။

Comments

Popular posts from this blog

ပန်း (မြန်မာ/တရုတ်)

ဆယ်တန်း အောင်စာရင်း 2013

Nargis for Myanmar