Posts

Showing posts with the label poem

ကမ္ဘာကြီး ပူပြင်းနေပြီလော?

ကမ္ဘာကြီး ပူပြင်းနေပြီလော? စီးကျလာသော နဖူးမှ ချွေးများကို လက်ခုံဖြင့် နေဘုရင် သုတ်လိုက်သည်။ မိမိကိုယ်မိမိ နေဘုရင်ဟု ဘွဲ့ခံလိုက်ခြင်းကို နောင်တ ရမိသလိုလိုပင်။ နားသယ်တွင် ချွေးစက်များ ယီးလေးခိုနေသည်ကို လက်ဖဝါးစောင်းဖြင့် သုတ်လိုက်ပြန်သည်။ အရှေ့တံခါးမှသည် အပြင်ဘက်သို့ မျှော်ကြည့်လိုက်သော် အိမ်ခြေအိမ်ရာများကို အသားကုန် ဖြတ်လျက် ဝေးလံသော ဒေသဆီမှ ဧပြီလ၏အပူငွေ့များ ရိုက်ခတ်လာသလိုပင် ခံစားရသည်။ မြေလတ်ဒေသလည်းမဟုတ်၊ အထက်အညာလည်း မဟုတ်ဘဲလျက် အောက်ပြည်အောက်ရွာထဲ အပါအဝင် ဖြစ်ထသော ကျုပ်တို့ မဟာ ရွှေမြိတ်တော်ကြီးသည် တိုင်းတနယ်တပါးနှင့် မတူလှစွာ ထူးထူးပြားပြား ယခုနှစ်ဝယ် ပူလှပါချေတကား၊ ပူကို ပူလှပါချေတကားဟု စိတ်တွင်း မြည်တမ်းလိုက်မိသည်။ ဟုတ်သည်၊ ယခုနှစ် အတော့်ကို ပူသည်။ ပူလိုက်တာမှ ချွေးစေးများပင် မစေးနိုင်အားဘဲ မွေးညင်းပေါက်မှ ပစ်ထုတ်လိုက်သလို ဒရဟော ထွက်လာချေသည်။ သတင်းတပုဒ် ဖတ်လိုက်ရသည်။ ယခုနှစ် ၂၀၁၉ သည် အရှေ့တောင်အာရှ၌ မြန်မာက အပူဆုံးနှစ်ပါတဲ့။ ဟုတ်ပေလိမ့်မည်။ အဘယ်သို့ အဘယ်ပုံ ချွေးတိတ်၍ နေကောင်းအောင် နေရပါချေမည် တမုံ့။ အင်္ကျီစကို ဆွဲ၍ ရင်ဘတ်တလျှောက် စီးထန်း၍ ထွက်လာသော ချွေးများကို ဝလုံးသဏ္ဍာ...

လွမ်းချင်း

လွမ်းချင်း ဟိုတစ်နေ့က ဆရာမကို မလှမ်းမကမ်းက မြင်လိုက်ရတယ်။ ဆရာမဆီမှာ ပညာရည် နို့သောက်စို့ခဲ့တာ ကြာပြီ။ ဆရာမကို လွမ်းတယ်။ ဟိုတစ်နေ့က ချစ်သူကို အဝေးက မြင်လိုက်ရတယ်။ ချစ်သူလက်ကလေးကို ဖွဖွ မကိုင်ရတာ ကြာပြီ။ ချစ်သူကို လွမ်းတယ်။ မနေ့ညက အမေ့ကို ရေးရေး မြင်လိုက်ရတယ်။ အမေ့ရဲ့ ချစ်ခြင်းမေတ္တာကို မရတာ ကြာပြီ။ အမေ့ကို လွမ်းတယ်။ အမေရယ်။

Paint Series ၂

Image
ငှက်ကလေးတွေ အိပ်တန်းပြန် အဖော်ရှိလို့ တော်ပါသေးတယ် အခြားကလေးတွေလို လာပါလို့ မခေါ်ရ ကြည်လင်နေတဲ့ ကောင်းကင်ကြီးအောက်မှာ ကံကောင်းမှု ရချင်တယ်။ အိမ်အဝင် လမ်းကြားကလေးရဲ့ အဝ တိတ်ဆိတ်ခြောက်ကပ် ညဆိုမှောင် နေ့မှာ ဗလုဗလက် ဗွက်ထတက် ထူးမခြားနား မြန်မြိတ်မျှော်။ ချစ်စရာ အိမ်လေး စိုက်ပျိုးရေးကို အားပေးတယ် အချိန်တိုင်း အမြဲ ပျော်ရွှင်နေချင်သူ ဘုရားတရားကို လုပ်ကြပါ။ မိသားစု ဆုံစည်းရာ မိုးလေတိုက်သည် ပြတင်းပိတ်ပါ ဟင်းလျာများ အလွန်အရသာ ရှိသည် လျှပ်စစ်မီး ချွေတာပါ။

Paint Series

Image
ကိုယ်သာ သူ့နေရာမှာဆို လက်လျှော့လိုက်မလား။ စဉ်းစားရင် တွေဝေနေမယ်လား။ Superman uses Google plus to find out a mate. :) စူပါမင်းမှာ အဖော်လိုနေလို့။ တစ်ယောက်တည်း မသွားသင့်တဲ့ တောအုပ်။ "တောအုပ်" ပန်းချီကား။ သင်ကိုယ်တိုင် လမ်းရှာရင်း ခေါင်းမူးနိုင်ပါစေ။ မှောင်မိုက်ပြီး လမထွက်တဲ့ အခါ ကိုယ့်အတွက်တော့ အရာတိုင်းက အဓိပ္ပာယ် မဲ့နေတာ။ ရာပေးလို့ ဆုတ်၊ ထောင်ပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်ချင်တယ်။ မင်းအတွက် နှလုံးသားနက်နက်ထဲက ရင်ခုန်သံစည်းချက်တွေပါ။ ပရမ်းပတာ နိုင်ပေမယ့် တစ်ခါလောက်တော့ နားဆင်ကြည့်ပါလား။ ဈေးကြီးလို့ မုန်းတယ် ဂေါ်ဖီထုပ် ဈေးပေါလို့လည်း မုန်းတယ်။ ဈေးကြီးတဲ့အခါ မစားရလို့၊ ဈေးပေါတဲ့အခါ စားရလွန်းလို့။ အချစ်အတွက် အသက်သက်သေ။ အလှအတွက် ပန်းသက်သေ။

မွေးနေ့ အမှတ်တရ

ဒီနေ့ ငါ့ရဲ့ မွေးနေ့ ၁၂ နာရီလည်း ကျော်သွားပြီ။ ညအိပ်မီး ဖြူဖြူ တစ်ပွင့်ပဲ ခေါင်းထက်မှာ လင်းနေတယ်။ တိတ်ဆိတ်ပြီး ဘာသံမှ မကြားရတာကို အိပ်ပြီး နားထောင်ရင်း ဒီဖုန်းမှာ စာရေးနေတယ်။ မွေးနေ့လည်း ခါတိုင်းနေ့လိုပါပဲ။ ဘာမှ မထူးခြားဘူး။ ရင်ဘတ်အောင့်နေတယ်။ ဘာကြောင့်လဲ မသိဘူး။ အင်တာနက်မှာ လျှောက်သွားတယ်။ မနက်က အစ်မတစ်ယောက်က ပုလဲမှုန့်နဲ့ လုပ်ထားတဲ့ အလှကုန် ပစ္စည်းတစ်ခု တရုတ်လို ရေးထားလို့ ဘာသာလာပြန်ခိုင်းတယ်။ နေ့လည်တုံးက တရုတ်က ဝီချက်က ဆက်သွယ်တယ်။ မွန်းလွဲမှာ မသောက်တာ ကြာတဲ့ လက်ဖက်ရည် အမှတ်မထင် သောက်မိတယ်။ ဒီနေ့မှာ အမှတ်(၁)ကျောင်းမှာ စာမေးပွဲ စဖြေကြတယ်။ ညနေ ကိုယ့်ရှေ့မှာ တစ်စိမ်းမဟုတ်တဲ့ကလေး တစ်ယောက်ကို အကြင်နာ မကင်းသော်လည်း ဒေါသနဲ့ ရိုက်နေတာ မျက်မြင် တွေ့နေခဲ့တယ်။ တစ်နေ့လုံး ဘယ်သူ့ကိုမှ မတွေ့ရဘူး။ ကိုယ်မျှော်နေတာ အဆုံးထိ ပေါ်မလာဘူး။ ကိုယ် တစ်ခုခုကို လုပ်မှ ဖြစ်တော့မယ်။ တစ်ခုခု လုပ်မှကို ဖြစ်တော့မှာပါ။ အခု အလုပ်သင့်ဆုံး အရာကတော့ မျက်လုံးနှစ်လုံး မှိတ်လိုက်ပြီး ဘာမှ မစဉ်းစားဖို့ပဲ။ ကိုင်း။

ပြဲလန်ထွက်ကွာ

လင်းလက်ကြယ်ပြောင် တကယ်ညီး လောကကြီး တစ်ခုလုံး လာထိန် ခေါင်သူရိန် လာစုပုံအော လူ့သဘောမနော ရှင်းလျှင် ကုသရှင်နိုင်မယ့် အစား ဒို့အင်အားများစွာ သုံး၍ တတ်ထားလေ့ ရှိတဲ့အတိုင်း မရွေှ့ဆိုင်းဘဲ ယုံရာကိုစေ ဒီလှိုင်းလေ ကိုယ်မကြောက်ဘူး လူသေဖူးတဲ့ သံသရာပဲ ဆူးစူးဆဲ လောကဝဲကိုဆန် စိတ်ပြဲလန်ထွက် အိုအတ္တဘော ချိုငန်သော အဖြစ်ဆန်းဟာ အပြောသာ ချဉ်စပ်ခါးဆိမ့် အနာဖိန့်အလား စက်ဆုပ် ရမ်းကြိတ်တုတ်နေဆဲ ခိုက်တံ့ ဒီလုပ်ဇာတ် အဆုံးသတ်လိုက်ချင်ခြင်း။

By the way I want to tell you

All I want to know is if there's something to black the world out in any way . When I go out for dinner , I wish I had a good, excellent and clear feeling . You will be right if you say so. That's what we may be able to have our dinner for today. You will be wrong if you say so. That's what we think we should return empty handed without having any meal, in the case we have found that the food is served by a couple of dirty hands . We don't have to suppose Thinkhara always knock out the ever-repeating lives of our living things. Thinkhara have been knocking itself down when it thinks nobody views it. A youth goes up a very very high mountain one day when the splintered winter has come. On the way to the top of the mountain, he feels the wind blowing in the winter is very cold. Whatever, he reaches there and sees the beauty of the mountain sleeping under the fluttering white snow with cold furs and pines. He sings a harmonic song. On seeing the sor...

AGAINST THE WORLD

The world is against me and eventually I am against the world. Why? What reason do I have? Clear, very clear. I am harmonious with the countless universe , but not with the THE WORLD . I AM NOT AGAINST THE UNIVERSAL LAW. THAT's whY. posted from Bloggeroid

ငါးရှဥ့် EEL 鳝鱼

Image
မနေ့ညက မိုးတွေ ဆက်တိုက်ရွာတော့ ငါးရှဥ့်လည်း သေ၊ ရေလည်း ပွေ။ မနေ့ညက မိုးတွေ ဆက်တိုက် မချုန်းတော့ သတ္တဝါတွေလည်း ကြေ၊ ကံလည်း သွေ။

ပွင့်သော ပန်းတိုင်း

Every flower ပွင့်သော ပန်းတိုင်း လန်း၍ လန်းသော ပန်းတိုင်း ပွင့်စေချင်ပါသည်။ Every flowered blossom perks up and every lush blossom flowers, I wish.

အစွဲ

အင်တာနက်သည် စွဲတတ်သည်။ ဂိမ်းသည် စွဲတတ်သည်။ မူးယစ်စေတတ်သော ဆေး အရက်များသည် စွဲတတ်သည်။ ထို့ထက် စိတ်သည် စွဲတတ်သည်။

အိပ်မက် စကားများ

ကျွန်တော် လူတစ်ယောက်ကို စောင့်ဆိုင်းရတာ ကြာလွန်းလို့ မအောင့်နိုင်တော့ လမ်းကြားထဲက အပွင့်တွေ ပွင့်နေတဲ့ ပန်းခင်းလေး တစ်တောကို သွားကြည့်တယ်။ ကျွန်တော် ရောက်ရောက်ချင်းပဲ ပန်းခင်းလေးက နှုတ်ဆက်တဲ့ အနေနဲ့ ကဗျာ တစ်ပုဒ်ဆန်ဆန် စကားတွေ ပြောပါတယ်။ ဆိုပြတဲ့ စကားလေးတွေက စိတ်ဝင်စားစရာ ကောင်းလွန်းလို့ ပြန်တင်ပြပါရစေ။ ပန်းခင်းလေးထဲမှာက အတန်း သုံးတန်း စိုက်ပျိုးထားပါတယ်။ တတန်းက အပင်တိုင်း ပန်းပွင့်ဝါလေးတွေ ပွင့်လန်းလို့ နေတယ်။ နောက်တတန်းကတော့ အပွင့်တွေ ပွင့်တဲ့ဟာက ပွင့်၊ မပွင့်တဲ့ဟာက မပွင့်။ နောက်ဆုံး တတန်းကတော့ ရိုးတံ ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့ အပြင် အပွင့်တွေ လုံးဝ ပွင့်ခြင်း မရှိသလို အချို့ဟာကလည်း အဖူးအငုံ ဘဝမှာပဲ ရှိကြပါသေးတယ်။ ကဲ... ပန်းကလေးတွေ ကျွန်တော် သူတို့ကို ငေးစိုက်ကြည့်နေတုန်း ရုတ်တရက် ထပြီး ဘာဆိုပြသလဲ ဆိုတော့... (အားလုံး ပွင့်ပါတယ် ဆိုပြီးတော့လည်း ပြန်လဲဖို့ မလာဘူး၊ အချို့တဝက်ပဲ ပွင့်ပါတယ် ဆိုပြီးတော့လည်း ပြန်လဲဖို့ မလာဘူး၊ ဖူးငုံနေတုန်းပဲ ဆိုပြီးတော့လည်း ပြန်လဲဖို့ မလားဘူး) တဲ့။ အဲဒီစကားတွေ ကြားတဲ့အချိန်မှာ ကျွန်တော်ဟာ ဘာကြောင့်မှန်း မသိ ရင်ထဲမှာ စိတ်ထိခိုက် ဝမ်းနည်းလွန်းလို့ ဆွေးသွား...

သွားနီးချိန်

အသက် ငင်လျက် တွေးနေချိန်လေး။ သူ ငါ့ဆီ ပြန်လာပါ့မလား။ နောက်ဆုံး စွန့်လွှတ်ချိန်လေး အထိ။ ဦးစကို ချစ်သလို သူ့ကိုလည်း ချစ်။ လူဦးမင်းကို ချစ်သလို ငါ့ကိုတော့ မချစ်။ တိတ်ဆိတ်ခြင်းနဲ့ အသက်ရှူသံ တွဲဖက် ကခုန်။

နေနေ..

ကမ်းနားမှာ ထိုင်နေ။ လထွက်လာ။ လက ဝါနေ။ တိမ်တက်လာ။ တိမ်က ပြာနေ။ လေတိုက်လာ။ လေက စွာနေ။ ဆိုင်ကယ်တွေ ဖြတ်လာ။ ဆိုင်ကယ်က ခါနေ။ လူတွေ ဖြတ်လာ။ လူတွေက ချာနေ။ အချစ်က ဖြတ်လာ။ အတ္တက ကာနေ။

ညမှောင်တုန်းက

တလက်လက်ထနေတဲ့ လှိုင်းလုံးတွေ ညအမှောင်ထဲမှာ တလိမ့်လိမ့် တက်လာတယ်။ ပျံခိုင်နေတဲ့ ဒီခန္ဓာကို လှုပ်လီလှုပ်လဲ့ နွဲ့ရင်း ကမ်းနားလမ်း တန်းပေါ်မှာ ထိုင်နေတယ်။ ပတ်ပတ်လည် ရေစီးနေခဲ့တယ်။ ငါ့အတွက် လိမ္မော်ရောင် ဆိုင်ကယ် ဝင်ရောက်လာခဲ့တယ်။ ငါ့အပေါ် တအားကောင်းတဲ့ မိတ်ဆွေ လေကလေး တဖြုန်ဖြုန် တိုက်ခတ်နေလေရဲ့။ စစ်ပြီးနောက် ပြန်လာခဲ့တဲ့ ခြောက်ကပ်လမ်းပေါ်က ဆွေးမြေ့သည်းကို ကောက်ယူလာပြီး ငါ့အိမ် ဧည့်ခန်းက စားပွဲစွန်းမှာ ထပ်တင်ထားလိုက်တယ်။ သူ့ကို ကြင်နာ လေးစား ရိုသေမယ့်သူ မရှိတာ ငါ ဝမ်းနည်းလို့။ ငါ ချစ်တယ်။ တောင်ပေါ်က စိုက်တိုက်လာတဲ့ တောင်ပြန်လေနွေးတွေကြားမှာ သူ့ကို ငါ ဖက်ဖို့ အချိန် ပေးပါ။

အချိန်နှင့်အမျှ

အချိန်နှင့်အမျှ စီးဆင်းကြနေသော အင်တာနက် လောကခေတ်ကြီးထဲတွင် ကျွန်ုပ်သည်၎င်း၊ ကျွန်ုပ်နှင့် အလားတူ ပတ်သက် ဆက်နွယ်နေသော သတ္တလောကကြီးသည်၎င်း ရှိရှိသမျှ အရာရာတိုင်းသည် အင်တာနက်ဆိုသော ဘိန်းကို မှီဝဲရင်း ငိုက်မှန်းမသိ ငိုက်ရင်း အပြင်ဘက် ကမ္ဘာကြီးတွင် ဘာတွေ ဘယ်လို ပြောင်းလဲနေသည်ဆိုသော တကယ့်အဖြစ်မှန်ကိုမူ မေ့လျော့နေကြသကဲ့သို့ ရှိကြတော့သည်။  ရပ်တန့်က ကောင်းမလား၊ ဆက်သွားက အဆင်ပြေမလား မိမိကိုယ်ကို အသည်းအသန် စဉ်းစားရင်း၊ အတိတ်ကို အတိတ်မှာပင် ချန်ထားရစ်ခဲ့ကာ၊ သွားလေသူ ဘိုးဘိုးဘွားဘွားများအကြောင်း လွမ်းဖွယ် တွေး၍ ချစ်ခြင်းနှင့် မေတ္တာဆိုတာ ဒင်္ဂါးပြား တစ်ပြား၏ ခေါင်းပန်းလိုလားဟု အဖြေထုတ်ခြင်းသည် အချိန်ကို ကုန်လွန်စေလျက် ရှိသည်။ အချိန်နှင့် နေရာကို မေ့ခြင်း၊ သို့မဟုတ် ရောထွေးခြင်းက ကျွန်ုပ်တို့၏ လူနေမှု ဘဝတွင် ကြီးမားသော ဆုံးရှုံးမှုကို သယ်ဆောင်လာပါတော့သည်။ အချိန်နှင့်အမျှ စီးဝင်နေသော သတင်း အချက်အလက်များနောက်သို့ တရကြမ်း လိုက်ပါသော်လည်း၊ စီးဝင်အား များပြားလှသည့် အလျှောက် နောက်ဆုံး ပြေးလိုက်သူမှာ အင်အား ခမ်းကုန် ပန်းမော လျနွမ်းကုန်တော့လေချေသည် တ...

ပွဲပြီး မီးသေ

အလိုအပ်ဆုံး အချစ်များ သူ ပေးသွားပြီး ငါဆီက မကုန်တဲ့ သက်တံ့လေး တစင်း ယူဆောင်လို့ သွား ငါ ဝမ်းနည်းလို့နေ ဒီရင်ဘတ်ထဲမှာ သစ်ပင်တစ်ပင်လို ခြောက်ကပ် ရင်ဆို့ရင်း ရေကိုသာ တမ်းတ မေတ္တာသာလျှင် အပူကို ငြိမ်းနိုင်မှ ဘဝမှာ လေလွင့်ရတဲ့ ဒုက္ခ သမုဒ္ဒရာမှ ပွဲပြီး မီးသေသလိုပါပဲ ခေတ္တ ခဏတော့ လွတ်မြောက်ချင်လိုက်လေရဲ့လေ... -- Life is too short...!

သွားကြည့်လိုက်စို့

ငိုနေပြီ ဟိုမှာ ကောင်မလေးတစ်ယောက် သွားကြည့်လိုက်စို့ ငိုနေပြီ ဟိုမှာ ကောင်လေးတစ်ယောက် သွားကြည့်လိုက်ဦးစို့ ဟိုမှာ ငိုနေပြီ ကမ္ဘာကြီးတစ်လုံး လူသားတွေ လက်ချက်နဲ့ မီးဟုန်းဟုန်း ထတောက်လို့ပေါ့ မထင်မှတ်ဘဲ ကိုယ့်ကမ္ဘာကိုယ် ထဖျက်ဆီးတဲ့ ကောင်မျိုး မင်း အစကတည်းက မသိခဲ့ဘူးလား သွားကြည့်လိုက်စို့ ငိုနေတဲ့ စကြာဝဠာကြီးထဲ လှည့်ပတ် ငို နင်တစ်ယောက်တည်း အားလုံး သေကုန်ကြမယ့် နေ့ရက်တွေ မနီးလာခင် ဒီနေရာကို သွားကြည့်လိုက်ကြစို့ -- Life is too short...!

ဆုတ်ရည်ချက်

မင်းနဲ့ငါနဲ့ ငါနဲ့မင်းနဲ့ကြားမှာ အများသုံးဘာသာစကားတစ်ခုတော့ လိုနေပြီ သီဟိန်ရေ အဆင်ချောတဲ့ သဘောကောင်း မနောကောင်းလေးကို သူလာကျွေးသွားချိန်မှာ ကောက်မဟပ်လိုက်ဘူးလား ဒီကောင်မလေးက အချိန်ပြည့် ရင်နင့်နေပေပြီ နင့်ကို တကယ့်ကို မပြောချင်လို့ ကြည့်နေတာ​ကြာပြီ ကွန်ပြူတာ အခန်းကျဉ်းလေးထဲမှာပဲ နင့် တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်လွန်ကုန်တာ မနှမျောဘူးလားဟာ ငါ သိတာ တစ်ခုကတော့ ငါတို့ အားလုံးမှာ အပြောင်းအလဲတစ်ခုလေးတော့ လိုနေပြီနော် ပင်လယ်ပြာတွေ နောက်ပြန်လှည့်ပြီး ငိုချင်ရက် လက်တို့စေနိုင်ပြီ သွားအိပ်လိုက်တော့ အနမ်းများစွာနဲ့… -- Life is too short...!

About Mp10

They know that mp10 will be released soon so sawyer make a new brand of mp9 then the world so wide so rude to destroy the itself coming up sooner or later in September in the tenth day in the morning I feel that something is wrong, not comfortable any longer indeed they make a noise over creating and using mp10 all over the world of my little fate. now I am informed they have shocked intensively themselves Who about to destroy whom, We must prevent being bitten by mos of mp10 If you make a new way then the new fresh world -- Life is too short...!