Posts

Showing posts with the label ဟာသ

တိတိကျကျ တောင်း

A man got 2 wishes from god. He asked for the best wine and best woman. Next moment, he had the best wine and Mother Theresa next to him. Moral: Be Specific. ယောက်ျားတစ်ယောက်ဟာ ဘုရားသခင်ဆီက ဆုနှစ်ခု ရတယ်။ အဲဒီတော့ သူက အကောင်းဆုံး ဝိုင်နဲ့ အကောင်းဆုံး အမျိုးသမီး ရပါစေလို့ တောင်းလိုက်တယ်။ ဖြုန်းဆို အကောင်းဆုံး ဝိုင်ကို သူရတယ်။ ပြီးတော့ သူ့နံဘေးမှာကတော့ မာသာထရီဇာ။ သင်ခန်းစာ။ ။တိကျပါစေ။

ဖြည်းဖြည်း

Teacher: Why are you late, Joseph? Joseph: Because of a sign down the road. Teacher: What does a sign have to do with your being late? Joseph: The sign said, "SCHOOL AHEAD. GO SLOW!" ဆရာ "မင်းဘာကြောင့် နောက်ကျတာလဲ၊ ဂျိုးဇက်" ဂျိုးဇက် "လမ်းမှာ တွေ့တဲ့ ဆိုင်းဘုတ်ကြောင့်ပါ" ဆရာ "မင်းကျောင်းနောက်ကျတာနဲ့ ဆိုင်းဘုတ် ဘာဆိုင်လို့တုံး" ဂျိုးဇက် "ဆိုင်းဘုတ်က ကျောင်းရှိသည်၊ ဖြည်းဖြည်းဆိုလို့"

လူလည်မကျနဲ့

"Mr. Smith, I have reviewed this case very carefully," the divorce court judge said, "and I've decided to give your wife $275 a week." "That's very nice, your honour," the husband said. "And every now and then I'll try to send her a few bucks, myself." မစ္စတာစမစ်၊ ဒီအမှုကို ကျွန်ုပ် အသေးစိတ် ဆန်းစစ်ခဲ့ပြီးဖြစ်တယ်လို့ ကွာရှင်းရုံးတရားသူကြီးက ပြောတယ်၊ အဲဒီတော့ မောင်မင်းရဲ့ ဇနီးကို တစ်ပတ်လျှင် ၂၇၅ ဒေါ်လာ ပေးဆောင်ဖို့ ကျွန်ုပ် ဆုံးဖြတ်ချက် ချလိုက်ပြီ။ အလွန်ကောင်းပါတယ်၊ တရားသူကြီးမင်း ခင်ဗျာလို့ ယောက်ျားဖြစ်သူက ပြောတယ်။ ဒါဆို ကျွန်တော်ကတော့ မကြာမကြာ သူ့ဆီကို ဒေါ်လာနည်းနည်း ပို့ပေးဖို့ ကြိုးစားပါမယ်ခင်ဗျာ တဲ့။

မေ့တတ်လိုက်တာ

One day at the rest home, an old man and woman are talking. Out of nowhere the woman says, "I can guess your age." တစ်နေ့ ဘိုးဘွားရိပ်သာဝယ် အဘိုးကြီး တစ်ယောက်နှင့် အဘွားကြီး တစ်ယောက် စကားပြောနေတယ်။ အဆက်အစပ်မရှိ အဘွားကြီးက ကျမ ရှင့်အသက်ကို မှန်းနိုင်တယ်လို့ ထပြောတယ်။ The man doesn't believe her, but tells her to go ahead and try. လူကြီးက သူမပြောတာ မယုံပေမယ့် မှန်းစမ်းပါလေလို့ ပြောလိုက်တယ်။ "Pull down your pants," she says. ဘောင်းဘီချွတ်လိုက်လို့ သူမက ဆိုတယ်။ He doesn't understand but does it anyway. She inspects his rear end for a few minutes and then says, "You're 84 years old." သူက နားမလည်နိုင်ပေမယ့် ချွတ်လိုက်ပါတယ်။ သူမက မိနစ်အနည်းငယ် ကြာအောင် သတိပြုကြည့်ရှုပြီးနောက် ရှင့်အသက် ၈၄ နှစ် ရပြီလို့ ပြောလိုက်တယ်။ "That's amazing," the man says. "How did you know?" အံ့စရာပဲ၊ မင်းဘယ်လို သိတာတုံးလို့ အဘိုးကြီးက မေးတော့ "You told me yesterday." ရှင် ကျမကို မနေ့က ပြောပြခဲ့တာတဲ့။

မဖတ်ပါနဲ့

မဖတ်ပါနဲ့လို့ ရေးထားတာတောင် သင်က ကလစ်လိုက်ပြီ ဆိုရင်တော့ သင်ဟာ ကံထူးတာလား ကံတူးတာလား မပြောတတ်ပါဘူး။ လုပ်ဆောင်ချက်က အလွယ်ကလေး။ အောက်မှာ ပေးထားတဲ့ စာပိုဒ်တွေကို စတွေ့တာနဲ့ ခပ်မြန်မြန် အသံထွက်ပြီး အဆုံးထိ တောက်လျှောက် ဖတ်ပါ။ ဖတ်ပြီးတာနဲ့ စာကို မကြည့်ဘဲ အလွတ် တစ်ခေါက် ဆိုကြည့်ပါ။ ပထမတစ်ခေါက်တည်းနဲ့ ရသွားသူက ဉာဏ်ထက်မြက်သူ၊ ဘရိုက်ဖြစ်တယ်ပေါ့နော်။ ဟဲ ဟဲ။ အဲ ဒုတိယတစ်ခေါက်ကျမှ ရတယ်ဆိုရင် ဉာဏ်သိပ်မထက်သူပေါ့နော်။ အားနာပါတယ်။ တတ်နိုင်ဘူး။ အဲ တတိယတစ်ခေါက်မှာ ရသွားရင် ဉာဏ်မကောင်းဘူး။ စာဖတ်သူရဲ့ ဦးနှောက်ကို စစ်ဆေးတဲ့ ပို့စ်မို့လို့ မကြိုက်ရင် ဆက်မဖတ်ဘဲ ဒီမှာတင် ရပ်လိုက်လို့ ရပါတယ်။ ကဲ စဖတ်ပါ။ "ဒါ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတော့ ကျွန်တော်လည်း မပြောတတ်တော့ပါဘူး ခင်ဗျား။ အဲလိုသာ ဆက်ဖြစ်နေမယ် ဆိုရင်တော့ သဘောမတူကြောင်း ကန့်ကွက်ရပါလိမ့်မယ်။ ဒီလောက်ပဲ ပြောလိုပါတယ်။ ဟိုနေ့တုန်းဆီက ငါ့ဆီကို အလွန်ထူးဆန်းတဲ့ လူတစ်ယောက် ယောက်လာပါတယ်။ ဗထက်ချိုင့်နဲ့ ဘကုန်း တွေ့တာထက် ဆိုးလှတဲ့ တွေ့ပုံတွေ့နည်း တစ်မျိုးပဲ ဆိုကြပါစို့ရဲ့ဗျာ။ ဟုတ်ဘူးလား။ ဒါ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတော့ ကျွန်တော်လည်း မပြောတတ်တော့ပ...

စွမ်းအားရှင် မာလင်(Merlin)ကို နိုင်သူ

ပထမလူ။ ။ ခင်ဗျားက စွမ်းအားရှင် မာလင်ကို လိုသလို စေခိုင်းနိုင်တယ်ဆိုဗျ။ ဒုတိယလူ။ ။ ဟုတ်တယ်။ ပထမလူ။ ။ အံ့စရာပဲ။ ခင်ဗျားက မာလင်ထက် အစွမ်း ရှိတာပဲ။ ဘယ်လိုများ လုပ်နိုင်တာပါလိမ့်။ ဒုတိယလူ။ ။ အလွယ်ကလေးပါ။ ကျုပ် လိုချင်တာ ကျုပ် သမီး ပြောလိုက်ရုံပဲ။ ပထမလူ။ ။ အင် ဘာဖြစ်လို့။ ဒုတိယလူ။ ။ ကျုပ်က မာလင်ရဲ့ ယောက္ခမလေ။ ပထမလူ။ ။ ဟိုက်။

မှန်မှမှန် ဗေဒင်

လူတစ်ယောက် ဗေဒင်ဆရာထံ၌ ဗေဒင် မေးနေလေသည်။ ဟောပြီးသော် ဗေဒင်ဆရာက မေးသည်။ "အခု ဟောလိုက်တဲ့ ထဲမှာ ဘာမရှင်းတာ ရှိလဲ" လူရွယ်က မယုံသင်္ကာသော လေသံဖြင့် "အခု ဟောလိုက်တာ အမှန်တွေပါလို့ ကျနော် ဘယ်လို ယုံရမလဲ" ဗေဒင်ဆရာက စိတ်ဆိုးသွားပြီး "မင်း မယုံရင် ငါက သက်သေပြရတာပေါ့။ ခဏနေ မီးပျက်သွားလိမ့်မယ်လို့ ငါ အတပ် ဟောရဲတယ်။ မင်း ကြည့်နေ" ထိုစဉ် ဗေဒင်ဆရာ ဟောသည့် အတိုင်း မီး ပျက်သွားပြီး အတန်ကြာ ပြန်လင်းလာသော် ဗေဒင်ဆရာ မှင်တက်မိသွားလေသည်။ သူ့ရှေ့ ထိုင်ခုံပေါ်၌ ခုနက လူရွယ် မရှိတော့ချေ။ "ဟိုက် ဒီနေ့ ကံမကောင်းပါလား"