Posts

Showing posts with the label flower

Paint Series

Image
ကိုယ်သာ သူ့နေရာမှာဆို လက်လျှော့လိုက်မလား။ စဉ်းစားရင် တွေဝေနေမယ်လား။ Superman uses Google plus to find out a mate. :) စူပါမင်းမှာ အဖော်လိုနေလို့။ တစ်ယောက်တည်း မသွားသင့်တဲ့ တောအုပ်။ "တောအုပ်" ပန်းချီကား။ သင်ကိုယ်တိုင် လမ်းရှာရင်း ခေါင်းမူးနိုင်ပါစေ။ မှောင်မိုက်ပြီး လမထွက်တဲ့ အခါ ကိုယ့်အတွက်တော့ အရာတိုင်းက အဓိပ္ပာယ် မဲ့နေတာ။ ရာပေးလို့ ဆုတ်၊ ထောင်ပေးလို့ ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်ချင်တယ်။ မင်းအတွက် နှလုံးသားနက်နက်ထဲက ရင်ခုန်သံစည်းချက်တွေပါ။ ပရမ်းပတာ နိုင်ပေမယ့် တစ်ခါလောက်တော့ နားဆင်ကြည့်ပါလား။ ဈေးကြီးလို့ မုန်းတယ် ဂေါ်ဖီထုပ် ဈေးပေါလို့လည်း မုန်းတယ်။ ဈေးကြီးတဲ့အခါ မစားရလို့၊ ဈေးပေါတဲ့အခါ စားရလွန်းလို့။ အချစ်အတွက် အသက်သက်သေ။ အလှအတွက် ပန်းသက်သေ။

ကတ္တီပါပင်

Image
ငါတို့ မြိတ်က ဒီအပင်ကို ကတ္တီပါပင်လို့ ခေါ်တယ်။ ကတ္တီပါပင်ကို နောက်တစ်မျိုး ဘယ်လို ခေါ်သေးလဲ။ သိသူများ ရှိရင်ဖြေခဲ့ပါ။ ကချင်ကယား ကရင်ချင်း မွန်မြန်မာ ရခိုင်ရှမ်း ဘာသာနဲ့ ရော ဘယ်လို ခေါ်။ အင်္ဂလိပ်နဲ့ တရုတ် ကိုရီးယား ဂျပန် ဘယ်လို ဘယ်လို။ အနာ မန်းထရင် အရွက် မီးကင်ပြီး အုံရင် ပျောက်တယ် ပြောတာပဲ။ စမ်းကြည့် ရသေးဘူး။ ငါတို့ ကတော့ ပန်းပွင့်လာရင် ဝါဆိုပန်းလိုပဲ ခူးပြီး ဘုရားကို ပူဇော်တာပဲ။ ဖြစ်ပျက် သင်္ခါရ တရားကို အများကြီး ပြပေးတယ်။ ဒီနေ့ ပန်းတင် နောက်နေ့ ကြည့်လိုက်ရင် ညှိုးနွမ်း ခြောက်သွေ့ ရော်နေတာကို မြင်ရတယ်။ နေပူပူ မိုးရွာရွာ ပန်းနဲ့ တကွ အရာရာဟာ ဓမ္မတာ။ ငါတို့ လူသားတွေလည်း အခု ပန်းလို စိမ်းစို လတ်ဆတ်နေပေမယ့် တော်ကြာကျ ခြောက်သွေ့ ညှိုးရော်တဲ့ အချိန်ဆိုတာ ရောက်လာမှာပဲ။ အင်း ပြီးရင်တော့ ပန်းတွေကို စွန့်ပစ်လိုက်သလိုမျိုး… … … … …