ပြဲလန်ထွက်ကွာ

လင်းလက်ကြယ်ပြောင် တကယ်ညီး

လောကကြီး တစ်ခုလုံး လာထိန်

ခေါင်သူရိန် လာစုပုံအော

လူ့သဘောမနော ရှင်းလျှင်

ကုသရှင်နိုင်မယ့် အစား

ဒို့အင်အားများစွာ သုံး၍

တတ်ထားလေ့ ရှိတဲ့အတိုင်း

မရွေှ့ဆိုင်းဘဲ ယုံရာကိုစေ

ဒီလှိုင်းလေ ကိုယ်မကြောက်ဘူး

လူသေဖူးတဲ့ သံသရာပဲ

ဆူးစူးဆဲ လောကဝဲကိုဆန်

စိတ်ပြဲလန်ထွက် အိုအတ္တဘော

ချိုငန်သော အဖြစ်ဆန်းဟာ

အပြောသာ ချဉ်စပ်ခါးဆိမ့်

အနာဖိန့်အလား စက်ဆုပ်

ရမ်းကြိတ်တုတ်နေဆဲ ခိုက်တံ့

ဒီလုပ်ဇာတ် အဆုံးသတ်လိုက်ချင်ခြင်း။

Comments