ကတ္တီပါပင်



ငါတို့ မြိတ်က ဒီအပင်ကို ကတ္တီပါပင်လို့ ခေါ်တယ်။



ကတ္တီပါပင်ကို နောက်တစ်မျိုး ဘယ်လို ခေါ်သေးလဲ။ သိသူများ ရှိရင်ဖြေခဲ့ပါ။

ကချင်ကယား ကရင်ချင်း မွန်မြန်မာ ရခိုင်ရှမ်း ဘာသာနဲ့ ရော ဘယ်လို ခေါ်။

အင်္ဂလိပ်နဲ့ တရုတ် ကိုရီးယား ဂျပန် ဘယ်လို ဘယ်လို။

အနာ မန်းထရင် အရွက် မီးကင်ပြီး အုံရင် ပျောက်တယ် ပြောတာပဲ။ စမ်းကြည့် ရသေးဘူး။

ငါတို့ ကတော့ ပန်းပွင့်လာရင် ဝါဆိုပန်းလိုပဲ ခူးပြီး ဘုရားကို ပူဇော်တာပဲ။ ဖြစ်ပျက် သင်္ခါရ တရားကို အများကြီး ပြပေးတယ်။ ဒီနေ့ ပန်းတင် နောက်နေ့ ကြည့်လိုက်ရင် ညှိုးနွမ်း ခြောက်သွေ့ ရော်နေတာကို မြင်ရတယ်။ နေပူပူ မိုးရွာရွာ ပန်းနဲ့ တကွ အရာရာဟာ ဓမ္မတာ။ ငါတို့ လူသားတွေလည်း အခု ပန်းလို စိမ်းစို လတ်ဆတ်နေပေမယ့် တော်ကြာကျ ခြောက်သွေ့ ညှိုးရော်တဲ့ အချိန်ဆိုတာ ရောက်လာမှာပဲ။ အင်း ပြီးရင်တော့ ပန်းတွေကို စွန့်ပစ်လိုက်သလိုမျိုး… … … … …

Comments

Popular posts from this blog

ပန်း (မြန်မာ/တရုတ်)

Nargis for Myanmar

ဆယ်တန်း အောင်စာရင်း 2013