Posts

Showing posts with the label ဆေးနည်း

ခေါင်းတွင် ယားနာပေါက်သော်

ကလေးသူငယ်များတွင် ကျပ်ခဲကြီး ဖြစ်နေအောင် ဂျွတ်အနာများ ပေါက်ကာ ပြည်တစိုစိုဖြင့် မပျောက်နိုင်သော် လွယ်လွန်း၍ တစ်ပတ်ပင် မကြာ။ မဟာဆေးတော်ကြီးမှာ လက်ဖက်ခြောက်(အကြမ်းခြောက်)ကို ဒယ်အိုးဖြင့် ကျွမ်းအောင် လှော်ပါ။ ကျွမ်းက ချပြီး အမှုန့် ဖြစ်အောင် ကြိတ်ပါ။ မှုန့်နေပြီ ဆိုမှ အုန်းဆီဖြင့် ပုလင်းငယ်တွင် ထည့်ဖျော်ပြီး ထိုဂျွတ်ဒက် အနာများပေါ် ဝါဂွမ်းစဖြင့် နှံ့အောင် တို့လိမ်းပေးပါ။ တစ်နေ့ သုံးခါလောက် လိမ်းပေးလျှင် သုံးလေးရက်နှင့် အနာဖေး တက်ကာ ကွာကျ သွားလိမ့်မည်။

လျှာကွဲ နှုတ်ခမ်းကွဲ ပါးစပ်နာ ပျောက်လိုသော်

လျှာကွဲ နှုတ်ခမ်းကွဲ ပါးစပ်နာ ပျောက်လိုက အလွယ်လေးပါ။ မဟာဆေးတော်ကြီးမှာ ဆီးဖြူရွက်ကို ရေနှင့် သုံးခွက် တစ်ခွက်တင် ကျို၍ ရရှိသော အရည်ဖြင့် သေချာစွာ ပလုတ်ကျင်းပါ။ ပျောက်ကင်းရာ လျှာကွဲ နှုတ်ခမ်းကွဲ ပါးစပ်နာ နှင့် ရေစီးကမ်းပြို။

(ဆန) အဖု အပိမ့် အနာပေါက်သော်

(ဆေးနည်း) နေပူအောက်တွင် ပူအိုက်သော ရာသီဥတုဒဏ်ကို မခံနိုင်၍ ကြံရည်နှင့် ရေခဲရည် သောက်သော ဒဏ်ကြောင့် အပူများ ကန်ထွက်ကာ အဖု အပိမ့် အနာများ ပေါက်လာ၊ ကြားထဲ မိတ်များပါ ထွက်လာ၍ ယားကယား နာကနာ ယားနာကြီး ဖြစ်နေလျှင် အလွယ်လေး။ မဟာဆေးတော်ကြီးမှာ… ပျဉ်းတော်သိမ်မြစ်ကို ဆားနှင့် သွေးပြီး လူးပေးရုံသာ။ တစ်နေ့ နှစ်ကြိမ် လူးပေးရုံဖြင့် အနာနုလျှင် ပိန်၍ ပျောက်ပြီး ရင့်လျှင် ပြည်မှည့်၍ ပျောက်ပါလိမ့်မည်။ ပျဉ်းတော်သိမ်= curry tree