ဆယ်တန်း အောင်စာရင်း 2013

ငါတို့ အိမ်နားမှာ ကျတော့ နေ့စဉ်ရက်ဆက် စာအုပ်နဲ့ မျက်နှာမကွာ ဖတ်တဲ့ ကလေးမက ကျပြီး စာ နည်းနည်းပဲ ဖတ်ပြီး တီဗွီ အကြည့်များတဲ့ ကလေးမက အောင်သွားသတဲ့။ ကြားဖူးကြလား။ အကောင်းကြီး စာမေးပွဲ နတ်ကြီးတာလား။ စာစစ်သူတွေပဲ နတ်ဝင်ပူးသလား မသိရ။ လူတစ်ချို့ကျတော့ ကံကြမ္မာက မမြင်ရတဲ့အတိုင်း မျက်လှည့် ပြတတ်လိုက်တာ။ အခုတော့ အောင်မယ်လို့ တွက်ထားတဲ့သူက မအောင်ဖြစ်ပြီး ရှုံးလည်း နောက်တစ်နှစ်ပေါ့လို့ ပေလယျာကံ ထားတဲ့သူက ဂုဏ်ထူး မပါသော်လည်း လွတ်လွတ်ကျွတ်ကျွတ် အောင်သွားတော့ ရှုံးသူမှာ ငိုပွဲဆင်ရသပေါ့။ အခုနောက်ပိုင်း ကျောင်းသူ ကျောင်းသားတွေ စာတော်ပြီး ကြိုးစားတဲ့ လူငယ်လူရွယ်တွေ နည်းပါးလာတယ် ထင်တယ်။ မြိတ်အောင်ချက် ၃၇% လောက်ပဲ ရှိသတဲ့။ စာမေးပွဲခန်းထဲ ပြဌာန်းစာအုပ်ရယ် ရည်ညွှန်း ကိုးကားစာအုပ်တွေပါ ပေးယူဆောင်ပြီး ဖြေခိုင်းရမလိုပါပဲ။ ဒီလိုမဟုတ်ဘဲ အောင်ချက် မြင့်မားအောင်ကတော့ မနက်ဖြန်စာမေးပွဲ၌ ဤပုစ္ဆာနှင့် ၎င်းမေးခွန်း မေးမည် ဖြစ်ပါ၍ အသေအချာ ကျက်မှတ် ကြပါရန် လေးစားစွာ ကြေငြာအပ်ပါသည် ဆိုလို့ကတော့ ကျောင်းသူ ကျောင်းသားတွေ စိတ်ကြိုက်ကို ဖြစ်သွားနိုင်တယ်။

Comments

Popular posts from this blog

ပန်း (မြန်မာ/တရုတ်)

Nargis for Myanmar