အပိုင်းအစ အတွေးနှင့် ပြောချင်ရာရာ

အင်း အချိန်တွေ တဖြည်းဖြည်း ကုန်လွန်နေတာကို ကျွန်တော် သတိထားမိပါတယ်။

ကျွန်တော်တို့ ထွက်လာခဲ့တဲ့ လမ်းပေါက်ဟာ အခုတော့ ပြန်ပိတ်သွားပါပြီ။
ဟိုတစ်ခါတုန်းက ကျွန်တော့ကို ဖမ်းမယ် လုပ်တဲ့ ကောင်မလေးလည်း
အခု မတွေ့ရတာတောင် ကြာနေပြီကော။
ကျွန်တော်က ကော်ဖီ အရမ်းကြိုက်တဲ့ ကောင်။
အစက စူပါမှ စူပါပါပဲ။
နောက် သူငယ်ချင်း တစ်ယောက် စပ်ပေးလိုက်တာ
အရသာ တွေ့သွားတာနဲ့ နက်စ်မှ နက်စ် ဖြစ်ပြန်ရော။
အခုတော့ ကော်ဖီဖိုးနဲ့တင် မွဲတော့မယ် ထင်ပါရဲ့ဗျာ။
ညလည်း ကော်ဖီ၊ နေ့လည်း ကော်ဖီ၊ အလုပ်မှာလည်း ကော်ဖီ။
ခက်လည်း ခက်တဲ့ ကော်ဖီ။

သြော်.. ကော်ဖီ.. မင်းကို သေတဲ့ အထိ သောက်သွားရမလား မသိတော့ပါဘူးကွာ..။

နေမင်း

Comments

Popular posts from this blog

ပန်း (မြန်မာ/တရုတ်)

Nargis for Myanmar

ဆယ်တန်း အောင်စာရင်း 2013