ကိန္နရာနာ သွား​ရောဂါ ဝက်​ခြံ ဆီး

ကိန္နရာနာ ပျောက်လိုသော်

မုန့်လုံးရေပေါ် ၃၃ လုံး တိတိ တစ်ထိုင်တည်း အဝ စားရမည်။ နှစ်ရက်အတွင်း ပျောက်သည်။ ချိုင်းကြား ပေါက်သောအနာ။

သွားနာ သွားကိုက် ခံတွင်းနာ တစ်သက်လုံး မဖြစ်စေသည့် နည်း

မနက်အိပ်ရာထသော် မျက်နှာ အရင်သစ်ပြီး တအောင့်လောက် ကြာမှ သွားတိုက်ပါ။ မနက်စောစော ခံတွင်းတွင် စုဝေးနေသော အပူများကို မျက်နှာအရေပြားကို အေးမြအောင် လုပ်ခြင်းဖြင့် ဖယ်ရှားလိုက်ခြင်း။ မဟာစည် ဆရာတော် ဘုရားကြီး၏ နည်း။ သွားလည်း ခိုင်စေသည်။

မေးဖျားတစ်လျှောက် ဝက်ခြံ ပေါက်က ဖန်ခါးစေ့ကို သွေးလိမ်း။ မပျောက်သော် မေးခိုင် သွားစေ့ ပိုဆိုးလာသော် အသက်အရွယ်ကို ချင့်၍ အိမ်သုတ်ရေနံစိမ်းနှင့် ဆား သမပြီး ပါးစပ်ကို အတင်းဖြဲ လောင်းချပါ။ ရေနွေးတစ်ခွက်တိုက် စောင်ခြုံထားလိုက်လျှင် ချွေး ကောင်းစွာ ထွက်၍ လူကောင်းပကတိ ဖြစ်သွားမည်။

ဆီးရောဂါ မဖြစ်အောင်

ရေချိုးချိန် သေးမပေါက်ရ။ ဆီးအိမ်ထဲတွင် ဆီး ရှိလျက် ရေချိုးရသည်။ ဆီးမရှိသော် ရေတစ်ခွက် အဝ အရင်သောက် တအောင့်ကြာ ဆီးအိမ်ထဲ ရောက်လောက်မှ ရေချိုးပါ။ ချိုးပြီးမှ ဆီးစွန့်လည်း ရပါသည်။

Comments

Popular posts from this blog

ပန်း (မြန်မာ/တရုတ်)

ဆယ်တန်း အောင်စာရင်း 2013

Nargis for Myanmar