Posts

now ...we..

Now the world is ending. D'you believe so.? then plz comment in my post? thank you.

Lonely

မနက်ခင်းတိုင်းသည် နိုးထရခက်သော နေ့ တနေ့ ဖြစ်လို့ နေသည်။ ပြီးတော့ အချိန်ဆွဲရင် ဆွဲသလောက် ကုန်လွယ်မြန်သော တလတာ ကာလသည် ဘာရယ်ကြောင့်မှန်း မသိ၊ နှမြောတသ ဖြစ်ကာ လွမ်းဆွေးသော ခံစားချက် ပေါ်သည်။ ကုန်လေပြီးသော နာရီ စက္ကန့်တံများကို နောက်ပြန်လှည့်ချင်သော စိတ်သည် လူတိုင်းမှာ ရှိလိမ့်မည်။ ဘဝတွင် ဘယ်သူမှ ဘယ်သူ့ကို လွှမ်းမိုး ချုပ်ကိုင် ခြယ်လှယ်နိုင်ခြင်း မရှိဟု ထင်ရသော်လည်း လက်တွေ့ဘဝတွင်မူ တယောက်နှင့် တယောက် အမှီသဟဲ မဖြစ်ဘဲကို နေ၍ မရကြောင်း သဘောပေါက်ရချေတော့သည်။မနက်ခင်းတိုင်းသည် ယခင်ကထက် မနေ့ကထက် ပြီးခဲ့တဲ့ အပတ်ကထက် ရှေ့တလကထက် ပိုပို ပူလာသည်ဟု ခံစားနေရသည်။ ဆောင်းသည် ( မြူနှင်းတွေနှင့် ) မဆောင်းတော့၊ လမ်းမများသည် ညတာကာလကို ဖြတ်ကျော်ခဲ့ပြီးသော်လည်း မနေ့က အပူငွေ့ သဲ့သဲ့ ကျန်သေးသည်။ ကတ္တရာလမ်းမထက် ဖြတ်သန်းနေသော မော်တော်ကား၊ ဆိုင်ကယ်များသည် မနက်ခင်းမှာပင် လူကလည်း ပူ၊ အင်ဂျင်ကလည်း ပူကာ ချွေးတလုံးလုံး ဖြစ်ချေတော့သည်။၂၀၁၅ ဒီဇင်ဘာသည် ကံကောင်းခြင်းနှင့် အဆုံးသတ်မည်လော၊ ကံဆိုးခြင်းနှင့် အဆုံးသတ်မည်လော ဝေခွဲ မတတ်ပါ၊ ဒီဇင်ဘာ ၅ ရက်တ...