Posts

လွပကန္ပံု

Image
မြိတ်မြို့အလွန်မှ တောင်ပေါ်ရှိ ကြည်လင်စိမ်းလဲ့နေသော ကန်ကြီး သာယာလှပ စိမ်းမြမြ။ Label: myeik, beik, photo, lake, beautiful, green, ဘိတ်, ရေကန်

Spider species

Image
ပင့်ကူလေး ရေငတ်နေတယ်။ ဘယ်လောက်ပဲ မောင်းထုတ် မောင်းထုတ် ရေကိုသာ အငမ်းမရ စုပ်သောက်နေပုံက ခြေကားယား လက်ကားယား။ ရေက ဖြူပြီး ကြည်နေတယ်။ ကျနေက ညိုဝါရောင် ခန္ဓာကိုယ်ပေါ် ထိုးကျလျက်။ သူ့ကို ဘယ်လို ခေါ်လဲ မသိပါ။ အဟိတ် တိရစ္ဆာန် ဖြစ်တဲ့ သူကတော့ နာမယ်ပင် ရှိပုံ မပေါ်။ လူတွေက နာမယ် မှည့်ပေးထားတာကိုလည်း သိဟန် မတူ။ လက်ရှိ သူသိတာကတော့ ရေ ငတ်ရင် ရေသောက်၊ ဘဝဆိုတာက ဒါပဲ မဟုတ်လား။

The world rarest spider?

Image
အိမ်က ရေပုံးပေါ် လာတွယ်နေတဲ့ လူယဉ် ပင့်ကူနီလေး Label: spider, photo, rare, beautiful, insect, animal, water, waterspider.

နှစ်ကျိပ် ရှစ်ဆူ ဘုရား ရှိခိုး

နှစ်ကျိပ် ရှစ်ဆူ ဘုရား ရှိခိုးဂါထာ တံမေသဒီ၊ ကောမံသုရေ။ သောအပနာပ၊ သုသုပိ။ အဓံသိတိ၊ ဖုဝိသိဝေ။ က ကောက ဂေါ၊ နမာမဟံ။ ( အကျိုးသွား ) ပြောစရာပင် မလို။ အနန္တ။

♥Stretch♥ and ♥fruitful♥ usage

STRETCH 【1】Rubber stretches easily. ရာဘာသည် လွယ်ကူစွာ ဆွဲစန့်သည်။ 【2】My wool coat stretched when I washed it. ကျွန်မ၏ သားမွေး ကုတ်အင်္ကျီသည် လျှော်လိုက်သည့် အခါ ဆွဲကျယ်သွားသည်။ 【3】The sea stretches as far as the horizon and beyond. ပင်လယ်သည် မိုးကုပ်စက်ဝိုင်း ထိုမှာဘက်ဆီသို့ အပြောကျယ်လှသည်။ 【4】The road stretches uphill at a steep slope. လမ်းမှာ တောင်ပေါ်သို့ လျှောမတ်စောက်စွာ သွယ်တန်းလျက် ရှိသည်။ 【5】He rose and stretched himself. သူ ထကာ အပျင်းကြော ဆန့်သည်။ 【6】Let's stretch for a minute…We've been sitting here for over 3 hours. ခဏလောက် ခြေဆန့်လက်ဆန့် လိုက်ကြရအောင်။ ဒို့ စောင့်နေရတာ ၃ နာရီ ကျော်နေပြီ။ 【7】Can you stretch it and make it longer? မင်း ဤဟာကို ဆွဲရှည်နိုင်သလား။ 【8】With a stretch of his arm, he reached the shelf. သူ လက်တစ်ဖက်နဲ့ စင်ဆီ ဆန့်တန်းလိုက်တယ်။ 【9】The bird stretched its wings. ငှက်က အတောင်ပံကို ဖြန့်ကားသည်။ 【10】They will have to stretch their intelligence to solve the problem. ပြဿနာ ဖြေရှင်းရန် သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကို ဖြန့်ကျက် (စေစား...

လွမ်းချင်း

လွမ်းချင်း ဟိုတစ်နေ့က ဆရာမကို မလှမ်းမကမ်းက မြင်လိုက်ရတယ်။ ဆရာမဆီမှာ ပညာရည် နို့သောက်စို့ခဲ့တာ ကြာပြီ။ ဆရာမကို လွမ်းတယ်။ ဟိုတစ်နေ့က ချစ်သူကို အဝေးက မြင်လိုက်ရတယ်။ ချစ်သူလက်ကလေးကို ဖွဖွ မကိုင်ရတာ ကြာပြီ။ ချစ်သူကို လွမ်းတယ်။ မနေ့ညက အမေ့ကို ရေးရေး မြင်လိုက်ရတယ်။ အမေ့ရဲ့ ချစ်ခြင်းမေတ္တာကို မရတာ ကြာပြီ။ အမေ့ကို လွမ်းတယ်။ အမေရယ်။

တိတိကျကျ တောင်း

A man got 2 wishes from god. He asked for the best wine and best woman. Next moment, he had the best wine and Mother Theresa next to him. Moral: Be Specific. ယောက်ျားတစ်ယောက်ဟာ ဘုရားသခင်ဆီက ဆုနှစ်ခု ရတယ်။ အဲဒီတော့ သူက အကောင်းဆုံး ဝိုင်နဲ့ အကောင်းဆုံး အမျိုးသမီး ရပါစေလို့ တောင်းလိုက်တယ်။ ဖြုန်းဆို အကောင်းဆုံး ဝိုင်ကို သူရတယ်။ ပြီးတော့ သူ့နံဘေးမှာကတော့ မာသာထရီဇာ။ သင်ခန်းစာ။ ။တိကျပါစေ။