Posts

Showing posts from February, 2015

၁/၂၄ ဘဝ

တခါက စာတအုပ်မှာ ဖတ်ရဖူးတာက တနေ့မှာ ၂၄ နာရီ ရှိပေမယ့် တရားအားထုတ် ရှုမှတ်ချိန်က ၁ နာရီပဲ ဆိုရင် ကုသိုလ် အကုသိုလ် ဘယ်က ပိုများမလဲ တဲ့။ စဉ်းစားကြည့်လိုက်တော့ တနေ့တာ ယောက်ယက်ခတ်နေတဲ့ စိတ်တလုံးကို ညအိပ်ရာ ဝင်ခါနီးမှ တနာရီတည်း ထိန်းချုပ်ဖို့ ကြိုးစားတာ ဘယ် လွယ်ကူပါ့မလဲ။ မြန်မြန်ကျွတ်ချင်ရင် များများ အားထုတ်ရမယ်လို့ ဆိုလိုပါတယ်။ ကြည့်စမ်း။ စိတ်က တော်တော့ကို မငြိမ်တာပဲ။ ပြေးနေတယ်။ စိတ်က အဖမ်းမခံဘဲ လှည့်ပတ်ပြေးနေတယ်။ လူက ကိုယ့်စိတ်နဲ့ ကိုယ် ထိုင်ပြီး နပမ်းလုံးတာ ဆိုတော့ ဘိလပ်မြေအိတ်နဲ့ သဲကျောက် ထမ်းတာထက်တော့ သက်သာသလို ထင်ရတယ်။ ဒါပေမယ့် ကြုံရတဲ့ ဒုက္ခကတော့ မသေးဘူး။ ခြေကွေးပြီး ထိုင်ရတဲ့ အတွက် ခြေကျဉ်လာမယ်။ တကိုယ်လုံး ညောင်းလာမယ်။ အသက် ရှုရတာ လေးလံ ပင်ပန်းလာမယ်။ သည်းခံပြီး ဆက်ရှုကြည့်မလား။ အာရုံတွေ ပေါ်လာတယ်။ ကြောက်စရာ မက်စရာ အာရုံတွေနဲ့ လူကို ချွေးပြန်ပြီး မြောနေအောင် လုပ်တယ်။ ကြာရင် ၇ နှစ် မြန်ရင် ၇ ရက်တဲ့။ ပုံမှန်ဆိုရင် ၇ လ ၇ ရက် များလား။