Posts

Showing posts from August, 2013

ရွှေကံကူ လေပျံသစ်တော် ရုပ်ရှင်တော်မြတ်

Image
ဘုရားရဲ့ ဘွဲ့တော်က ရွှေကံကူ လေပျံသစ်တော် ရုပ်ရှင်တော်မြတ် တဲ့။ ထူးဆန်းတာတော့ ပြောရမယ်ဆိုရင် ဦးနှောက်ထဲမှာ မှတ်မိနေတာက ရွှေကံကူ လေပျံသစ် ရုပ်ရှင်တော်မြတ် တဲ့။ အလယ်က "တော်"တစ်လုံး ပျောက်ပြီး မှတ်မိနေတယ်။ ဒီလထဲမှာ ဘိတ်မြို့ပင့်လာတယ်၊ မျက်လုံးတော် ပွင့်တယ် ကြားရလို့ မိဘတွေနဲ့ အတူ သွားဖူးမျှော်ပါတယ်။ ဘုရားက အိမ်ပေါ်ထပ်က ကျောင်းဆောင်ရှေ့မှာ နောက်ထပ် ကျောင်းဆောင်ငယ် တစ်ခုနဲ့ အပူဇော် ခံထားတာ တွေ့ရတယ်။ ဦးသုံးကြိမ်ချ ဖူးမြင်ပြီးနောက်မှာ အနီးရှိ အမျိုးသမီး တစ်ယောက်ကို အနီးကပ် ဖူးခွင့်တောင်းပြီး ဘုရားနား တိုးကပ် ကြည့်တဲ့အခါ မျက်လုံးတော် ပွင့်သလား မှိတ်နေလားဆိုတာ မသဲကွဲဘူး ဖြစ်နေတယ်။ အဖေက ပိုဆိုးတယ်။ နဂို မျက်စိမမြင်သမားဆိုတော့ အဖြေ မပေးနိုင်ဘူး။ မျက်လုံးတော်က မနေ့က ခဏပဲ ပွင့်ပြီး ပြန်မှိတ်သွားတာပဲလို့ မှတ်ရတော့မယ်။ ဓာတ်ပုံ တစ်ပုံ ရိုက်ယူလိုက်တယ်။ ပြန်အဆင်း အိမ်ရှေ့မှာ ဆိုင်ကယ်ပေါ် တက်နေတုန်း သတင်းကြားရလို့ ဘုရားလာဖူးဟန် တူတဲ့ ဆိုင်ကယ်သုံးစီးနဲ့ လူငယ်ခြောက်ယောက်ကို တွေ့တယ်။ လူငယ်အုပ်စု ဘုရားဖူးတာက မဆန်းဘူး။ ဆန်းနေတာက အားလုံး ဘောင်းဘီ ဝတ်ထားတာပဲ။ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုနဲ့ မလျော်သလို

မျက်နှာ/ Face

ဒီည လထွက်တယ်။ လခြမ်းကွေးကွေးလေး။ ငါဆိုင်ကယ် မောင်းရင်း မော့ကြည့်မိတော့ လ က ငါ့ကို ပြုံးပြလိုက်သလိုလို။ ဒီနေ့ မနက် လမ်းထိပ်က အသုဘအိမ် သွားပြီး မွန်းတည့်ဆွမ်း စားတယ်။ အချိန်တွေ တရားလွန် အကုန်မြန် နေသလိုပဲ။ သွေးသားရင်းချာ တစ်ဦး မဟုတ်တဲ့ လူသေ မျက်နှာကို အနီးကပ် ဥပမာ သုံးပေလောက် အကွာက ကြည့်ဖူးပါသလား။ ဟိုတစ်နေ့ကပဲ ကိုယ်နဲ့ စကားပြောလိုက်ရတဲ့ လူတစ်ယောက် ဒီညနေ ဆေးရုံမှာ ဆုံးသွားပြီ ဆိုတဲ့ သတင်းစကားမျိုး သင် လက်ခံ ရရှိဖူးပါသလား။ လူတစ်ဦး သေဆုံးပြီလို့ ကြားလိုက်ရတာနဲ့ သင့်ခေါင်းတွေ ချာချာလည်ပြီး ရုတ်တရက် ဦးနှောက် အာရုံကြောတွေ တဒင်္ဂ ကြောင်အ သွားတာမျိုး ကြုံရဖူးပါသလား။ အဲလို ဆွေမျိုးသားချင်း ဆုံးပါးတဲ့ သတင်း ကြားပြီးတော့ကော စိတ်ထဲမယ် ထုံတုံတုံနဲ့ တုန်တုန်ယင်ယင်ကြီး ဖြစ်မနေဘူးလား။ တစ်ယောက်ယောက်ကို စိတ်ဆိုးချင်သလိုလို အော်ငေါက်ချင်သလိုလိုနဲ့ ဘာကြောင့်မှန်း မသိ နောက်ဆုံးကျတော့မှ ကိုယ်ဟာ လူသေကို ကြောက်နေတာပါလား ဆိုတာကို သိမြင်လိုက်ရတာမျိုးပေါ့။ ဒါတောင်မှ သင်ဟာ နေ့တိုင်း ကြက်သေ တွေ ကိုင်တွယ်ပြီး ချက်ပြုတ်နေရတာတောင်မှ၊ သင့်ပါးစပ်ထဲကို ဝက်သေ ရဲ့ သကြားလူး အဆီပြန်တစ်တုံး ကိုက်ဝါးနေတာကို သတိ မထားမ

insect

Image
ပိုးကောင်လေး မင်းဘာလုပ်နေလဲကွယ်။ ငြိမ်ငြိမ်သက်သက် အနားယူနေတာလား။ စဉ်းစားတွေးခေါ်နေတာများလား။