Posts

Showing posts from July, 2013

သေခြင်းတရား

သေခြင်းတရားသာလျှင် လောက၌ အဆုံး ရှိသည်။ လူတိုင်း တစ်နေ့ သေရမည် အမှန် ဖြစ်သည်။ မသေခင် အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ ဘာလဲ ပိုင်ပိုင် သိသွားဖို့သာ လိုပေသည်။ သေရမည့်မှန်း လူတိုင်းပင် သိကြသော်လည်း မေ့မေ့လျော့လျော့ နေထိုင်ပြီး လူ့ဘဝ ဇာတ်ခုံပေါ်ဝယ် မမောနိုင် မပန်းနိုင် သူ့ထက်ငါ အလုအယက် ကပြ အသုံးတော်ခံ နေချိန်မှာပင် ဖျတ်ခနဲ သေမင်း ခေါ်ရာ နောက်သို့ ကောက်ကောက်ကြီး လိုက်ပါသွားရလေလျှင် ကိုယ့်နောက်သို့ အဘယ်သူ လိုက်ပါမည်နည်း။ အားလုံး သိပြီးသား တရားကျစကား ပြောရပါက ကိုယ့်နောက်သို့ ကိုယ် ချစ်မြတ်နိုး လှပါသည် ဆိုသော ကိုယ့် မိခင် ဖခင် ညီအစ်ကို မောင်နှမ ဆွေမျိုး မိတ်သင်္ဂဟ ဘယ်သူ တစ်ဦးတစ်ယောက်မှ မလိုက်ချေ။ လိုက်သည်ကား ယခု ဘဝ မိမိ ပြုခဲ့သမျှ ကောင်းမှု မကောင်းမှု ကုသိုလ် အကုသိုလ်သာ ဖြစ်သည်။ သေသွားသူသည် သုံးဆယ့်တစ်ဘုံ တစ်ဘုံဘုံသို့ ချက်ချင်း လျင်မကြာ ရောက်ရှိ ဝင်စားနေသည်မှာ မှန်သော်လည်း ၎င်းကို လူတို့ အစွမ်း မရှိ၍ မသိနိုင်။ လူတို့ စွမ်း၍ သိနိုင်သမျှမှာ ယခု လက်ငင်း မျက်မှောက်တွင် ကိုယ့်ရှေ့၌ စကားမပြောဘဲ ငြိမ်သက်စွာ လဲလျောင်းနေသော သက်မဲ့ ခန္ဓာကိုယ်ပင် ဖြစ်လေသည်။ အဘယ်မျှ ကြောက်လန့်ဖွယ် ကောင်းပါသနည်း။ နေ့တစ်နေ့၏ အစတွင် မသေရေ

စွမ်းအားရှင် မာလင်(Merlin)ကို နိုင်သူ

ပထမလူ။ ။ ခင်ဗျားက စွမ်းအားရှင် မာလင်ကို လိုသလို စေခိုင်းနိုင်တယ်ဆိုဗျ။ ဒုတိယလူ။ ။ ဟုတ်တယ်။ ပထမလူ။ ။ အံ့စရာပဲ။ ခင်ဗျားက မာလင်ထက် အစွမ်း ရှိတာပဲ။ ဘယ်လိုများ လုပ်နိုင်တာပါလိမ့်။ ဒုတိယလူ။ ။ အလွယ်ကလေးပါ။ ကျုပ် လိုချင်တာ ကျုပ် သမီး ပြောလိုက်ရုံပဲ။ ပထမလူ။ ။ အင် ဘာဖြစ်လို့။ ဒုတိယလူ။ ။ ကျုပ်က မာလင်ရဲ့ ယောက္ခမလေ။ ပထမလူ။ ။ ဟိုက်။

ခေါင်းတွင် ယားနာပေါက်သော်

ကလေးသူငယ်များတွင် ကျပ်ခဲကြီး ဖြစ်နေအောင် ဂျွတ်အနာများ ပေါက်ကာ ပြည်တစိုစိုဖြင့် မပျောက်နိုင်သော် လွယ်လွန်း၍ တစ်ပတ်ပင် မကြာ။ မဟာဆေးတော်ကြီးမှာ လက်ဖက်ခြောက်(အကြမ်းခြောက်)ကို ဒယ်အိုးဖြင့် ကျွမ်းအောင် လှော်ပါ။ ကျွမ်းက ချပြီး အမှုန့် ဖြစ်အောင် ကြိတ်ပါ။ မှုန့်နေပြီ ဆိုမှ အုန်းဆီဖြင့် ပုလင်းငယ်တွင် ထည့်ဖျော်ပြီး ထိုဂျွတ်ဒက် အနာများပေါ် ဝါဂွမ်းစဖြင့် နှံ့အောင် တို့လိမ်းပေးပါ။ တစ်နေ့ သုံးခါလောက် လိမ်းပေးလျှင် သုံးလေးရက်နှင့် အနာဖေး တက်ကာ ကွာကျ သွားလိမ့်မည်။

လျှာကွဲ နှုတ်ခမ်းကွဲ ပါးစပ်နာ ပျောက်လိုသော်

လျှာကွဲ နှုတ်ခမ်းကွဲ ပါးစပ်နာ ပျောက်လိုက အလွယ်လေးပါ။ မဟာဆေးတော်ကြီးမှာ ဆီးဖြူရွက်ကို ရေနှင့် သုံးခွက် တစ်ခွက်တင် ကျို၍ ရရှိသော အရည်ဖြင့် သေချာစွာ ပလုတ်ကျင်းပါ။ ပျောက်ကင်းရာ လျှာကွဲ နှုတ်ခမ်းကွဲ ပါးစပ်နာ နှင့် ရေစီးကမ်းပြို။

Arr Nay lar lo.

Image
သာယာ စိမ်းစိုနေတဲ့ မြိတ်ဥတု ဘာကောင်လဲ မသိ wechat က ရတာပါ။

နာနတ်သီးပု

Image
ချစ်စရာလေး နာနတ်သီး ငယ်ငယ်ငယ် မြင်ဖူးကြလား။

ဒါတွေ သင်သိဖို့

Jupiter's moon Ganymede, is larger than planet Mercury. ဂျူပီတာလ ဖြစ်တဲ့ ဂနီမိဒ်က မာကျူရီဂြိုဟ်ထက် ပိုကြီးပါတယ်။ Intelligent people have more zinc and copper in their hair. ဉာဏ်ထက်တဲ့ သူတွေရဲ့ ဆံပင်မှာ ကြေးနီနဲ့ သွပ်ဓာတ် ပိုများတယ်။ Flamingos pee on their legs to cool themselves off. အေးမြအောင်လို့ ကြိုးကြာတွေဟာ သူတို့ ခြေထောက်ပေါ်ကို သေးပေါက်ပါတယ်။ Camel's milk, which is widely drunk in Arab countries, has 10 times more iron than cow's milk. အာရပ်နိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် သောက်သုံးတဲ့ ကုလားအုတ်နို့က နွားနို့ထက် ၁၀ ဆ သံဓာတ် ပိုများပါတယ်။ The word "biology" was coined in 1805 by Jean Baptiste Lamarck. ဘိုင်အိုလဂျီဆိုတဲ့ စကားလုံးကို ၁၈၀၅ ဝယ် ဂျီင်း ဘပတိစ် လမာ့က်က စထွင်ခဲ့တယ်။ The first kiss in a movie was between May Irwin and John Rice in "The Widow Jones", in 1896. ပထမဆုံး ရုပ်ရှင်ကားထဲက အနမ်း ၁၈၉၆ က မုဆိုးမဂျုံးစ် ကားမှ မေအားဝင်းနဲ့ ဂျွန်ရိုက်စ်တို့ကြားမှာ ဖြစ်ခဲ့ပါတယ် Karate actually originated in India, but was develop

(ဆန) အဖု အပိမ့် အနာပေါက်သော်

(ဆေးနည်း) နေပူအောက်တွင် ပူအိုက်သော ရာသီဥတုဒဏ်ကို မခံနိုင်၍ ကြံရည်နှင့် ရေခဲရည် သောက်သော ဒဏ်ကြောင့် အပူများ ကန်ထွက်ကာ အဖု အပိမ့် အနာများ ပေါက်လာ၊ ကြားထဲ မိတ်များပါ ထွက်လာ၍ ယားကယား နာကနာ ယားနာကြီး ဖြစ်နေလျှင် အလွယ်လေး။ မဟာဆေးတော်ကြီးမှာ… ပျဉ်းတော်သိမ်မြစ်ကို ဆားနှင့် သွေးပြီး လူးပေးရုံသာ။ တစ်နေ့ နှစ်ကြိမ် လူးပေးရုံဖြင့် အနာနုလျှင် ပိန်၍ ပျောက်ပြီး ရင့်လျှင် ပြည်မှည့်၍ ပျောက်ပါလိမ့်မည်။ ပျဉ်းတော်သိမ်= curry tree

ပြဲလန်ထွက်ကွာ

လင်းလက်ကြယ်ပြောင် တကယ်ညီး လောကကြီး တစ်ခုလုံး လာထိန် ခေါင်သူရိန် လာစုပုံအော လူ့သဘောမနော ရှင်းလျှင် ကုသရှင်နိုင်မယ့် အစား ဒို့အင်အားများစွာ သုံး၍ တတ်ထားလေ့ ရှိတဲ့အတိုင်း မရွေှ့ဆိုင်းဘဲ ယုံရာကိုစေ ဒီလှိုင်းလေ ကိုယ်မကြောက်ဘူး လူသေဖူးတဲ့ သံသရာပဲ ဆူးစူးဆဲ လောကဝဲကိုဆန် စိတ်ပြဲလန်ထွက် အိုအတ္တဘော ချိုငန်သော အဖြစ်ဆန်းဟာ အပြောသာ ချဉ်စပ်ခါးဆိမ့် အနာဖိန့်အလား စက်ဆုပ် ရမ်းကြိတ်တုတ်နေဆဲ ခိုက်တံ့ ဒီလုပ်ဇာတ် အဆုံးသတ်လိုက်ချင်ခြင်း။

Around the garden 80 minutes

Image
အဆိပ်ရှိတဲ့ အပင်။ သေတော့ မသေဘူး။ ပြောကြတာပဲ။ ပန်းပွင့်ဝါတွေပွင့်တတ်တယ်။ ရက်ပေါင်းများစွာ မိုးရွာခဲ့ပြီး ဒီနေ့ကျတော့ နေသာလိုက်တာ ဒီနေ့ နေသာတုန်း နေချိုးလိုက်ဦးမှ မီးမလောင်ဂမုန်း။ ကြီးထွားနှုန်း နှေးကွေးနေလို့ အားမရ။ ကျောက်တုံးနဲ့ အင်္ဂတေပေါ် ပေါက်တဲ့ ရေညှိ မဟုတ်ဘဲ မြေကြီးပေါ် ပေါက်တဲ့ ရေညှိ။ အုတ်တံတိုင်းပေါ်မှာလည်း ရှိ။ အင်း ကွမ်းသီးစားမလား ညှပ်ယူခဲ့။ ဗန်ဂိုးရဲ့ နေကြာပန်းထက် သာသော မြန်မာ့ လက်ရာမြောက် ပန်းတိမ်ငိုပန်း။ ဂေါ်ဂင်ထောင်း ခေါ် အကြောပေါင်းတစ်ထောင်။ ဖျားလို့ ထောင်းသောက်ချင် လာယူလေ။ ဒီနှစ်ပင်ပဲရှိ။ ရှိန်းခိုပင်လေးကလည်း မိုကျိမိုကျိ ကောက်ညှင်းပင်ကြီးနဲ့ မတူသေးဘူး။ ဟူး။ ဘိတ်က ခေါ်တော့ မျောပင် မျောသီး မျောရွက်။ ဆေးဖက်ဝင် ခါးလွန်းလို့။ လေဖြတ်သူများ စားပေးရမယ်။ ရဲယိုပင်ပေါက်လေး။

ကတ္တီပါပင်

Image
ငါတို့ မြိတ်က ဒီအပင်ကို ကတ္တီပါပင်လို့ ခေါ်တယ်။ ကတ္တီပါပင်ကို နောက်တစ်မျိုး ဘယ်လို ခေါ်သေးလဲ။ သိသူများ ရှိရင်ဖြေခဲ့ပါ။ ကချင်ကယား ကရင်ချင်း မွန်မြန်မာ ရခိုင်ရှမ်း ဘာသာနဲ့ ရော ဘယ်လို ခေါ်။ အင်္ဂလိပ်နဲ့ တရုတ် ကိုရီးယား ဂျပန် ဘယ်လို ဘယ်လို။ အနာ မန်းထရင် အရွက် မီးကင်ပြီး အုံရင် ပျောက်တယ် ပြောတာပဲ။ စမ်းကြည့် ရသေးဘူး။ ငါတို့ ကတော့ ပန်းပွင့်လာရင် ဝါဆိုပန်းလိုပဲ ခူးပြီး ဘုရားကို ပူဇော်တာပဲ။ ဖြစ်ပျက် သင်္ခါရ တရားကို အများကြီး ပြပေးတယ်။ ဒီနေ့ ပန်းတင် နောက်နေ့ ကြည့်လိုက်ရင် ညှိုးနွမ်း ခြောက်သွေ့ ရော်နေတာကို မြင်ရတယ်။ နေပူပူ မိုးရွာရွာ ပန်းနဲ့ တကွ အရာရာဟာ ဓမ္မတာ။ ငါတို့ လူသားတွေလည်း အခု ပန်းလို စိမ်းစို လတ်ဆတ်နေပေမယ့် တော်ကြာကျ ခြောက်သွေ့ ညှိုးရော်တဲ့ အချိန်ဆိုတာ ရောက်လာမှာပဲ။ အင်း ပြီးရင်တော့ ပန်းတွေကို စွန့်ပစ်လိုက်သလိုမျိုး… … … … …